နေ့စဥ်သတင်း

ကက္ကူလမ်းခွဲ၌ ကုန်ကားနှင့် ဆိုင်ကယ်တိုက်မှု တစ်ဦးသေဆုံး

မဲခေါင် 5 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကက္ကူလမ်းခွဲတွင် ၆ ဘီးကုန်ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးကာ နောက်မှစီးသူ တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် လမ်းကွေ့လည်း ဖြစ်သောကြောင့် ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ “ကျွန်တော်တို့ ရောက်လာတော့ ဆိုင်ကယ်မောင်းသူက အသက် မရှိတော့ပါဘူး။ အဲဒီ လမ်းပေါ်မှာ ကား၊ ဆိုင်ကယ် မတော်တဆ ခဏခဏ ဖြစ်တယ်။ တောင်မရှည်ပေမယ့် ရုတ်တရက်

မဲခေါင်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကက္ကူလမ်းခွဲတွင် ၆ ဘီးကုန်ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးကာ နောက်မှစီးသူ တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် လမ်းကွေ့လည်း ဖြစ်သောကြောင့် ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်လာတော့ ဆိုင်ကယ်မောင်းသူက အသက် မရှိတော့ပါဘူး။ အဲဒီ လမ်းပေါ်မှာ ကား၊ ဆိုင်ကယ် မတော်တဆ ခဏခဏ ဖြစ်တယ်။ တောင်မရှည်ပေမယ့် ရုတ်တရက် ကွေ့တယ်၊ အကွေ့က ကြီးတယ်။ ဒါကြောင့် လမ်းကောင်းတိုင်းလည်း သတိ၊ ဝိရိယထားဖို့လိုတယ်။ ဖြစ်လာရင် ကိုယ်ပဲခံရတာမလို့ ဂရုစိုက် မောင်းကြပါဗျ” ဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းသေဆုံးသူနှင့် ဒဏ်ရာရသူကို ကျောင်ထို၊ ထီရီး ‌ကြက်ခြေနီအဖွဲ့က စဝ်စံထွန်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းလမ်းပါ်တွင် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားပြီး ဒေသခံများနှင့် ကျေးရွာလူကြီးများက သတိပေးစာနှင့် အမှတ်အသားများ ပြုလုပ်ပေးရန် တောင်းဆိုသော်လည်း တာဝန်ရှိသူများက မလုပ်ပေးသေးကြောင်း ဒေသခံများက ဆိုသည်။

ယင်းနေရာ၌ ယခုနှစ်အတွင်း ကားနှင့် ဆိုင်ကယ် မတော်တဆမှု (၁၀) ကြိမ်ကျော် ရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင်လည်း တောင်ကြီး – ကက္ကူလမ်းပေါ် ပင်စုံရွာအနီးတွင် ဆန်တင်ကား ဘရိတ်ပေါက် ပြီး ဆိုင်ကယ်တစ်စီးနှင့် ချိတ်မိ၍ တိမ်းမှောက်ခဲ့ကာ ဆိုင်ကယ်ပေါ်ပါသူ နှစ်ဦးနှင့် ဆန်ကားနောက်လိုက်တို့ စုစုပေါင်းသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။

#MeKongNews
#ကက္ကူလမ်းခွဲ
#တောင်ကြီး
#ဆိုင်ကယ်တိုက်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now