နေ့စဥ်သတင်း

နေရပ်ပြန်လာသော စစ်ရှောင် ပင်လောင်းဒေသခံများထံမှ တစ်အိမ်လျှင် ကျပ် ၅ သိန်း PNO ကောက်ခံနေ

မဲခေါင် 8 Mar - 2026
မဲခေါင်၊ မတ် ၈ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာသည့် ဒေသခံများထံမှ ပအိုဝ်းပြည်သူ့စစ် – PNO အဖွဲ့က ငွေ ကြေးကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။ ဒေသတွင်းတွင် ယခင်က စစ်ရေးတင်းမာမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နန်းတုတ်ကျေးရွာသားများသည် နီးစပ်ရာ ကျေးရွာများနှင့် နောင်တရားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အခြေအနေ အနည်းငယ် တည်ငြိမ်လာပြီးနောက် အချို့အိမ်ထောင်စုများသည် အုပ်စုလိုက် နေရပ်သို့ ပြန်လည်ဝင်ရောက်လာနေကြောင်း သိရသည်။ သို့သော် နေရပ်ပြန်လာသော အိမ်ထောင်စုများအား တစ်အိမ်လျှင် ကျပ် ၅ သိန်းပေးရန် PNO က တောင်းခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရွာသားတွေ နေရပ်ပြန်လာရင် တစ်အိမ်ကို

မဲခေါင်၊ မတ် ၈

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာသည့် ဒေသခံများထံမှ ပအိုဝ်းပြည်သူ့စစ် – PNO အဖွဲ့က ငွေ ကြေးကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ဒေသတွင်းတွင် ယခင်က စစ်ရေးတင်းမာမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နန်းတုတ်ကျေးရွာသားများသည် နီးစပ်ရာ ကျေးရွာများနှင့် နောင်တရားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အခြေအနေ အနည်းငယ် တည်ငြိမ်လာပြီးနောက် အချို့အိမ်ထောင်စုများသည် အုပ်စုလိုက် နေရပ်သို့ ပြန်လည်ဝင်ရောက်လာနေကြောင်း သိရသည်။

သို့သော် နေရပ်ပြန်လာသော အိမ်ထောင်စုများအား တစ်အိမ်လျှင် ကျပ် ၅ သိန်းပေးရန် PNO က တောင်းခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာသားတွေ နေရပ်ပြန်လာရင် တစ်အိမ်ကို ငွေ ၅ သိန်းပေးရမယ်လို့ ပြောထားတယ်။ မပေးရင် ရွာထဲ ပြန်နေခွင့် မရနိုင်ဘူးလို့လည်း ပြောတယ်။ အလုပ်အကိုင်တွေ မပြန်စနိုင်သေးဘူး။ အခုလို ငွေတောင်းတော့ ပိုပြီး ခက်ခဲနေတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ဘေးရှောင် ကာလအတွင်း လယ်ယာလုပ်ငန်းများ ရပ်နားထားရခြင်း၊ ဝင်ငွေရင်းမြစ်များ မရှိတော့ခြင်းနှင့် နေအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများကြောင့် အများစုမှာ စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုအခြေအနေတွင် နေရပ်ပြန်လာချိန်၌ တစ်အိမ်လျှင် ကျပ် ၅ သိန်းပေးဆောင်ရန် တောင်းခံခြင်းကြောင့် ဒေသခံများအတွက် ပိုခက်ခဲလာကြောင်း ဆိုသည်။

“စစ်ရှောင်နေရတဲ့ အချိန်မှာ ဝင်ငွေမရှိဘူး၊ အခုရွာပြန်လာတော့ အိမ်ပြင်ရ၊ လယ်ပြန်လုပ်ဖို့ ပြန်ရင်းနှီးရတာတွေရှိတယ်။ ဒီအချိန်မှာ ၅ သိန်းပေးရမယ်ဆိုတော့ တော်တော်ခက်ခဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အချို့ဒေသခံများမှာ ငွေကြေး မပေးနိုင်သေးသဖြင့် နေရပ်သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်းနှင့် အချို့မှာလည်း အကြွေးယူကာ ပေးဆောင်ရသည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း ပြောသည်။

ထို့ပြင် ပင်လောင်းနှင့် ပအိုဝ်းဒေသအချို့တွင် PNO နှင့် စစ်ကောင်စီ ပူးပေါင်းတပ်များက ဒေသခံများထံမှ ငွေကြေးကောက်ခံခြင်း၊ စစ်သားအတင်း အဓမ္မစုဆောင်းခြင်း၊ စစ်တပ်အတွက် အစားအသောက် ပံ့ပိုးရန် ဖိအားပေးခြင်းများလည်း ပြုလုပ်နေကြောင်းဒေသတွင်း သတင်းရင်းမြစ်‌များက‌ ပြောသည်။

#MeKongNews
#စစ်ရှောင်
#ပင်လောင်း
#နန်းတုတ်
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now