နေ့စဥ်သတင်း

သံသယကျားဖြန့်ခေါင်းဆောင် Ben Smith နှင့် Kok An တို့အပါ ၄၃ ယောက်ကို စုံစမ်းစစ်ဆေးရန် ထိုင်းလုံခြုံရေးကော်မတီ အမည်စာရင်းတင်သွင်းမည်

မဲခေါင် 6 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၆ ထိုင်းနိုင်ငံ လုံခြုံရေးကော်မတီ ဥက္ကဌ ရန်ဆီမန်ရုမ်းက မိမိတို့ကော်မတီသည် လေ့လာစစ်ဆေးမှုများကို အချိန်အတိုင်းအတာတစ်ရပ်ယူခဲ့ပြီးနောက် ကျားဖြန့်ကွန်ရက်နှင့်ပတ်သက်နေသည့် သံသယတရားခံ ၄၃ ဦးအမည်စာရင်းကို တင်သွင်းကာ စုံစမ်းစစ်ဆေးသွားနိုင်ရေး လုပ်ဆောင်မည်ဟု နိုဝင်ဘာ ၅ ရက်၌ ထုတ်ပြန်သွားခဲ့သည်။ ထိုင်းနိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် ကျားဖြန့်လုပ်ငန်းများဖွံ့ဖြိုးလည်ပတ်နိုင်မှု ကြီးထွားလာစေ ရေး အထောက်အပံ့များစွာပေးနေသောနိုင်ငံအဖြစ် မြင်နေရခြင်းတွင် ဝန်ကြီးချုပ်အပါ သက်ဆိုင်ရာ အဖွဲ့အစည်းများက လုံလောက်သည့် အရေးယူမှုများမလုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မကြာမီ သံသယတရားခံထိုင်းနိုင်ငံသားနှင့် ပူးပေါင်းဆောင်ရွက်သူပေါင်း ၄၃ ယောက်အမည်စာရင်း အား လ၀ကဗျူရို၊ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များအပါ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ တင်သွင်းပြီး အထောက်အထားအချက်အလက်များပိုမိုရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်ဆေးသွားရန် တင်ပြသွားမည်ဟု

မဲခေါင်၊ နိုဝင်ဘာ ၆

ထိုင်းနိုင်ငံ လုံခြုံရေးကော်မတီ ဥက္ကဌ ရန်ဆီမန်ရုမ်းက မိမိတို့ကော်မတီသည် လေ့လာစစ်ဆေးမှုများကို အချိန်အတိုင်းအတာတစ်ရပ်ယူခဲ့ပြီးနောက် ကျားဖြန့်ကွန်ရက်နှင့်ပတ်သက်နေသည့် သံသယတရားခံ ၄၃ ဦးအမည်စာရင်းကို တင်သွင်းကာ စုံစမ်းစစ်ဆေးသွားနိုင်ရေး လုပ်ဆောင်မည်ဟု နိုဝင်ဘာ ၅ ရက်၌ ထုတ်ပြန်သွားခဲ့သည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် ကျားဖြန့်လုပ်ငန်းများဖွံ့ဖြိုးလည်ပတ်နိုင်မှု ကြီးထွားလာစေ ရေး အထောက်အပံ့များစွာပေးနေသောနိုင်ငံအဖြစ် မြင်နေရခြင်းတွင် ဝန်ကြီးချုပ်အပါ သက်ဆိုင်ရာ အဖွဲ့အစည်းများက လုံလောက်သည့် အရေးယူမှုများမလုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မကြာမီ သံသယတရားခံထိုင်းနိုင်ငံသားနှင့် ပူးပေါင်းဆောင်ရွက်သူပေါင်း ၄၃ ယောက်အမည်စာရင်း အား လ၀ကဗျူရို၊ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များအပါ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ တင်သွင်းပြီး အထောက်အထားအချက်အလက်များပိုမိုရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်ဆေးသွားရန် တင်ပြသွားမည်ဟု ရန်ဆီမန်ရုမ်းက ပြောကြားခဲ့သည်။

ယင်းစာရင်းတွင် ကျားဖြန့်သံသယခေါင်းဆောင်များအဖြစ် အမေရိကန်နှင့်နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူထားသည့် ဘန်စမစ်၊ ခေါက်အန် (Kok An)၊ Yim Leak၊ Huione Pay၊ Zheng Heng Group၊BIC Group နှင့် BIC Bank တို့ ပါဝင်မည်ဖြစ်သလို BIC Bank ဥက္ကဌလုပ်ခဲ့ပြီး ငွေကြေးခဝါချမှုများ ပူးပေါင်းလုပ်ဆောင်သည်ဟု စွပ်စွဲခံထားရသည့် Sathit Limpongpan တို့ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

နိုင်ငံပေါင်းများစွာ၌ နိုင်ငံသားကတ်များကိုင်ဆောင်ထားသည်ဟု သိရသော ဘန်စမစ်သည် ထိုင်းတွင် နိုင်ငံသားခံယူခွင့်တောင်းခံခဲ့ရာ အခွန်မရှင်းလင်းမှုကြောင့် ပယ်ချခံရသော်လည်း ပိုမိုဖော်ထုတ်နိုင်မည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများမလုပ်ဘဲ ထိုင်းအာဏာပိုင်များက ရပ်ဆိုင်းခဲ့မှုအား စစ်ဆေးရမည်ဟု ရန်ဆီမန်ရုမ်းက ဆိုသည်။

