မဲခေါင်၊ မတ် ၅
အမေရိကန်စစ်ရေးဌာနက မတ် ၄ ရက်၌ အီရန်စစ်သင်္ဘောတစ်စီးကို ရေငုပ်သင်္ဘောမှတော်ပီဒိုဖြင့် ပစ် ခတ်ဖောက်ခွဲ နှစ်မြှုပ်သည့် ရုပ်သံအား ထုတ်ပြန်သွားခဲ့ပြီး သီရိလင်္ကာတောင်ပိုင်းနှင့်၂၅ မိုင် အ ကွာ အိန္ဒိယသမုဒ္ဒရာအတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသွားခဲ့သည်။
ရုပ်သံတွင် အီရန်စစ်သင်္ဘောကြီးသည် ရေငုပ်သင်္ဘောမှ ပစ်သည့် ပြင်းထန်သော ရေများနှင့်အတူ လေပေါ်မြောက်တက် လွင့်စင်သွားသည်ကို တွေ့ရှိရကာ သ င်္ဘောပေါ်တွင် လိုက်ပါသည့် အီရန်သင်္ဘောသား ၈၀ ကျော်လည်း သေဆုံးခဲ့သည်ဟု သိရသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ(တ်) ဟက်ဂ်ဆက် က အီရန်စစ်သင်္ဘောသည် နိုင်ငံတကာရေပိုင် နက် အိန္ဒိယသမုဒ္ဒရာအတွင်း လာရောက် ရပ်နားထားနိုင်မည်ဟု ထင်မြင်နေခဲ့ကြောင်း၊ ယခုတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရေ ငုပ်သင်္ဘောမှ ရန်သူသင်္ဘောကို ပထမဆုံးအကြိမ် ပစ်ခတ်နှစ်မြှုပ်မှုနှင့် ကြုံသွားခဲ့ရပြီ ဖြစ်ကြောင်း၊ စစ်ပွဲအတွင်းမှာဆိုလျှင် အမြဲ အနိုင်တိုက်ရမည်ဟု ပြောဆိုခဲ့သည်။
ယင်းအီရန်စစ်သင်္ဘောသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ဒေသမှ အီရန်သို့ပြန်ရန် ဦးတည်ခုတ်မောင်းလာစဉ် အိန္ဒိယသမုဒ္ဒရာအတွင်း အမေရိကန်ရေငုပ် သ င်္ဘော လက်ချက်မိသွားခြင်းဖြစ်သည်။
ယင်းသင်္ဘော နစ်မြုပ်မှုအား သီရိလင်္ကာရေတပ်က သွားရောက်ကယ်ဆယ်ရာ သတင်းများအရ သင်္ဘောပေါ်တွင် အီရန်စစ်သား ၁၄၀ ကျော် လိုက်ပါလာခဲ့ကြောင်း၊ ၃၂ ယောက်ကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး အလောင်း ၈၇ လောင်း ရရှိကာ ၆၁ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သီရိလင်္ကာဘက်မှ ထုတ်ပြန်သွားသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်စစ်သင်္ဘော
#အမေရိကန်
#တော်ပီဒို
#ဖောက်ခွဲ








