နေ့စဥ်သတင်း

တောင်ကြီးတွင် ကုန်ပြတ်လပ်နိုင်ခြေ စိုးရိမ်မှုကြောင့် ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်

မဲခေါင် 5 Mar - 2026
မဲခေါင်၊ မတ် ၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ဒေသခံများက ဝယ်ယူစုဆောင်းမှုများ ပြုလုပ်နေကြသဖြင့် ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။ မြို့အတွင်း ဈေးကွက်များတွင် ဆန်၊ ဆီ၊ အခြေခံ စား သောက်ကုန်များအပြင် ဆေးဝါးအချို့ပါ ရှားပါးလာနေကြောင်း ပြောကြားမှုများရှိပြီး လက်လီဈေးနှုန်းများလည်း တစ်ရက်ထက်တစ်ရက် ပြောင်းလဲမြင့်တက်နေသည်ဟု ကုန်သည်များက ဆိုသည်။ “နယ်စပ်ဘက်က ပစ္စည်းဝင်တာ မသေချာတော့ လူတွေက ကြိုတင်ဝယ်ထားကြတာ များလာတယ်။ အဲဒီလို ဝယ်ယူ စုဆောင်းမှုများလာတော့ ဈေးက ပိုတက်သွားတယ်”ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း

မဲခေါင်၊ မတ် ၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ဒေသခံများက ဝယ်ယူစုဆောင်းမှုများ ပြုလုပ်နေကြသဖြင့် ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။

မြို့အတွင်း ဈေးကွက်များတွင် ဆန်၊ ဆီ၊ အခြေခံ စား သောက်ကုန်များအပြင် ဆေးဝါးအချို့ပါ ရှားပါးလာနေကြောင်း ပြောကြားမှုများရှိပြီး လက်လီဈေးနှုန်းများလည်း တစ်ရက်ထက်တစ်ရက် ပြောင်းလဲမြင့်တက်နေသည်ဟု ကုန်သည်များက ဆိုသည်။

“နယ်စပ်ဘက်က ပစ္စည်းဝင်တာ မသေချာတော့ လူတွေက ကြိုတင်ဝယ်ထားကြတာ များလာတယ်။ အဲဒီလို ဝယ်ယူ စုဆောင်းမှုများလာတော့ ဈေးက ပိုတက်သွားတယ်”ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ကုန်စည်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊ ကန့်သတ်ခြင်းများ ပြုလုပ်နေကြောင်း သိရပြီး ယင်းအခြေအနေကြောင့် ကုန်သည်များအနေဖြင့် ပစ္စည်းအသစ်များ ထပ်မံတင်သွင်းရန် ခက်ခဲနေကြသည်။

လက်ရှိ ဈေးကွက်အတွင်းရှိ ပစ္စည်းလက်ကျန်များလည်း လျော့နည်းလာနေကြောင်း သိရသည်။

“လမ်းကြောင်းတွေမှာ စစ်ဆေးမှုတင်းကျပ်လာတော့ ကုန်သည်တွေက အန္တရာယ်ရှိလို့ မတင်ရဲတော့ဘူး။ အထဲမှာတော့ ဆေးတွေနဲ့ စားသောက်ကုန်တွေ ပြတ်လပ်မယ့် အခြေအနေကို စိုးရိမ်နေရတယ်” ဟု ၄င်းက ဆက်ပြောသည်။

ကုန်စည်ပြတ်လပ်နိုင်ခြေ၊ လမ်းကြောင်း ကန့်သတ်မှုများနှင့် ဝယ်ယူစုဆောင်းမှုများ တပြိုင်နက် ဖြစ်ပေါ်လာမှုကြောင့် တောင်ကြီးမြို့ရှိ ဈေးကွက်အခြေအနေမှာ မတည်ငြိမ်သေးဘဲ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။

#MeKongNews
#တောင်ကြီး
#ကုန်ပြတ်လပ်
#စိုးရိမ်မှု
#ကုန်ဈေးနှုန်း
#မြင့်တက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now