နေ့စဥ်သတင်း

လားရှိုးတွင် သိုလှောင်ကုန်များကို အိမ်ထဲအထိ စစ်ကောင်စီ ဝင်ဖမ်းပြီး အမှုကြီးအောင် လုပ်နေ

မဲခေါင် 10 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၀ ရှမ်းပြည်မြောက်ပိုင်း ၊စစ်ကောင်စီ ထိန်းချုပ် လားရှိုးမြို့တွင်၊ နေအိမ်အတွင်း သိုလှောင် သိမ်းဆည်း ထားသည့် ပစ္စည်းများကိုပါ ဝင်ရောက် ဖမ်းဆီးနေပြီး သွင်းကုန်နှင့် ငွေကြေးခဝါချမှု ဥပဒေဖြင့်ပါ အရေးယူရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် သိုလှောင်ထားသော တရုတ်ထုတ် ဗကပ လည် တို ဖိနပ်များနှင့် မိုးကာများကို စစ်ကောင်စီ အာဏာပိုင်အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်း ရင်း မြစ်များထံမှ သိရသည်။ ယင်းအမှုကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ – ၈ အပြင် ငွေကြေး ခဝါချမှုဖြင့်ပါ အရေးယူရန်

မဲခေါင်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်မြောက်ပိုင်း ၊စစ်ကောင်စီ ထိန်းချုပ် လားရှိုးမြို့တွင်၊ နေအိမ်အတွင်း သိုလှောင် သိမ်းဆည်း ထားသည့် ပစ္စည်းများကိုပါ ဝင်ရောက် ဖမ်းဆီးနေပြီး သွင်းကုန်နှင့် ငွေကြေးခဝါချမှု ဥပဒေဖြင့်ပါ အရေးယူရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် သိုလှောင်ထားသော တရုတ်ထုတ် ဗကပ လည် တို ဖိနပ်များနှင့် မိုးကာများကို စစ်ကောင်စီ အာဏာပိုင်အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်း ရင်း မြစ်များထံမှ သိရသည်။

ယင်းအမှုကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ – ၈ အပြင် ငွေကြေး ခဝါချမှုဖြင့်ပါ အရေးယူရန် ဇန်နဝါရီ ၆ ရက်တွင် စတင် စိစစ်နေကြောင်း သိရသည်။

ယင်းမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက် – ၅ နေ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး အိမ်အတွင်း သိုလှောင်ထားသည့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၆၃၀ တန်ကြေးရှိ ကုန်ပစ္စည်းများအား နေအိမ်ထဲအထိ ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့သည့်အမှု ဖြစ်သည်။

“အောက်ဘက်လည်း သယ်လို့မရတော့ ဒီမှာပဲ သိုလှောင် ရောင်းကြတာပေါ့၊ အခုက အိမ်တွေထဲ အထိ ဝင်ဖမ်းနေတာ ဖြစ်လို့ ကုန်သည်တွေလည်း မထားရဲကြဘူး ဖြစ်နေကြတယ်။ အခုက ပို့သွင်းပုဒ်မအပြင် ငွေခဝါချမှုပါ အမှုကြီးလာပြီ၊ လားရှိုး ကျော်သွားမှ ဖမ်းတာ မဟုတ်တော့ဘူး။ အိမ်ထဲအထိ ဝင်ဖမ်းလာပြီ”ဟု ရပ်ကွက် – ၅ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

အကယ်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ စွဲချက်တင်ခဲ့ရပါက ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းခံရမည့် အရေးနှင့် လုပ်ငန်းရှင်များ ရင်ဆိုင်နေကြရသည်။

လက်ရှိတွင် စစ်ကောင်စီက တရုတ်ဘက်မှ အကောက်ခွန်မဲ့ တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်သည့် ကားများကို နမ့်လန်နှင့် သီပေါ၊ ကျင်သီတံတား၌ ဖမ်းဆီးထားရာ ယာဥ်ငယ်များ အပါအဝင် စီးရေ ၁၀၀ ခန့် ရှိနေကြောင်း သီပေါ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

#MeKongNews
#လားရှိုး
#သိုလှောင်ကုန်
#စစ်ကောင်စီ
#ဝင်ဖမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now