မဲခေါင်၊ နိုဝင်ဘာ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြေအောက်နျူကလီးယားလက်နက်များဖောက်ခွဲစမ်းသပ်မှု များကို နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်တော့မည်ဟု အခိုင်အမာပြောဆိုနေချိန် မိမိကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ နျူကလီးယားစစ်ပွဲကြီးဖြစ်ပွားမည့်ဘေးမှ သီသီလေး လွတ်ခဲ့ ရသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။
၂၀၂၅ ခုနှစ် မေလက အိန္ဒိယနှင့်ပါကစ္စတန်တို့ နယ်စပ်အကြမ်းဖက်မှုမှစတင်ပြီး လေယာဉ်များ လက်နက်ကြီးများဖြင့် ရက်ပိုင်းအတွင်း ပြင်းထန်သည့် တိုက်ပွဲကြီးဖြစ်ပွားခဲ့သည်။
CBS News’s 60 Minutes အစီအစဉ်တွင် အင်တာဗျူးစဉ် ဒေါ်နယ်ထရမ့်က နျူကလီးယားပိုင် နှစ်နိုင်ငံ နျူကလီးယား စစ်ပွဲကြီးဖြစ်ပွားလုနီးအနေအထားရောက်နေချိန် မိမိက အမေရိကန်နှင့် ဆက်လက်ကုန်သွယ်လိုလျှင် သို့မဟုတ် အမေရိကန်မှ ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးများ ဆက်လက်ရရှိလိုလျှင် စစ်ပွဲကို ရပ်တန့်ကာ တင်းမာမှုလျှော့ချရမည်ဟု နှစ်နိုင်ငံစလုံးအား သတိပေးခဲ့ခြင်းမှ နျူကလီးယား စစ်ပွဲဖြစ်လုအနေအထားကို ရှောင်နိုင်ခဲ့သည်ဟု ပြောသွားခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်ဝန်ကြီးချုပ်ကလည်း အိန္ဒိယသည် နျူကလီးယားစစ်ပွဲဆီအထိ သွားချင်နေကာ ဒေါ်နယ်ထရမ့်ဝင်ရောက်ကူညီပေးခြင်းကြောင့်သာ သန်းပေါင်းများစွာသော လူသားများ သေကြေရခြင်းမှ ရှောင်ကြဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သေးသည်။
ထရမ့်သည် အိန္ဒိယနှင့်ပါကစ္စတန် နျူကလီးယားစစ်ကို တားဆီးပေးနိုင်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနေသော်လည်း နျူကလီးယားလက်နက်များ မြေအောက်တွင် စမ်းသပ်ဖောက်ခွဲမှုများကို နှစ် ၃၀ အတွင်းပြန်လည် လုပ်ဆောင်တော့မည်ဟုလည်း အဆိုပါအင်တာဗျူးတွင် အတည်ပြုပြောဆိုခဲ့သည်။
အခြားနိုင်ငံများ နျူကလီးယားလက်နက်များ စမ်းသပ်နေပြီဖြစ်ရာ မိမိတို့အတွက်လည်း စမ်းသပ်ရန်ဖြစ်လာရသည်ဟု ထရမ့်က ပြောသွားခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: indiatoday
#MeKongNews
#နျူကလီးယားစစ်ပွဲ
#ဒေါ်နယ်ထရမ့်
#အိန္ဒိယ
#ပါကစ္စတန်








