နေ့စဥ်သတင်း

၁၀ ရက်ကျော် ကြာလာသည့် တာချီလိတ် စက်သုံးဆီအကျပ်အတည်း ထိုင်းဘတ် ၁၀ ကျော်အထိ ဈေးခုန်တက်

မဲခေါင် 14 Mar - 2026
မဲခေါင်၊ မတ် ၁၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းများသည် မတ်လ ၂ ရက်မှစ၍ လက်ရှိတွင် တစ်လီတာလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ်ကျော်အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ပြီးခဲ့သည့် မတ် ၂ ရက်က တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၅ ဘတ် (၃၁၅၀ ကျပ်)၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၂၆ ဘတ် (၃၂၇၆ ကျပ်) နှင့် ဒီဇယ်တစ်လီတာလျှင် ၂၆ ဘတ် (၃၂၇၆ ကျပ်) သာ ရှိခဲ့သော်လည်း၊ ယမန်နေ့ မတ်

မဲခေါင်၊ မတ် ၁၄

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းများသည် မတ်လ ၂ ရက်မှစ၍ လက်ရှိတွင် တစ်လီတာလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ်ကျော်အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် မတ် ၂ ရက်က တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၅ ဘတ် (၃၁၅၀ ကျပ်)၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၂၆ ဘတ် (၃၂၇၆ ကျပ်) နှင့် ဒီဇယ်တစ်လီတာလျှင် ၂၆ ဘတ် (၃၂၇၆ ကျပ်) သာ ရှိခဲ့သော်လည်း၊ ယမန်နေ့ မတ် ၁၃ ရက်မှစ၍ ဓာတ်ဆီ 92 တစ်လီတာလျှင် ၃၈ ဘတ်၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၃၉ ဘတ်နှင့် ဒီဇယ်တစ်လီတာလျှင် ၄၅ ဘတ်အထိ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ယင်းသို့ ဈေးနှုန်း ပြောင်းလဲမှုကြောင့် ပြည်မပိုင်းရှိ ရည်ညွှန်းဈေးနှုန်းများအရလည်း ဓာတ်ဆီတစ်လီတာ ၃၀၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၆၀၀ ကျပ်ခန့် မြင့်တက်လာခဲ့သည်။

“ဆီဆိုင်က လိုသလောက်မရဘူး။ ပြီးတော့ ဆီတန်းစီဖို့လည်း အချိန်မပေးနိုင်တော့ အပြင်ဆိုင်တွေကပဲ ဝယ်ထည့်ရတယ်။ အပြင်မှာတော့ တစ်လီတာကို ဘတ် ၁၀၀ (မြန်မာငွေ ၁၂၀၀၀ ကျပ်ကျော်) အထိ ပေးဝယ်နေရတယ်” ဟု တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

တာချီလိတ်ဘက်မှ လာသည့် ထိုင်းစက်သုံးဆီကိုသာ အဓိကအားထားနေရသည့် မိုင်းဆတ်၊ ကျိုင်းတုံနှင့် မိုင်းတုံမြို့များတွင်လည်း ယနေ့တွင် ဆီတစ်လီတာလျှင် ပျမ်းမျှတစ်ဆကျော်စီ မြင့်တက်လာကြောင်း သိရသည်။

တာချီလိတ်တွင် ယခင်က တစ်လီတာလျှင် ၃၅၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုအခါ ၈၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

ထိုင်းနိုင်ငံမှ မြန်မာနှင့် လာအိုနိုင်ငံများသို့ စက်သုံးဆီ ရောင်းချပေးနေသည်ဆိုသော်လည်း လိုသလောက်မရဘဲ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေခြင်းမှာ ဆီအလုံအလောက် မရရှိသည့် လက္ခဏာဖြစ်သည်ဟု ရှမ်းပြည်အရှေ့ပိုင်း ဒေသခံများက သုံးသပ်နေကြသည်။

စစ်ကောင်စီကမူ မြန်မာနိုင်ငံတွင် ရက် ၄၀ စာ ဆီအလုံအလောက်ရှိနေပြီး ဆီတင်သင်္ဘောများ ဆက်တိုက် ဝင်ရောက်နေသည်ဟု ဆိုနေသော်လည်း မြေပြင်တွင် ဆီဈေးများ မြင့်တက်နေမှုအပေါ် ပြည်သူများက ဝေဖန်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီက စက်သုံးဆီလျှော့ချရေး ခေါင်းစဉ်ဖြင့် ယာဉ်နံပါတ် စုံ/မ ခွဲခြား၍ ဆီဖြည့်ခိုင်းခြင်း၊ QR Code စနစ်ဖြင့်သာ ရောင်းချခြင်းများ ပြုလုပ်နေမှုကြောင့် အခြေခံလူတန်းစားများအတွက် ပိုမိုကျပ်တည်းစေသည်ဟု လူထုက ပြစ်တင်ရှုတ်ချနေကြသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်း စစ်ပွဲများကြောင့် ရေနံအကျပ်အတည်း ဖြစ်ပေါ်နေပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း ဆက်တိုက် မြင့်တက်နေဆဲ ဖြစ်သည်။

#MeKongNews
#တာချီလိတ်
#စက်သုံးဆီအကျပ်အတည်း
#ထိုင်းဘတ်
#ဈေးခုန်တက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now