မဲခေါင်၊ နိုဝင်ဘာ ၁၀
ရုရှားသည် ယူကရိန်းကျူးကျော်စစ်ပွဲကာလ ရှည်လာသည်နှင့်အမျှ ရုရှားစစ်သည်အင်အား နည်းပါးလာမှုကို အားဖြည့်နိုင်ရေး ကျားဖြန့်လုပ်ငန်းများကဲ့သို့ ပြည်ပနိုင်ငံသားများအား မြင့်မားသည့် လစာများပေးကာ အရပ်ဘက်အလုပ်အကိုင်းများ ပေးမည်ဟု လိမ်ခေါ်ပြီး ယူကရိန်းရှေ့တန်း စစ်မျက်နှာပြင်သို့ အများအပြား စေလွှတ်တိုက်ခိုက်ခိုင်းနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးမှ ထုတ်ပြန်ခဲ့သည်။
လက်ရှိ ရှေ့တန်းစစ်မျက်နှာပြင်တွင် ရုရှားအတွက် ဝင်တိုက်ခိုက်ပေးနေရသည့် ပြည်ပသားများထဲ ကျူးဘားနိုင်ငံမှ အများဆုံးအဖြစ် ၂၀၀၀၀ ကျော် ပါဝင်တိုက်ခိုက်နေရကာ စစ်ဘက်ရေးရာကျွမ်းကျင်သူ နစ်ရေးနိုးက ရုရှားစစ်သားအဖြစ် တရားဝင် စာချုပ်ချုပ်ဆိုသူမှာ ၁၀၀၀ ပင်မရှိဘဲ ကျန်ကျူးဘားသား များကို လစာ အဆ (၁၀၀) အထိပေးပြီး စစ်ရေးနှင့်မသက်ဆိုင်သော အရပ်ဘက်အလုပ်များကိုသာ လုပ်ရမည်ဟု အလုပ်လိမ်ညာ ခေါ်ယူခြင်းဖြင့် ခေါ်ယူပြီး စစ်ထဲ စေလွှတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ရုရှားစစ်တပ်ဘက်မှ ဝင်တိုက်ပေးနေသော အာဖရိကနိုင်ငံပေါင်း ၃၆ နိုင်ငံမှ လူပေါင်း ၁၄၀၀ ကျော်သည်လည်း ထိုနည်းအတိုင်း အလုပ်လိမ်လည်ခေါ်ယူခြင်းမှ စစ်ထဲ အဓမ္မ စေလွှတ်ခြင်း၊ သဘောတူစာချုပ်ကာ စစ်မှုထမ်းလျှင်လည်း စာချုပ်ပြည့်သည့်တိုင် ပြန်မလွှတ်ဘဲ ဆက်လက်တိုက်ခိုက်စေခြင်းများရှိကြောင်း၊ စစ်အတွင်း ကျူးဘားသား အလောင်း အနည်းဆုံး ၄၀ ရှိခဲ့ပြီး ၂၅၀ ကျော်မှာ စာချုပ်ပြည့်ပြီး ပြန်မလွှတ်သည့်အဓမ္မခိုင်းစေခံစစ်သားများအဖြစ် ဆက်လုပ်နေရသည်ဟု ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာနှင့် ဆက်ဆံရေးလဲပြိုပြီး အထီးကျန်နေရသဖြင့် ဒုက္ခများစွာကြုံနေရသော ကျူးဘားမှ နိုင်ငံသားတစ်ဦး တစ်လပျမ်းမျှလစာသည် ဒေါ်လာ ၂၀ သာရှိရာ ရုရှားဘက်မှ တစ်လ ဒေါ်လာ ၂၀၀၀ ဝန်းကျင်ပေးမည့် လိမ်ညာ အလုပ်ခေါ်စာများဖြင့် စစ်တိုက်ခိုင်းရန် လိမ်ခေါ်ခဲ့ပြီး ဆိုဗီယက်ခေတ် ကတည်းက ဆက်ဆံရေးနီးစပ်ခဲ့သည့် ကျူးဘားနိုင်ငံနိမ့်ပါးမှုကို အသုံးချနေခြင်းဖြစ်သည်။
ရုရှားသည် ယခု တရုတ်နှင့် မြောက်ကိုရီးယားစစ်သားများကို အသုံးချ တိုက်ခိုက်နေရုံသာမက အာရှ၊ အာဖရိက၊ တောင်အမေရိက၊ အိန္ဒိယ၊ ဇင်ဘာဘွေအစရှိသော နိုင်ငံပေါင်းစုံမှလူများကို အလုပ်လိမ်ခေါ် ကာ ယူကရိန်းစစ်မျက်နှာပြင်သို့ ပို့နေနိုင်သည်အထိ လက်လှမ်းကျယ်နေကာ ယူကရိန်းတပ်များက မြောက်ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယစစ်သားများကို ဖမ်းဆီးရမိခဲ့ကြောင်း မကြာသေးခင်က အတည် ပြုထုတ်ပြန်ခဲ့သည်။
ကျူးဘားနိုင်ငံ မိသားစုများအတွင်း မိမိတို့သားများ ရုရှားမှ အလုပ်လိမ်ခေါ်ပြီး ပြန်မလွှတ်တော့ဘဲ စစ်ထဲ စေလွှတ်ခံခဲ့နေရကြောင်း မကျေမနပ် ထုတ်ဖော်ပြောဆိုနေကြရာ ၂၀၂၄ ခုနှစ် မတ်လကတည်း က ရုရှားတွင် လက်သမားအလုပ် လစာကောင်းသည်ဟု လိမ်ခေါ်ခြင်းခံရသော အသက် ၃၀ အရွယ် သားဖြစ်သူ မာရီယို အလက်ဇီဂွန်ဂိုရာဟီချာဗာရီယာ၏ မိခင်က ဖြစ်ကြောင်းကုန်စင်အား The Sun သို့ ရင်ဖွင့်သွားခဲ့သည်။
၁၁ နှစ်အရွယ် သမီးလေးအား အဖွားနှင့်ထားခဲ့ပြီး ရုရှားသို့ လိမ်ခေါ်ခံရသည့် အလုပ်သွားလုပ်ရာမှ သားဖြစ်သူ မာရီယိုသည် မကြာခင် ရုရှားစစ်ယူနီဖောင်းဖြင့် ရှေ့တန်းရောက်နေ သည့် ဓာတ်ပုံပေးပို့ခဲ့ကြောင်း၊ ထို့နောက် အဆက်အသွယ်မရတော့ဘဲ ကျဆုံးသွားဖွယ်ရှိသည်ဟု မိခင်ဖြစ်သူ နီယာကာ က ဖွင့်ပြောသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#ကျားဖြန့်
#စစ်သားစုဆောင်းရေး
#ကျူးဘား