ကမ္ဘောဒီးယားကျားဖြန့်ရပ်ဝန်း၌ အဓိကကျသူဟု သံသယထားခြင်းခံရသော ခေါက်အန်သည်လည်း ထိုင်းနိုင်ငံသားကတ်မကိုင်ဆောင်ထားသော်လည်း ထိုင်းတွင် အမြဲတမ်းနေထိုင် ခွင့်ရသူဖြစ်နေခြင်းမှာ သံသယရှိစရာများစွာရှိပြီး အင်တာပိုမှ အနီရောင်အဆင့် တရားခံဟု ထုတ်ပြန် ပြီးမှ အမြဲတမ်းနေထိုင်ခွင့်ရုပ်သိမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိ၊ စုံစမ်းစစ်ဆေးမှု အချက်အလက်များ တိကျစွာ ရယူထုတ်ပြန်ခြင်းမရှိခဲ့သဖြင့် ကမ္ဘောဒီးယားသို့ ထွက်ပြေးနေသည်ဆို လျှင်ပင် ထိုင်းသို့ ပြန်ပို့ပြီး စစ်ဆေးအရေးယူသင့်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) သည်လည်း Yim Leak ဆိုသူကျားဖြန့်ကွန်ရက်နှင့်ပတ်သက်သည့် စွပ်စွဲချက်များတွင်း ငွေကြေး လွှဲပြောင်းမှု အချက်အလက်ဟောင်းများကိုသာ လက်ကိုင်ထား ထုတ်ပြန်ပြီး ယခုမှ နောက်ပိုင်း ငွေကြေး အလွှဲအပြောင်း အချက်အလက်များထုတ်ပေးရန် ပူးပေါင်းလာခြင်းအတွက် စုံစမ်းဖော်ထုတ်ရ မည်ဖြစ်ကြောင်း၊ အမေရိကန်မှ ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သော ကမ္ဘောဒီးယားနှင့် ထိုင်းတွင်ပါ ရုံးများ ထူထောာင်ထားသည့် ကျားဖြန့်ငွေကြေးခဝါချ ကုမ္ပဏီ Prince Group နှင့်ပတ်သက်ပြီး ထိုင်ဝမ်နိုင်ငံသား ခေါင်းဆောင်သော အဖွဲ့ဖြစ်သော်လည်း ထိုင်ဝမ်အာဏာပိုင်များက စုံစမ်းမှုတွင် ပူးပေါင်းပါဝင်မှု ယခုထိ လုံး၀မပြုလုပ်သေးကြောင်း ရမ်ဆီမန်ရုမ်းက ပြောသည်။

BIC Group and BIC Bank တွင် ဥက္ကဌ လုပ်ခဲ့ဖူးသူ Sathit Limpongpan သည် တစ်နှစ်သာတာဝန်ထမ်းဆောင်စဉ် စီးပွားရေးသမားတစ်ဦး မှ လာဘ်ထိုးရန် ကြိုးစားမှုခံရသော်လည်း စွပ်စွဲသလို တစ်လဘတ်သန်း ၅၀ ဝန်းကျင် ရယူခဲ့သည်ဆို ခြင်းမှာ မဟုတ်မှန်ဘဲ အမှားမလုပ်ခဲ့ဟု ငြင်းဆိုမှုကိုလည်း စုံစမ်းစစ်ဆေးရမည်သာဖြစ်ကြောင်း ရန်ဆီမန်ရုမ်းက ရဲရဲတောက် ပြောဆိုသွားခဲ့သည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ်သည် စုံစမ်းစစ်ဆေးရေးတာဝန်ရှိ အဖွဲ့အစည်းများကို အကန့်အသတ်မဲ့သုံးနိုင် သည့် ချက်လက်မှတ်အလွတ်များထုတ်ပေးသည်က ချက်ချင်း အရေးယူသင့်သည် ကိစ္စဖြစ်နေသလို AMLO ကိုမူ စစ်ဆေးရန် မည်သည့် အမိန့်ထုတ်ခြင်း၊ စစ်ဆေးခိုင်းခြင်းများမလုပ်သည်မှာ သဘာ၀ မကျ ကြောင်း၊ အခြားနိုင်ငံများ ကျားဖြန့်တိုက်ဖျက်မှုအတွက် အားကြိုးမာန်တက်လုပ်နေစဉ် နာမည်အပျက် ဆုံးဖြစ်နေသည့် မိမိတို့ နိုင်ငံအကြီးအကဲများက ထိရောက်သော၊ ကျိုးကြောင်းဆီလျှော်သော၊ လုံလောက်သော စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူမှုများ မလုပ်သည်က ရှက်စရာကောင်းနေသည်ဟု ထိုင်းအတိုက်အခံ ပြည်သူ့ပါတီမှ ထက်မြက်သော ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ရန်ဆီမန်ရုမ်း က ပြတ်သားစွာ ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#ရမ်ဆီမန်ရုမ်း
#လွှတ်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now