နေ့စဥ်သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် လာတွေ့

မဲခေါင် 9 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၉ မလေးရှားအစိုးရက ယနေ့ (အောက်တိုဘာ ၉ ရက်) တွင် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် မြန်မာနိုင်ငံ နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ မလေးရှားသည် လက်ရှိအာဆီယံ အလှည်ကျဥက္ကဌ တာဝန်ထမ်းဆောင်နေချိန် မြန်မာ့ပဋိပက္ခဖြေရှင်းနိုင်ရေး တတ်စွမ်းသမျှ ကြိုးစားရန် မြန်မာနိုင်ငံသို့ တစ်ရက်တာ ခရီးစဉ်သွားရောက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ မြန်မာ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး ၁ နှစ်အကြာ အာဆီယံမှ ချမှတ်ပေးခဲ့သော လမ်းစဉ် (၅) ရပ်ကို ထိပ်တန်း စစ်ခေါင်းဆောင်တချို့ လက်ခံခဲ့ပြီးမှ အကောင်အထည်မဖော်သဖြင့် မြန်မာစစ်အစိုးရကို အာဆီယံ

မဲခေါင်၊ အောက်တိုဘာ ၉

မလေးရှားအစိုးရက ယနေ့ (အောက်တိုဘာ ၉ ရက်) တွင် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် မြန်မာနိုင်ငံ နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားသည် လက်ရှိအာဆီယံ အလှည်ကျဥက္ကဌ တာဝန်ထမ်းဆောင်နေချိန် မြန်မာ့ပဋိပက္ခဖြေရှင်းနိုင်ရေး တတ်စွမ်းသမျှ ကြိုးစားရန် မြန်မာနိုင်ငံသို့ တစ်ရက်တာ ခရီးစဉ်သွားရောက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မြန်မာ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး ၁ နှစ်အကြာ အာဆီယံမှ ချမှတ်ပေးခဲ့သော လမ်းစဉ် (၅) ရပ်ကို ထိပ်တန်း စစ်ခေါင်းဆောင်တချို့ လက်ခံခဲ့ပြီးမှ အကောင်အထည်မဖော်သဖြင့် မြန်မာစစ်အစိုးရကို အာဆီယံ အစည်းအဝေးများမှ ပိတ်ပင်ထားခဲ့သည်။

သို့သော် မြန်မာပြည်တွင်းစစ်သည် စစ်အာဏာရှင်နှင့် တော်လှန်ရေးတပ်များအကြား တံခါးပိတ်အသွင်ဖြင့် တိုက်ပွဲများ ပြင်းထန်နေသည့်ကြားမှ ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ကာ ၎င်းတို့ စစ်အာဏာ ဆက်လက်တည်မြဲစေရန် အတိုက်အခံပါတီများအား ဖယ်ရှားပြီး လက်အောက်ခံပါတီအနည်းငယ်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပလိုနေခြင်း ဖြစ်သည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် ဇူလိုင်လက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံသည် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ ဦးစားပေးအဖြစ် ရှုမြင်ခြင်းမရှိဘဲ ငြိမ်းချမ်းရေး ကတိကဝတ်များကိုလိုက်နာခြင်းကသာ အဓိကကျကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခု နေပြည်တော်ခရီးစဉ်တွင်လည်း စစ်ကောင်စီအား ငြိမ်းချမ်းရေး အဆိုပြုချက်များကို လိုက်နာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူများကို ဝင်ရောက်ခွင့်ပြုခြင်းနှင့် အားလုံး ပါဝင်သည့် စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးအဖြေရှာရန် တိုက်တွန်းရေး ရည်ရွယ်သွားရောက်ခြင်းဖြစ်သည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကိုကလင်း
Ref: straitstimes
#MeKongNews
#မလေးရှား
#အာဆီယံ
#မင်းအောင်လှိုင်
#စစ်ကောင်စီ
#မိုဟာမက်ဟာဆန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now