နေ့စဥ်သတင်း

မူဆယ်တွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် အင်အားဆက်တိုက်ဖြည့်နေ

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့သို့ ရဟတ်ယာဥ်ဖြင့် စစ်အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း မူဆယ်ဒေသခံနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၁ရက်နှင့် ယနေ့ နိုဝင်ဘာ ၂၂ရက် နံနက်ပိုင်းများတွင် စစ်တပ်ရဟတ်ယာဥ်များ မူဆယ်၊ ဟိုမွန်ရပ်ကွက်ပြင်ပကပ်လျက် ဂေါက်သီးလေ့ကျင့်ရေးကွင်းအတွင်းသို့ ဆက်တိုက်ဆင်းလျက်ရှိနေပြီး စစ်တပ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့ရသည့် မူဆယ်ဒေသခံများက မဲခေါင်သို့ ပြောသည်။ “ပထမ ဒီက စကခ-၁၄ တပ်တွေနဲ့ချိန်းတာထင်နေတာ။ မဟုတ်ဘူးဘဲ။ လူတွေ အဆင်းပဲရှိပြီး အတက်မရှိတော့ အင်အားဖြည့်နေတာဘဲလေ။ ခန့်မှန်းတာတော့ တစ်ခေါက် ၂၀နဲ့တွက်တောင် ၂၀၀ လောက်ရှိမယ်” ဟု ဟိုမွန်ရပ်နေဒေသခံတစ်ဦးက ပြောသည်။ မူဆယ်သို့ စစ်တပ်အင်အားဖြည့်ခြင်းမှ

မဲခေါင်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့သို့ ရဟတ်ယာဥ်ဖြင့် စစ်အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း မူဆယ်ဒေသခံနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ရက်နှင့် ယနေ့ နိုဝင်ဘာ ၂၂ရက် နံနက်ပိုင်းများတွင် စစ်တပ်ရဟတ်ယာဥ်များ မူဆယ်၊ ဟိုမွန်ရပ်ကွက်ပြင်ပကပ်လျက် ဂေါက်သီးလေ့ကျင့်ရေးကွင်းအတွင်းသို့ ဆက်တိုက်ဆင်းလျက်ရှိနေပြီး စစ်တပ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့ရသည့် မူဆယ်ဒေသခံများက မဲခေါင်သို့ ပြောသည်။

“ပထမ ဒီက စကခ-၁၄ တပ်တွေနဲ့ချိန်းတာထင်နေတာ။ မဟုတ်ဘူးဘဲ။ လူတွေ အဆင်းပဲရှိပြီး အတက်မရှိတော့ အင်အားဖြည့်နေတာဘဲလေ။ ခန့်မှန်းတာတော့ တစ်ခေါက် ၂၀နဲ့တွက်တောင် ၂၀၀ လောက်ရှိမယ်” ဟု ဟိုမွန်ရပ်နေဒေသခံတစ်ဦးက ပြောသည်။

မူဆယ်သို့ စစ်တပ်အင်အားဖြည့်ခြင်းမှ TNLA ထိန်းချုပ် နမ့်ခမ်းထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် ၁၀၅မိုင်နှင့် လားရှိုးဘက်သို့ စစ်ရေးဖိအားပေးရန် ဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

MNDAA နှင့် ညှိနှိုင်းနေဆဲ အကြပ်အတည်းများ၊ မိုးကုတ်၊ မိုးမိတ်မြို့များအတွင်း ပြန်လည်ဝင်ရောက်းရေး ကိစ္စများကို စစ်ကောင်စီ စစ်ရေးအရဆက်လုပ်မည်လား၊ တရုတ်ကိုဘဲ ဆက်ဖိအားပေးရန် တောင်းဆိုနေမည်လား ဆုံးဖြတ်ရခက်နေသည့်အပြင် ကျားဖြန့်ကိစ္စများဖြင့် ဘေးကြပ်နံကြပ်ဖြစ်နေသည်ဟု စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

“ကိုးကန့်က နယ်မြေက လျော့ပေးဖို့မရှိဘူးဆိုရင် စစ်တိုက်မလား၊ တရုတ်ကပဲ အရင်လို ဂိတ်တွေပိတ်၊ ဖြတ်၅ဖြတ်လုပ်မလား ပေါ့။ ဘာပဲဖြစ်ဖြစ် ကျားဖြန့်စောချစ်သူကိစ္စ၊ အမေရိကန်ဖိအားကိစ္စတွေနဲ့ စစ်အုပ်စု ပြာနေပြီ” ဟု ၎င်းကဆိုသည်။

လက်ရှိ မြေပြင်သတင်းအရ သီပေါ တံတားပိတ်ထားဆဲဖြစ်ကာ ဟိုယဘက်တွင် နှစ်ဘက်အင်အားများ ဖြည့်ထားကြကြောင်း သိရသည်။

ထူးခြားသည်က ဟိုယနှင့်တန့်ယန်းကြားတွင် ရှမ်းတပ်ယူနီဖောင်းဝတ် အများအပြား တွေ့မြင်လာရသည်ဟု ကားသမားများထံမှ သိရသည်။

“ကျနော်တို့က သွားနေကြ ဘယ်သူဘာဆိုတာ သိတယ်။ အခုက ရှမ်းတပ်သာပြောတာ ရှမ်းတပ်မဟုတ်ဘူး၊ “ဝ” တွေ၊ ကြည့်တာနဲ့သိသာတယ်” ဟု လားရှိုး- မန္တလေး ပြေးဆွဲနေကျ ကားသမားတစ်ဦးကမဲခေါင်သို့ ပြောသည်။

ရှမ်းမြောက်လူထုကမူ ၁၀၂၇ လို စစ်မက်ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး ထပ်မံစစ်ဘေးရှောင်ရန် ပြင်ဆင်နေကြရကြောင်း စုံစမ်းသိရသည်။

#MeKongNews
#ရှမ်းမြောက်
#မူဆယ်
#စစ်ကောင်စီ
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now