ကမ္ဘာ့သတင်း

မြို့ပြောင်းရွှေ့ရမည်ဆိုသော်လည်း ကမ္ဘာ့လူဦးရေအများဆုံးမြို့ ဂျာကာတာတွင် လူနေပိုမိုထူထပ်လာ

မဲခေါင် 28 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၈ ၂၀၅၀ တွင်ဂျာကာတာမြို့ ရေအောက်သို့နစ်မြုပ်မည်ဟု ကြိုတင်တွက်ဆထားသဖြင့် တောအတွင်း မြို့သစ်ကြီး စတင်တည်ဆောက်နေပြီဖြစ်သော်လည်း ဂျာကာတာမြို့နေလူဦးရေသည် ထပ်မံတိုးသထက် တိုးမြင့်လာနေပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။ ယခင်က တိုကျို၊ ကိုင်ရို၊ ဆော်ပေါ်လိုနှင့် ဒါကာမြို့များသည် လူဦးရေအထူထပ်ဆုံးဖြစ်ခဲ့သော်လည်း ယခု အင်ဒိုနီးရှားမြို့တော် ဂျာကာတာသည် မှီတင်းနေထိုင်သူပေါင်း ၄၁ ဒသမ ၉ သန်းဖြင့် ကမ္ဘာ့လူဦးရေအများဆုံး မြို့ဖြစ်လာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ လူဦးရေများလွန်းသဖြင့် မြေအောက်ရေ သုံးစွဲမှုလည်း အလွန်များပြားသလို ပင်လယ်ကမ်းရိုးတန်း နိုင်ငံလည်းဖြစ်သောကြောင့် ဂျာကာတာမြို့သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင် မြေအောက်သို့ ၂ ဒဿမ ၅

မဲခေါင်၊ နိုဝင်ဘာ ၂၈

၂၀၅၀ တွင်ဂျာကာတာမြို့ ရေအောက်သို့နစ်မြုပ်မည်ဟု ကြိုတင်တွက်ဆထားသဖြင့် တောအတွင်း မြို့သစ်ကြီး စတင်တည်ဆောက်နေပြီဖြစ်သော်လည်း ဂျာကာတာမြို့နေလူဦးရေသည် ထပ်မံတိုးသထက် တိုးမြင့်လာနေပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။

ယခင်က တိုကျို၊ ကိုင်ရို၊ ဆော်ပေါ်လိုနှင့် ဒါကာမြို့များသည် လူဦးရေအထူထပ်ဆုံးဖြစ်ခဲ့သော်လည်း ယခု အင်ဒိုနီးရှားမြို့တော် ဂျာကာတာသည် မှီတင်းနေထိုင်သူပေါင်း ၄၁ ဒသမ ၉ သန်းဖြင့် ကမ္ဘာ့လူဦးရေအများဆုံး မြို့ဖြစ်လာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လူဦးရေများလွန်းသဖြင့် မြေအောက်ရေ သုံးစွဲမှုလည်း အလွန်များပြားသလို ပင်လယ်ကမ်းရိုးတန်း နိုင်ငံလည်းဖြစ်သောကြောင့် ဂျာကာတာမြို့သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင် မြေအောက်သို့ ၂ ဒဿမ ၅ မီတာ နိမ့်ဆင်းသွားခဲ့သည်။

တချို့နေရာများတွင် တစ်နှစ် ၂၅ စင်တီမီတာနှုန်း မြေနိမ့်ကျမှုများရှိနေခြင်းသည် အခြားသော ကမ္ဘာတစ်ဝန်းမှ ကမ်းရိုးတန်းနိုင်ငံများ မြေနိမ့်ကျမှုထက် ၂ ဆ မြင့်မားနေသဖြင့် လက်ရှိမှာပင် မြို့တစ်ဝက်သည် ပင်လယ်ရေမျက်နှာပြင်အောက်သို့ ရောက်ရှိနေသည့် ဂျာကာတာမြို့ ကြီးသည် ၂၀၅၀ ပြည့်နှစ်တွင် အလုံးစုံ ရေအောက်ရောက်သွားနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။

