နေ့စဥ်သတင်း

ထိုင်းတောင်ပိုင်း ရေကြီးမှု မီးရထားလမ်း၊ ကျေးလက်ဆက်သွယ်လမ်းများစွာပြတ်တောက်

မဲခေါင် 23 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၃ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့် ၄ ရက်အတွင်း မိုးရေချိန် စံချိန်တင်အဖြစ် တစ်ရက် ၁၀၀ မီလီမီတာနှုန်း ရွာသွန်းနေသဖြင့် ခရိုင်များစွာတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေပြီး ထိုင်း ဝန်ကြီးချုပ်အနုတင်အပါ နိုင်ငံခေါင်းဆောင်များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့များ သွားရောက်နေကြပြီး မီးရထားလမ်းပိုင်းနှင့်ကျေလက်ဆက်သွယ်လမ်းအများစု ရေလွှမ်းမိုးသွားသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ နိုဝင်ဘာ ၂၃ ရက်တွင်လည်း ယခင်ရက်များအတိုင်း မိုးရေချိန် ၁၀၀ မီလီမီတာနှုန်းနှင့်အထက် ဆက် လက်ရွာသွန်းဦးမည်ဖြစ်ရာ ထိုင်းတောင်ပိုင်း ခရိုင် ၁၀ ခုစလုံးတွင် သတိပေးချက်ထုတ်ပြန်ထားရပြီး နာခွန်းဆီသမ်မာနက်၊ ဖက်သလောင်၊ ဆောင်ခလာ၊ ပက်တာနီ၊ ယာလာ၊ နာရာသီဝပ်၊ ဖူးခက်၊ ထရန် နှင့် ဆာထွန်ခရိုင်များ၌

မဲခေါင်၊ နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့် ၄ ရက်အတွင်း မိုးရေချိန် စံချိန်တင်အဖြစ် တစ်ရက် ၁၀၀ မီလီမီတာနှုန်း ရွာသွန်းနေသဖြင့် ခရိုင်များစွာတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေပြီး ထိုင်း ဝန်ကြီးချုပ်အနုတင်အပါ နိုင်ငံခေါင်းဆောင်များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့များ သွားရောက်နေကြပြီး မီးရထားလမ်းပိုင်းနှင့်ကျေလက်ဆက်သွယ်လမ်းအများစု ရေလွှမ်းမိုးသွားသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

နိုဝင်ဘာ ၂၃ ရက်တွင်လည်း ယခင်ရက်များအတိုင်း မိုးရေချိန် ၁၀၀ မီလီမီတာနှုန်းနှင့်အထက် ဆက် လက်ရွာသွန်းဦးမည်ဖြစ်ရာ ထိုင်းတောင်ပိုင်း ခရိုင် ၁၀ ခုစလုံးတွင် သတိပေးချက်ထုတ်ပြန်ထားရပြီး နာခွန်းဆီသမ်မာနက်၊ ဖက်သလောင်၊ ဆောင်ခလာ၊ ပက်တာနီ၊ ယာလာ၊ နာရာသီဝပ်၊ ဖူးခက်၊ ထရန် နှင့် ဆာထွန်ခရိုင်များ၌ အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားရသလို အိမ်ခေါင်မိုးများပေါ် ရက်ဆက် ပိတ်မိနေ့သည့် လူပေါင်းများစွာအား လိုက်လံကယ်ဆယ်ခြင်း၊ အစားအစာများ ဝေငှခြင်းများ လုပ်ဆောင်နေရသည်။

နာခွန်းဆီသမ်မာနက်၊ ဖက်သလောင်၊ ဆောင်ခလာ၊ ပက်တာနီနှင့် ထရန်ခရိုင်များတွင် ကျေးလက်သွား အဝေးပြေးလမ်းများ ရေလွှမ်းမိုးသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသလို လမ်းပိုင်း ၁၄ ခု အား အရေးပေါ်အခြေအနေဖြင့် ကားများ မသွားနိုင်သေးဟု သတိပေးထုတ်ပြန်ထားရသည်။

ရထားလမ်းပိုင်းများတွင်လည်း နာခွန်ဆီသမ်မာနက်မှ ဆန်ဂိုင်ကိုလော့ခ်၊ ဆန်ဂိုင်ကိုလော့ခ်မှ ယာလာ၊ နာခွန်းဆီသမ်မာနက်မှာ ယာလာ၊ ယာလာမှ နာခွန်းဆီသမ်မာနက်၊ ဖက်သလောင်မှ ဆန်ဂိုင်ကိုလော့ခ်၊ ဆန်ခိုင်ကိုလော့ခ်မှ ဖက်သလောင် အစုန်၊ အဆန် ရထားခရီးစဉ်များ မီးရထားလမ်းရေကျော်မှုများ ကြောင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းတောင်ပိုင်း
#ရေကြီးနစ်မြုပ်
#မီးရထားလမ်း
#ကျေးလက်လမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now