နေ့စဥ်သတင်း

ထွက်နှုန်းကျသဖြင့် နှင်းရိုက်၍ အဖြူရောင် ပြောင်းသွားသည့် ပင်လောင်းငရုတ်များပင် ဈေးကွက်ဝင်လာ

မဲခေါင် 1 Apr - 2026
မဲခေါင်၊ ဧပြီ ၁ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခုနှစ်အတွင်း နှင်းရိုက်မှုကြောင့် အဖြူရောင် ပြောင်းလဲသွားသော ငရုတ်သီးများကို ပွဲစားများက တစ်ပိဿာ ၃ ထောင်ကျပ်ဖြင့် ဝယ်ယူနေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ ယခင်နှစ်များတွင် နှင်းရည်ထိပြီး အရည်အသွေး ကျဆင်းသွားသော ငရုတ်သီးများကို ဈေးကွက်မှ လက်မခံဘဲ စွန့်ပစ်ရသည့် အခြေအနေများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ထူးခြားစွာ ဝယ်ယူမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ “အရင်နှစ်တွေမှာ ဒီလို အဖြူရောင်ဖြစ်သွားရင် မရောင်းနိုင်ဘူး။ ဒီနှစ်တော့ အဖြူရောင်ဖြစ်လည်း ဈေးသတ်မှတ်ပြီး ဝယ်နေကြတာကြောင့် ပျက်စီးသီးနှံတောင် ဝင်ငွေပြန်ရလာတယ်။ အလေအလွင့် မဖြစ်ရတော့ဘူးပေါ့” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။ ယခုနှစ်တွင်

မဲခေါင်၊ ဧပြီ ၁

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခုနှစ်အတွင်း နှင်းရိုက်မှုကြောင့် အဖြူရောင် ပြောင်းလဲသွားသော ငရုတ်သီးများကို ပွဲစားများက တစ်ပိဿာ ၃ ထောင်ကျပ်ဖြင့် ဝယ်ယူနေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ယခင်နှစ်များတွင် နှင်းရည်ထိပြီး အရည်အသွေး ကျဆင်းသွားသော ငရုတ်သီးများကို ဈေးကွက်မှ လက်မခံဘဲ စွန့်ပစ်ရသည့် အခြေအနေများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ထူးခြားစွာ ဝယ်ယူမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“အရင်နှစ်တွေမှာ ဒီလို အဖြူရောင်ဖြစ်သွားရင် မရောင်းနိုင်ဘူး။ ဒီနှစ်တော့ အဖြူရောင်ဖြစ်လည်း ဈေးသတ်မှတ်ပြီး ဝယ်နေကြတာကြောင့် ပျက်စီးသီးနှံတောင် ဝင်ငွေပြန်ရလာတယ်။ အလေအလွင့် မဖြစ်ရတော့ဘူးပေါ့” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုနှစ်တွင် ငရုတ်သီးထွက်နှုန်း လျော့နည်းခြင်းနှင့် ဈေးကွက်လိုအပ်ချက် မြင့်တက်လာခြင်းတို့ကြောင့် အရည်အသွေးနိမ့် သီးနှံများပါ ဝယ်ယူမှုရှိလာခြင်း ဖြစ်ကြောင်း ငရုတ်ကုန်သည်များက ပြောသည်။

“ဒီနှစ်မှာ ငရုတ်သီးထွက်နှုန်း လျော့နည်းလာပြီး ဈေးကွက်လိုအပ်ချက်လည်း တက်လာတာကြောင့် အရည်အသွေး နည်းနည်းကျသွားတဲ့ သီးနှံတွေပါ ဝယ်ယူလာတာပါ။ အဖြူရောင်ဖြစ်သွားတဲ့ ငရုတ်သီးတွေလည်း အရောင်တော့ မလှပေမယ့် အပူအရှိန်အရသာ မလျော့တာကြောင့် စက်မှုလုပ်ငန်းတွေမှာ သုံးလို့ရပါတယ်၊ ပြီးရင် ခြောက်ပြီး ငရုတ်သီးမှုန့် လုပ်နိုင်တယ်။ တောင်သူတွေဘက်ကလည်း အရင်လို မစွန့်ပစ်တော့ဘဲ ဝင်ငွေတစ်စိတ်တစ်ပိုင်း ပြန်ရလာတာက ကောင်းတဲ့ အရာတစ်ခုပါ” ဟု အောင်ပန်းရှိ ငရုတ်ပွဲစားတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုကဲ့သို့ ပျက်စီးသီးနှံများပါ ဈေးကွက်ဝင်လာနိုင်ခြင်းသည် ဒေသခံတောင်သူများအတွက် ဝင်ငွေ အခွင့်အလမ်းတစ်ရပ်အဖြစ် အကျိုးရှိလာခဲ့ကြောင်း သိရသည်။

သို့ရာတွင် ရာသီဥတု ပြောင်းလဲလာမှုကြောင့် နှင်းရိုက်ပြီး သီးနှံပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော ထိခိုက်မှုများ လျော့နည်းစေရန် စိုက်ပျိုးနည်းလမ်းများကို အထောက်အကူပြုစေမည် သင်တန်းများ၊ ပညာပေးအစီစဉ်များ လိုအပ်ကြောင်းလည်း တောင်သူများက ထောက်ပြကြသည်။

လက်ရှိတွင် အရည်အသွေးကောင်းသော အနီရောင် ငရုတ်သီးများမှာ တစ်ပိဿာ ၁၅၀၀၀ မှ ၁၈၀၀၀ အထိ ရရှိကြောင်း အောင်ပန်း ကုန်စည်ရောင်းဝယ်သူများထံမှ သိရသည်။

#MeKongNews
#ထွက်နှုန်းကျ
#နှင်းရိုက်
#ပင်လောင်းငရုတ်
#ဈေးကွက်ဝင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now