ထိုအခြေအနေကြောင့် အင်ဒိုနီးရှားအစိုးရသည် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ပိုမိုမြင့်မားသည် တောကြီးအလယ်၌ မြို့ပြောင်းရန် နျူဆန်တရာဆိုသော မြို့သစ်စီမံကိန်းကို စတင်ဆောက်လုပ်နေခဲ့ပြီဖြစ်ရာ အဆင့် ၅ ဆင့်မြင့် ၂၀၄၅ ခုနှစ်အပြီး ဆောက်လုပ်ကာ မြို့ပြောင်းရန် လုပ်ဆောင်နေရာ ဘတ်ဂျက် ဒေါ်လာ ၃၅ ဘီလီယံ ထုတ်သုံးမည်ဖြစ်သည်။

ဂျာကာတာမြို့ကြီးလည်း ရေအောက်မရောက်သွားစေရေး အင်ဒိုနီးရှားအစိုးရသည် အစွန်းရောက်ဖြေရှင်းမှုအဖြစ် ဒေါ်လာ ဘီလျံ ၄၀ အသုံးပြုကာ မြို့နှင့်ပင်လယ်အကြား ကြီးမားသည့် ရေတားတံတိုင်းကြီး တည်ဆောက်ရန် စီစဉ်နေသည်။

သို့သော် ဂျာကာတာမြို့နေလူဦးရေသည် စဉ်ဆက်မပြတ်တိုးပွားလာနေသလို မြေအောက်နိမ့်ကျသထက် နိမ့်ကျလာနေသော်လည်း လူများနေထိုင်ရန် အဆောက်အအုံသစ်များစွာကို ဆက်လက်ဆောက်လုပ်နေသေးသည့်အတွက် ပိုမိုလျှင်မြန်စွာဖြင့် မြို့ ပင်လယ်ရေအောက်ရောက်မည့်အရေး ကြုံနေသည်။

ဘန်ဒေါင်းနည်းပညာတက္ကသိုလ်မှ ဟာရီအန်းဒရီးယက်က်စ်က “၂၀၅၀ မှာ ဂျာကာတာ ရေအောက်နစ်မြုပ်သွားနိုင်တယ်ဆိုတာ ရယ်စရာ မဟုတ်ဘူး။ လေ့လာထားမှုတွေအရ ၂၀၅၀ ဆိုရင် အကုန်မဟုတ်တောင် ဂျာကာတာမြောက်ပိုင်း ၉၅ ရာခိုင်နှုန်းလုံးက ရေအောက်ရောက်မှာ” ဟု စိတ်ပျက်လက်ပျက် ပြောသွားခဲ့သည်။

အင်ဒိုနီးရှားအိမ်ယာဖွံ့ဖြိုးရေးအသင်း အကြံပေးကောင်စီဝင် အက်ဒီဂါနီဖိုက “လူနေတိုက်ခန်းတွေ ဆက်ရောင်းနေသရွေ့ ဆောက်လုပ်ရေးလုပ်ငန်းသစ်တွေက ဆက်လုပ်နေဦးမှာပဲ။ လူများလေ မြေအောက်ရေသုံးစွဲမှုများလေ မြို့က မြန်မြန် နိမ့်ဆင်းလာလေပဲဖြစ်ဦးမှာပါ” ဟု ညည်းညူပြောဆိုသွားခဲ့သည်။

အင်ဒိုနီးရှားအစိုးရသည် ဂျာဗားပင်လယ်နှင့် ဂျာကာတာမြို့ကြား ဒေါ်လာ ဘီလျံ ၄၀ အကုန်ခံ တည်ဆောက်မည့် တံတိုင်ကြီးပြီးလျှင် မြေအောက်ရေ သုံးစွဲမှု လျှော့ချရန် မိုးရေလှောင်ကာ ရေပေးမည့် ဆည်ကြီးတစ်ခုကိုပါ တည်ဆောက်သွားရေး လျာထားသော်လည်း ထိုလုပ်ရပ်များသည် ပင်လယ်ရေကြောင်းစနစ်များကို ပြောင်းလဲစေခြင်း၊ အနီးအနားရှိကျွန်းများ ပိုမိုရေအောက်ရောက်သွားနိုင်ခြင်း၊ ဂေဟစနစ်ပျက်ဆီးခြင်းနှင့် မြို့တွင်းရှိ မြစ်များ ရေပုပ်အိုင်များအသွင်ဆောင်လာနိုင်ခြင်းတို့ ကြောင့် သဘာ၀ပတ်ဝန်းကျင် စောင့်ရှောက်ရေးသမားများ၏ ဝေဖန်မှုများလည်း ခံနေရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အင်ဒိုနီးရှား
#ဂျကာတာ
#လူနေထူထပ်
#သဘာဝဘေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now