နေ့စဥ်သတင်း

စက်သုံးဆီ ဘားကုတ် (Barcode) စနစ် (သို့မဟုတ်) အခြေခံလူတန်းစားတို့၏ ထမင်းအိုးကို ရိုက်ခွဲခြင်း

မဲခေါင် 12 Mar - 2026
အယ်ဒီတာ့အာဘော် စစ်ကောင်စီ၏ စက်သုံးဆီကြီးကြပ်စစ်ဆေးရေးကော်မတီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့ကြီးများတွင် စက်သုံးဆီဝယ်ယူမှုကို App နှင့် Barcode စနစ်ဖြင့် ကန့်သတ်ရန် မတ်လ ၁၂ ရက်မှစတင်၍ စမ်းသပ်လုပ်ဆောင်နေပြီဖြစ်သည်။ တစ်ရက်လျှင် တစ်ကြိမ်ထက်ပို၍ မဝယ်နိုင်စေရန် တားမြစ်ခြင်းသည် စက်သုံးဆီ ပြတ်လပ်မှုကို ဖြေရှင်းရန် ကြိုးပမ်းခြင်းဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဤစနစ်သည် အခြေခံလူတန်းစားများကို အကျပ်အတည်းတွင်းသို့ ပိုမိုတွန်းပို့လိုက်ခြင်းပင် ဖြစ်သည်။ ဤစနစ်၏ အကြီးမားဆုံးသော အားနည်းချက်နှင့် ဘေးထွက်ဆိုးကျိုးမှာ “ဝှီးတက် (Wheel Tax)” သို့မဟုတ် “ယာဉ်လိုင်စင်” ရှိမှသာ ဆီဝယ်ယူခွင့်ရမည်ဆိုသည့် အချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ တောင်ကြီးကဲ့သို့သော မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ

အယ်ဒီတာ့အာဘော်

စစ်ကောင်စီ၏ စက်သုံးဆီကြီးကြပ်စစ်ဆေးရေးကော်မတီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့ကြီးများတွင် စက်သုံးဆီဝယ်ယူမှုကို App နှင့် Barcode စနစ်ဖြင့် ကန့်သတ်ရန် မတ်လ ၁၂ ရက်မှစတင်၍ စမ်းသပ်လုပ်ဆောင်နေပြီဖြစ်သည်။ တစ်ရက်လျှင် တစ်ကြိမ်ထက်ပို၍ မဝယ်နိုင်စေရန် တားမြစ်ခြင်းသည် စက်သုံးဆီ ပြတ်လပ်မှုကို ဖြေရှင်းရန် ကြိုးပမ်းခြင်းဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဤစနစ်သည် အခြေခံလူတန်းစားများကို အကျပ်အတည်းတွင်းသို့ ပိုမိုတွန်းပို့လိုက်ခြင်းပင် ဖြစ်သည်။

ဤစနစ်၏ အကြီးမားဆုံးသော အားနည်းချက်နှင့် ဘေးထွက်ဆိုးကျိုးမှာ “ဝှီးတက် (Wheel Tax)” သို့မဟုတ် “ယာဉ်လိုင်စင်” ရှိမှသာ ဆီဝယ်ယူခွင့်ရမည်ဆိုသည့် အချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ တောင်ကြီးကဲ့သို့သော မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစား အများစုမှာ လိုင်စင်ရှိသော ဆိုင်ကယ်များကို ဈေးကြီးပေး၍ မဝယ်ယူနိုင်ကြပေ။ ဝမ်းရေးအတွက် လိုင်စင်မဲ့ ဆိုင်ကယ်များကိုသာ အားကိုး၍ အလုပ်လုပ်နေရသူများ ဖြစ်သည်။

ယခုစနစ်အရ လိုင်စင်မဲ့ယာဉ် စီးနင်းသူများသည် စက်သုံးဆီ အရောင်းဆိုင်များတွင် တရားဝင်ဝယ်ယူခွင့် ဆုံးရှုံးသွားတော့မည် ဖြစ်သည်။ ထိုအခါ သူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ “ပြင်ပမှောင်ခိုဈေးကွက်” သာ ဖြစ်လာမည်။ လက်ရှိတွင်ပင် မှောင်ခိုဆိုင်များ၌ စက်သုံးဆီဈေးသည် တရားဝင်ဆိုင်ထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေပြီးဖြစ်ရာ ယခုကဲ့သို့ ကန့်သတ်ချက်များကြောင့် မှောင်ခိုဈေးသည် ယခုထက် နှစ်ဆ၊ သုံးဆ ပိုမိုခုန်တက်သွားရန်သာ ရှိသည်။

အကျိုးဆက်အနေဖြင့် ဆိုင်ကယ်ဖြင့် ကုန်စည်ပို့ဆောင်သူများ၊ အငှားယာဉ်မောင်းသူများ၊ နေ့စားအလုပ်သမားများ၏ သွားလာစရိတ်သည် မတရား မြင့်တက်လာမည်ဖြစ်သည်။ ဤသည်မှာ လူနည်းစုသော လူချမ်းသာများအတွက် ပြဿနာမဟုတ်သော်လည်း နေ့စဉ်ဝင်ငွေပေါ်တွင်သာ ရပ်တည်နေရသည့် အခြေခံလူတန်းစားများအတွက်မူ ထမင်းအိုးကို ရိုက်ခွဲလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် စက်သုံးဆီ ပြတ်လပ်မှုနှင့် ခိုးထုတ်မှုများကို တားဆီးချင်သည်ဆိုပါက ဆီတင်သွင်းမှုနှင့် ဖြန့်ဖြူးမှုအပိုင်း၌ရှိသော အကျင့်ပျက်ခြစားမှုများကိုသာ အဓိက ကိုင်တွယ်သင့်သည်။

ယခုကဲ့သို့ နည်းပညာကို အသုံးချကာ သာမန်ပြည်သူများ၏ လိုအပ်ချက်ကို ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပြဿနာကို ဖြေရှင်းခြင်းမဟုတ်ဘဲ “မှောင်ခိုဈေးကွက်” ကို အားပေးအားမြှောက်ပြုကာ ပြည်သူကို ပိုမိုဆင်းရဲတွင်းနက်စေခြင်းသာ ဖြစ်သည်။

နည်းပညာဆိုသည်မှာ ပြည်သူ့ဘဝ သက်သာချောင်ချိရေးအတွက်သာ ဖြစ်သင့်ပြီး ပြည်သူကို ဒုက္ခပေးရန် မဖြစ်သင့်ပေ။

အကယ်၍ စစ်ကောင်စီအနေဖြင့် ဤစနစ်ကို ဇွတ်အတင်း ဆက်လက်ကျင့်သုံးနေပါက မြို့ပြနေ အခြေခံလူတန်းစားများ၏ မကျေနပ်မှုနှင့် အကျပ်အတည်းသည် ပိုမိုဆိုးရွာမည်ဖြစ်ပေသည်။

#MeKongNews
#စက်သုံးဆီ
#အယ်ဒီတာ့အာဘော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now