မဲခေါင်၊ အောက်တိုဘာ ၂၅
အောက်တိုဘာ ၂၄ ရက်ညအစောပိုင်းတွင် မြ၀တီမြို့၊ မယ်တော်သလေးရှိ တရုတ်ကျားဖြန့်ဝင်း KK Park အား မြန်မာစစ်ကောင်စီက ၂ ညဆက်အဖြစ် ဗုံးကြဲကာ အဆောက်အအုံများကို ဖျက်ဆီးခဲ့သည်။
တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် KK Park ကျားဖြန့်ဝင်းအား ဝင်ရောက်စီးနင်းမည်ဟု စကစမှ သတိ ပေးချက်ထုတ်ပြန်အပြီး အောက်တိုဘာ ၂၂ ရက်ကတည်းက ယင်းဝင်းမှ ကျားဖြန့်လုပ်သူများ စွာသည် မြ၀တီမြို့ပေါ်သို့ အထုပ်များဖြင့် အများအပြားရောက်လာခြင်း၊ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တစ်ထောင်ကျော် ကူးလာခဲ့သည်။
အောက်တိုဘာ ၂၃ ရက်ညကလည်း ကျားဖြန့်သမားများမရှိသလောက်ဖြစ်နေသည့် KK Park ဝင်းရှိ အဆောက်အအုံ ၃ လုံးကို စကစမှ ဗုံးကျဲဖျက်ဆီးတိုက်ခိုက်သလို အောက်တိုဘာ ၂၄ ရက်ည အစော ပိုင်းတွင်လည်း ထိုသို့ ထပ်မံဗုံးကြဲဖျက်ဆီးနေခြင်းဖြစ်သည်ဟု ထိုင်းမီဒီယာ Khaosod က ဖော်ပြခဲ့သည်။
ကိုကလင်း
Ref: Khaosod
#ကျားဖြန့်
#မြဝတီမြို့
#တရုတ်
#မဲဆောက်မြို့








