နေ့စဥ်သတင်း

ရှေ့တန်း ၂၂ ရက်သွားရမည်ဟု PNO ခေါ်သွားသည့် ရွာသားတစ်ဦး ၂ နှစ်ကျော်သည်အထိ ပြန်မရောက်လာ

မဲခေါင် 28 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၈ ပအိုးဝ်ဒေသတွင် ရှေ့တန်း ၂၂ ရက်သွားရမည်ဟု စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ခေါ်သွားသည့် ရွာသားတစ်ဦး ၂ နှစ်ကျော်ကြာသည်အထိ ကျေးရွာသို့ ပြန်မရောက်လာဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောရရွာမှ ခွန်ထွက်လေး ဆိုသူသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် PNO က မသွားမနေရ ခေါ်သဖြင့် ရှေ့တန်းသို့ အလှည့်ကျသွားခဲ့ရရာ အတူသွားသည့်တစ်ဦးက တစ်လကျော်အကြာတွင် ကျေးရွာသို့ ပြန်လည် ရောက်ရှိသော်လည်းမှာ ၎င်းမှာ ယနေ့အချိန်ထိ မည်သည့်သတင်းမှ မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “PNO က မဖြစ်မနေ

မဲခေါင်၊ ဇန်နဝါရီ ၂၈

ပအိုးဝ်ဒေသတွင် ရှေ့တန်း ၂၂ ရက်သွားရမည်ဟု စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ခေါ်သွားသည့် ရွာသားတစ်ဦး ၂ နှစ်ကျော်ကြာသည်အထိ ကျေးရွာသို့ ပြန်မရောက်လာဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောရရွာမှ ခွန်ထွက်လေး ဆိုသူသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် PNO က မသွားမနေရ ခေါ်သဖြင့် ရှေ့တန်းသို့ အလှည့်ကျသွားခဲ့ရရာ အတူသွားသည့်တစ်ဦးက တစ်လကျော်အကြာတွင် ကျေးရွာသို့ ပြန်လည် ရောက်ရှိသော်လည်းမှာ ၎င်းမှာ ယနေ့အချိန်ထိ မည်သည့်သတင်းမှ မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“PNO က မဖြစ်မနေ သွားရမယ်ဆိုပြီး ခေါ်လို့ သူတို့က ဘာစစ်သင်တန်းမှ မတက်ရပဲနဲ့ အလှည့်ကျ သွားရတာ။ PNO တွေပြောတုန်းက ၂၂ ရက်လို့ ပြောတာ ကျန်တဲ့သူတွေ ပြန်ရောက်ပေမယ့် သူက ခုထိပျောက်သွားတယ်။ သေလား ရှင်လားလည်းမသိရဘူး၊ သူ့မိသားစုက PNO လူကြီးဆီ သွားမေးလည်း အတွေ့မခံဘူး။ သူတို့ပဲ ပြန်သတ်လိုက်တာလား၊ ရှေ့တန်းမှာ သေသွားတာလား တိကျတဲ့အဖြေမသိရဘူး”ဟု ခွန်ထွက်လေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ ၂နှစ်ကျော်ကြာသည့်အထိ ခွန်ထွက်လေး ပျောက်ဆုံးနေသဖြင့် သေဆုံးသွားပြီဟု ယူဆကာ မိသားစုဝင်များနှင့် ဒေသခံများက သက်ပျောက်ဆွမ်းကပ်ကာ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

“သူ့မိန်းမနဲ့ ကလေး ၂ ယောက်ကျန်ခဲ့တယ်။ ၂ နှစ်ကျော်ကြာပြီ အစအနမရတော့ သေပြီလို့ သတ်မှတ်ပြီး ပွဲလုပ်ပေးလိုက်ပြီ။ အခုဆို သူ့မိန်းမလည်း တယောက်တည်း ရုန်းကန်ရတာ ခက်ခဲတော့ နောက်အိမ်ထောင် ပြုလိုက်ပြီ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသတွင် အသက် ၄၅ နှစ်အောက် အမျိုးသားမှန်သမျှကို အလှည့်ကျ ရှေ့တန်းပို့သည့် စနစ်ဖြင့် စစ်တိုက်နေသဖြင့် ကျေးရွာများတွင် သေဆုံး၊ ပျောက်ဆုံးသူ များပြားလာနေသည်။

ထို့သို့ ဒေသခံများအား လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်တိုက်ရာတွင် တိုက်ပွဲအတွင်း ကျဆုံးသူများကို PNO က မိသားစုဝင်များအား အကြောင်းကြားခြင်း၊ နာရေးပြုလုပ်ပေးခြင်း မရှိဘဲ ဗိုလ်ကြီးအထက် အဆင့်မှသာ နာရေးပွဲ လုပ်ခွင့်ပေးသဖြင့် သတင်းအစအနမရပဲ သေဆုံးခဲ့ရသူလည်း အများအပြားရှိနေသည်။

#MeKongNews
#ရှေ့တန်း
#PNO
#ရွာသား
#ပြန်မရောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now