မဲခေါင်၊ အောက်တိုဘာ ၂၈
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)နှင့် ပူးတွဲဌာနအကြီးအကဲများက အောက်တိုဘာ ၂၇ ရက်တွင် အစည်းအဝေးပြုလုပ်ပြီးနောက် အောက်တိုဘာ ၁ ရက်မှ ၂၆ ရက်အတွင်း ကျားဖြန့်နှိမ်နင်းရေး စီမံချက် တွင် ဘတ် ၅၂၂ သန်းတန်ကြေးရှိသော ပိုင်ဆိုင်မှုများ သိမ်းဆည်းရမိပြီး တရားခံပေါင်း ၇၃ ယောက် ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး ချိုင်ချာနော့ချစ်ချော့ဘ်၊ ဒုရဲမှူးချုပ် ဂျီရာဖော့၊ ဆိုက်ဘာ ရာဇဝတ်နှိမ်နင်းရေးဗျူရို (CCIB) မှ အကြီးအကဲများနှင့် လူဝန်မှုကြီးကြပ်ရေးဗျူရိုအကြီးအကဲများ အစည်းအဝေးလုပ်ပြီးနောက် ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံချက်တွင် ပြည်တွင်းမှ ကျားဖြန့်ဂိုဏ်းများကို ပစ်မှတ်ထားကာ ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းယူခြင်းများ ပြုလုပ်ခဲ့ပြီး သံသယတရားခံ ထိုင်းလူမျိုး ၅၁ ယောက်နှင့် နိုင်ငံခြားသား ၂၂ ယောက် ကို ဖမ်းမိခဲ့ကြောင်း၊ ကျားဖြန့်ဂိုဏ်းများ လိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးမှုသည် ဘတ် ၁ ဒသမ ၄ ဘီလီယံ ကျော်ဖိုးရှိခဲ့ကာ သိမ်းဆည်းရမိသော ပစ္စည်းနှင့်ငွေများ၊ အဆောက်အအုံနှင့်ကားများတန်ကြေးသည် ဘတ် ၅၂၂ သန်းဖိုး ရှိသည်ဟု ချစ်ချော့ဘ်က ရှင်းလင်းပြောဆိုသည်။
အောက်တိုဘာ ၂၅ ရက်က ဟနွိုင်းတွင်ကျင်းပသည့် ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှုကွန်ဗင်းရှင်း လက်မှတ်ထိုးပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၈ နိုင်ငံ တက်ရောက်ကာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အဖြစ် ပေါင်းစည်းတိုက်ဖျက်ကြရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်းပါ ချစ်ချော့ဘ်က ပြောဆိုသည်။
ကိုကလင်း
Ref: The Nation
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#ဒီဂျစ်တယ်စီးပွားရေး
#ကုလသမဂ္ဂ








