ကမ္ဘာ့သတင်း

သူ့ထက်ပိုရသင့်သူ မရှိဟု ဒေါ်နယ်ထရမ့်ပြောခဲ့သော်လည်း ဗင်နီဇွဲလား ဒီမိုကရေစီသူရဲကောင်း မာရီယာကော်ရီနာ မာချာဒို နိုဘယ်ငြိမ်းချမ်းရေးဆုရ

မဲခေါင် 10 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၀ အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် နော်ဝေနိုင်ငံ အော်စလိုမြို့၌ ပေးအပ် ချီးမြှင့်ခဲ့သော ၂၀၂၅ နိုဘယ်ငြိမ်းချမ်းရေးဆုကို အများထင်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မရရှိဘဲ ဗင်နီဇွဲလားမှ ဒီမိုကရေစီသူရဲကောင်း မာရီယာကော်ရီနာမာချာဒို ရရှိသွားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ဒုတိယမြောက် သမ္မတ သက်တမ်း ၉ လအတွင်း အိန္ဒိယ-ပါကစတန်၊ ထိုင်း -ကမ္ဘောဒီးယား ကာလတိုစစ်ပွဲများအပါ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းရေးပွဲစားအဖြစ် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့သောကြောင့် မိမိထက် ငြိမ်းချမ်းရေးပိုစွမ်းဆောင်နိုင်သူမရှိနိုင်ဟု ဆုပေးပွဲမတိုင်ခင် ပြောကြားခဲ့သေးသည်။ အစ္စရေးနှင့် ဟားမက်စ်တို့၏ ၂ နှစ်ကြာ ဂါဇာစစ်ပွဲသည်လည်း ဒေါ်နယ်ထရမ့်ကြောင့် အောက်တိုဘာ

မဲခေါင်၊ အောက်တိုဘာ ၁၀

အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် နော်ဝေနိုင်ငံ အော်စလိုမြို့၌ ပေးအပ် ချီးမြှင့်ခဲ့သော ၂၀၂၅ နိုဘယ်ငြိမ်းချမ်းရေးဆုကို အများထင်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မရရှိဘဲ ဗင်နီဇွဲလားမှ ဒီမိုကရေစီသူရဲကောင်း မာရီယာကော်ရီနာမာချာဒို ရရှိသွားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ဒုတိယမြောက် သမ္မတ သက်တမ်း ၉ လအတွင်း အိန္ဒိယ-ပါကစတန်၊ ထိုင်း -ကမ္ဘောဒီးယား ကာလတိုစစ်ပွဲများအပါ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းရေးပွဲစားအဖြစ် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့သောကြောင့် မိမိထက် ငြိမ်းချမ်းရေးပိုစွမ်းဆောင်နိုင်သူမရှိနိုင်ဟု ဆုပေးပွဲမတိုင်ခင် ပြောကြားခဲ့သေးသည်။ အစ္စရေးနှင့် ဟားမက်စ်တို့၏ ၂ နှစ်ကြာ ဂါဇာစစ်ပွဲသည်လည်း ဒေါ်နယ်ထရမ့်ကြောင့် အောက်တိုဘာ ၁၀ ရက်တွင် ပထမအဆင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံနှင့် သုံ့ပန်းများ လဲလှယ်နိုင်ရေး သဘောတူစာချုပ်နိုင်ခဲ့ရာ မိမိ၏ အအောင်မြင်ဆုံး ငြိမ်းချမ်းရေးပွဲစားလုပ်မှုဟု ထရမ့်က ဆိုခဲ့သေးသည်။

သို့သော် နိုဘယ်ဆုအတွက် ၅ ဦးပါ ကော်မတီက ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က တည်းက ငြိမ်းချမ်းရေးဆုရှင်ကို လျှောက်ထားသည့် လူပုဂ္ဂိုလ်နှင့်အသင်းအဖွဲ့ ၃၃၈ ခုထဲမှ ရွေးချယ်ထားပြီးဖြစ်ခြင်းကြောင့် ဂါဇာ ငြိမ်းချမ်းရေးကိစ္စသည် ထိုဆုံးဖြတ်မှုတွင် မပါဝင်နိုင်ခဲ့ပေ။

အမေရိကန်သမ္မတများသမိုင်းတွင် ဒေါ်နယ်ထရမ့်သည် ၅ ယောက်မြောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အဖြစ် မှတ်တမ်းဝင်လိုသည်ဟု ဝန်ခံပြောဆိုထားသော်လည်း ဆုရွေးချယ်ရေးအဖွဲ့က ထူထောင်သူ ဆွီဒင် ဓာတုဗေဒ ပညာရှင် အဲဖရတ်နိုဘယ်ဆန္ဒ၌ တိုင်းရင်းသားများအကြား ညီရင်းအစ်ကိုကဲ့သို ချစ်ခင်ရေး၊ အာဏာရှင်တပ်မတော်များ ဖျက်သိမ်းရေး သို့မဟုတ် လျှော့ချရေးနှင့် ငြိမ်းချမ်းရေး ကွန်ဂရက်များ ဖွဲ့စည်းခြင်းနှင့် ပြန့်ပွားရေးတို့အတွက် အဓိက အားစိုက်ကြိုးပမ်းသူများအတွက် ဆုက အဓိကထား စဉ်းစားပေးသဖြင့် ဗင်နီဇွဲလားပြည်သူများ ဒီမိုကရေစီအခွင့်အရေးများ ခံစားရရှိစေရေး အတွက် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရန် အစွမ်းကုန် ပေးဆပ်လုပ်ဆောင် နေသော မာရီယာကော်ရီနာ မာချာဒိုကို နိုဘယ်ဆု ပေးအပ်လိုက်သည်ဟု ကြေညာသွားခဲ့သည်။

အစောပိုင်းကတည်းက ဒေါ်နယ်ထရမ့်သည် အဆိုးရွားဆုံးဖြစ်နေသော ရုရှား၏ ယူကရိန်းကျူးကျော် စစ်အပေါ် တားဆီးနိုင်မှုမရှိသေးခြင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်သာယာ၀ပြောရေးအတွက် အဓိက အထောက်အပံ့များများကို ဖြတ်တောက်လိုက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNHCR ၊ ပါလက်စတိုင်း ရန်ပုံငွေအဖွဲ့ UNRWA တို့အား‌ ထောက်ပံ့မှုရပ်စဲလိုက်ခြင်း၊ ICJ နှင့် ICC ကဲ့သို့သော နိုင်ငံတကာ တရားစီရင်ရေး ရုံးများကို မျက်ကွယ်ပြုခြင်း၊ ဂါဇာတွင် အစ္စရေးမှ လူမျိုးတုံး ဗုံးကြဲတိုက်ခိုက်နေမှု၌ တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်တားဆီးခြင်းမပြုဘဲ အကြီးမားဆုံးအထောက်အပံ့ပင်ပေးနေခြင်းများ ကြောင့် မည်သို့မျှ ငြိမ်းချမ်းရေးနိုဘယ်ဆု မရနိုင်ဟု သုံးသပ်ခဲ့ကြသည့်အတိုင်း တကယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကိုကလင်း
Ref: ladbible
#MeKongNews
#နိုဘယ်ဆု
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်
#ဗင်နီဇွဲလား
#မာချာဒို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now