နေ့စဥ်သတင်း

မိုးဗြဲတွင် သင်္ကြန်အပြီး စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေ

မဲခေါင် 21 Apr - 2026
မဲခေါင်၊ ဧပြီ ၂၁ ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် သင်္ကြန်အပြီး၌ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာမှုကြောင့် မြို့အနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းအန္တရာယ်များကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ၁၀၀၉ IPDF တပ်ရင်းတာဝန်ရှိသူတစ်ဦးက မိုးဗြဲဘက်တွင် ထိတွေ့မှုများ ရှိနေကြောင်း အတည်ပြုပြောဆိုသည်။ မိုးဗြဲစက်တော်ရာဘက်ခြမ်းတွင် နှစ်ဆန်းတစ်ရက်နေ့မှစ၍ ထိတွေ့မှုများ ရှိလာခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းမှစကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ ပီကင်းလအိ လမ်းပိုင်းမှာ မြေပြင်တိုက်ပွဲတွေ

မဲခေါင်၊ ဧပြီ ၂၁

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် သင်္ကြန်အပြီး၌ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာမှုကြောင့် မြို့အနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းအန္တရာယ်များကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ၁၀၀၉ IPDF တပ်ရင်းတာဝန်ရှိသူတစ်ဦးက မိုးဗြဲဘက်တွင် ထိတွေ့မှုများ ရှိနေကြောင်း အတည်ပြုပြောဆိုသည်။

မိုးဗြဲစက်တော်ရာဘက်ခြမ်းတွင် နှစ်ဆန်းတစ်ရက်နေ့မှစ၍ ထိတွေ့မှုများ ရှိလာခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းမှစကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ ပီကင်းလအိ လမ်းပိုင်းမှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်နီဘက်ရှိ တော်လှန်ရေးတပ်များမှာ လက်ရှိတွင် အင်အားစုစည်းနေဆဲဖြစ်သော်လည်း စစ်ကောင်စီဝါဒဖြန့် လော်ဘီများကမူ တော်လှန်ရေးတပ်ဖွဲ့အားလုံး စုပေါင်းအင်အား ၅,၀၀၀ ခန့်ဖြင့် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ဆောင်းပြောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆိုးနှင့် ဖားဆောင်းနယ်မြေများကို ပြန်လည်ထိုးစစ်ဆင်လာနိုင်သည်ဟု သတင်းလွှင့်မှုများ ရှိနေကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

နှစ်ကူးကာလအတွင်း ရှေ့တန်းတပ်အချို့ကို နောက်တန်းဌာနချုပ်သို့ ပြန်လည်အနားပေးခဲ့သဖြင့် ထိုးစစ်အရှိန် ခေတ္တလျော့နည်းခဲ့သော်လည်း၊ ယခုသင်္ကြန်အပြီးတွင် စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ ထိုးစစ်များ ပြန်လည်စတင်လာသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိထားကြရန် တိုက်တွန်းထားသည်။

#MeKongNews
#မိုးဗြဲ
#စစ်ကြောင်းထိုး
#ရှမ်းကရင်နီနယ်စပ်
#ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now