မဲခေါင်၊ အောက်တိုဘာ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတ ဒုတိယသက်တမ်းအတွင်း အရှေ့တောင်အာရှ ဒေသသို့ ပထမဆုံး ရောက်ရှိလာမှုအဖြစ် အောက်တိုဘာ ၂၆ ရက် မနက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဆိုက်ရောက်လာခဲ့ရာ လေဆိပ်မှ ကြိုဆိုရေးမလေးရှား ရိုးရာ အကအဖွဲ့ကသည့်အတိုင်း လိုက်ပါ ကပြသွားခဲ့သည်။
အောက်တိုဘာ ၂၆ မှ ၂၈ ရက်အထိ မလေးရှားနိုင်ငံက အာဆီယံ အလှည်ကျဥက္ကဌအဖြစ် တာဝန်ယူမည့် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးသို့ ဒေါ်နယ်ထရမ့် တက်ရောက်ကာ ရောက်ရောက်ချင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့ နယ်စပ်ပိုင်နက်ပြဿနာကြောင့် အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ကာ ၃ သိန်းကျော် နေအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့် စစ်ရေးအား ထာ၀ရငြိမ်းချမ်းရေး ရရှိရေး ဦးဆောင် လက်မှတ်ထိုးသွားမည်ဟု သိရှိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် အစ္စရေးက ဟားမက်စ်များအား ဂါဇာအတွင်း များစွာ သေဆုံးစေသည်အထိ တိုက်ခိုက်မှုကို ဆန့်ကျင်သူဖြစ်ကာ ဟားမက်စ်ခေါင်းဆောင်များနှင့် နီးစပ်သူ ဖြစ်သော်လည်း အစ္စရေး၏ အဓိက ကျောထောက်နောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လေဆိပ်တွင် နွေးထွေးစွာကြိုဆိုပြီး ကြိုဆိုရေး ရိုးရာအကအဖွဲ့များကသည့်အတိုင်း ထရမ့်နှင့်အတူ ကပြ နှုတ်ဆက်သွားခဲ့သည်။
ကြိုဆိုရေးအဖွဲ့တွင် ပါဝင်သည့် မလေးရှားလူငယ်တစ်ဦးက ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံခေါင်းဆောင် ဒေါ်နယ်ထရမ့်အား မျက်ဝါးထင်ထင် မြင်ရမှုအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်းပြောဆိုသလို ထရမ့် ကို မလေးရှားမှ ကြိုဆိုသူများရှိသလို ဂါဇာအရေးအတွက် အောက်တိုဘာ ၂၆ မှာပင် အမ်ပန်းပန်းခြံ၌ မနက်ကတည်းက ဆန္ဒပြရန် ထရမ့်ဆန့်ကျင်သူများ စုဝေးနေသဖြင့် မလေးရှားရဲတပ်ဖွဲ့များ မာဒီကာ ရင်ပြင်၌ လုံခြုံရေးတင်ကြပ်စွာ ချထားကြောင်း သိရသည်။
ထရမ့်သည် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သို့ လာရောက်ခဲ့သလို ၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် စင်ကာပူတွင် လာရောက်တွေ့ဆုံခဲ့သေးသည်။
ကိုကလင်း
Ref: The Straits time
#MeKongNews
#ဒေါ်နယ်ထရမ့်
#အာဆီယံ
#မလေးရှား
#အန်ဝါအီဘရာဟင်မ်








