နေ့စဥ်သတင်း

ယာဉ်လိုင်းအချို့ ရှမ်းမြောက်နှင့် ရှမ်းအရှေ့ ဒေသခံများကို လက်မှတ်ရောင်းချမှု ကန့်သတ်

မဲခေါင် 5 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၅ ပြည်တွင်းခရီးစဉ်များတွင် လားရှိုး၊ မူဆယ်၊ တန့်ယန်း၊ လောက်ကိုင်ဒေသနှင့် ရှမ်းအရှေ့မှ ၁၃/ မှတ်ပုံတင် ကိုင်သူများအား လက်မှတ်မရောင်းဟု ခရီးသည်များအား သတိပေးနေရကြောင်း ခရီးသွားများနှင့် ခရီးသည်တင် ယာဉ်လိုင်းများထံမှ သိရသည်။ ၁၃/ မှတ်ပုံတင် ခရီးသည်များ သတိပေးချက်ဟု ဖော်ပြကာ မွန်ပြည်နယ်အပြင် အခြားခရီးစဉ် အားလုံးတွင်လည်း စိစစ်ခြင်းများ စတင် လုပ်ဆောင်နေသည်ဟု ခရီးသည်အချို့က ဆိုသည်။ ရှမ်းပြည်မှတ်ပုံတင် ၁၃/ကိုင်ဆောင်သူများ အနက်တွင်မှ အထူးသဖြင့် မြောက်ပိုင်း၊ လားရှိုး၊ မူဆယ်၊ တန့်ယန်း၊ လောက်ကိုင်ဒေသ မှတ်ပုံတင်များအား စစ်ကောင်စီက စိစစ်ခြင်း၊ တွေ့ရှိချက်အပေါ် မူတည်ပြီး အရေးယူခြင်းများ ရှိနေကြောင်း သိရသည်။ လတ်တလောတွင်

မဲခေါင်၊ ဒီဇင်ဘာ ၅

ပြည်တွင်းခရီးစဉ်များတွင် လားရှိုး၊ မူဆယ်၊ တန့်ယန်း၊ လောက်ကိုင်ဒေသနှင့် ရှမ်းအရှေ့မှ ၁၃/ မှတ်ပုံတင် ကိုင်သူများအား လက်မှတ်မရောင်းဟု ခရီးသည်များအား သတိပေးနေရကြောင်း ခရီးသွားများနှင့် ခရီးသည်တင် ယာဉ်လိုင်းများထံမှ သိရသည်။

၁၃/ မှတ်ပုံတင် ခရီးသည်များ သတိပေးချက်ဟု ဖော်ပြကာ မွန်ပြည်နယ်အပြင် အခြားခရီးစဉ် အားလုံးတွင်လည်း စိစစ်ခြင်းများ စတင် လုပ်ဆောင်နေသည်ဟု ခရီးသည်အချို့က ဆိုသည်။

ရှမ်းပြည်မှတ်ပုံတင် ၁၃/ကိုင်ဆောင်သူများ အနက်တွင်မှ အထူးသဖြင့် မြောက်ပိုင်း၊ လားရှိုး၊ မူဆယ်၊ တန့်ယန်း၊ လောက်ကိုင်ဒေသ မှတ်ပုံတင်များအား စစ်ကောင်စီက စိစစ်ခြင်း၊ တွေ့ရှိချက်အပေါ် မူတည်ပြီး အရေးယူခြင်းများ ရှိနေကြောင်း သိရသည်။

လတ်တလောတွင် ကလော၊ အောင်ပန်း၊ တောင်ကြီး စသည့် ရှမ်းတောင်ဒေသမှ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူများသာ လွတ်ကင်းမှု ရှိကြောင်း ယာဉ်လိုင်းအချို့က ဆိုသည်။

“၁၃/ မှတ်ပုံတင်ပိုင်ရှင်က အစိုးရဝန်ထမ်းဆို ရပါတယ်၊ မဟုတ်ရင်တော့ မရပါဘူးရှင့်” ဟု ယာဉ်လိုင်း လက်မှတ်ရောင်းတစ်ဦးက ပြောသည်။

ခရီးသည်အချို့၏ ပြောပြချက်အရ ယာဉ်လိုင်းအချို့မှာ ကန့်သတ်ချက်မရှိဘဲ ရောင်းချသော်လည်း မန္တလာမင်း အပါအဝင် ယာဉ်လိုင်းအချို့မှာ ကန့်သတ်မှုများရှိကြောင်း သိရသည်။

သို့ရာတွင် မည်သည့် တိုက်ပွဲမျှ မဖြစ်သည့် ရှမ်းအရှေ့ နေထိုင်သူများကိုလည်း ယင်းကဲ့သို့ ကန့်သတ်ခံရခြင်း အပေါ် နားမလည်နိုင်ကြောင်း ရှမ်းအရှေ့ ဒေသခံများက ပြောသည်။

“မြန်မာပြည် တစ်ပြည်လုံးမှာ ရှမ်းအရှေ့လောက် အေးချမ်းတာမရှိ ဘာဖြစ်လို့ စစ်ဆေးခံထဲမှာ ရှမ်းအရှေ့ပါ နေရတာလဲ၊ သေနတ်သံ မပြောနဲ့ ငှက်ပစ်တဲ့ တူးမီးသံတောင် မကြားရဘူး” ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ဝေဖန်သည်။

လက်ရှိ၌ မွန်ပြည်နယ်နှင့် ဘားအံဘက်အထွက် ဂိတ်များတွင် ၁၃/ ကိုင်ဆောင်သူ ရာနှင့်ချီ ထိန်းသိမ်း စစ်ကြောနေကြောင်း သတင်းများထွက်လာပြီးနောက် ယာဉ်လိုင်းများတွင် ယခုကဲ့သို့ လက်မှတ်အရောင်း ကန့်သတ်ချက်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။

#MeKongNews
#ရှမ်းမြောက်
#မှတ်ပုံတင်
#ယာဉ်လိုင်း
#လက်မှတ်မရောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now