ကမ္ဘာ့သတင်း

တောင်ကိုရီးယား TikTok ဆယ်လီ Live လွှင့်ပြီး မိနစ် ၃၀ အကြာတွင် သတ်ခံရပြီး အိတ်ထဲထည့် စွန့်ပစ်ခံရ

မဲခေါင် 7 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၇ TikTok တွင် Followers ၃ သိန်းကျော်ရှိသော အသက် ၂၀ ဝန်းကျင်သာရှိသည့် တောင်ကိုရီးယားသူ ယွန်ဂျီအာသည် နောက်ဆုံး Livestream လွှင့်အပြီး မိနစ် ၃၀ အကြမှာပင် ရက်စက်စွာ ရိုက်နှက် နှိပ်စက်ခံရကာ တောင်တန်းထူထပ်သည့် ဂျိုရယ်လာခရိုင်မြောက်ပိုင်း မူဂျူစီရင်စု၌ အိတ်ထဲအလောင်းထည့် စွန့်ပစ်မှုဖြစ်ပွားခဲ့သည်။ ယွန်ဂျီအာ နောက်ဆုံးရိုက်ကူးရေးလုပ်ခဲ့သည့်နေရာမှာ အင်ချွန်းရှိ ယွန်ဂျွန်းကျွန်းပေါ်တွင်ဖြစ်ကာ အလောင်းတွေ့ရှိသောနေရာနှင့် ၃ နာရီကြာ ကားမောင်းခရီးအကွာအဝေးရှိသည်ဟု ဆိုသည်။ စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှတ်တမ်းများအရ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကားအတွင်းမှ ယွန်ဂျီအာ တံခါးတွန်းဖွင့်ထွက်ပြေရန် ကြိုးစားနေသည့်မြင်ကွင်အား

မဲခေါင်၊ အောက်တိုဘာ ၇

TikTok တွင် Followers ၃ သိန်းကျော်ရှိသော အသက် ၂၀ ဝန်းကျင်သာရှိသည့် တောင်ကိုရီးယားသူ ယွန်ဂျီအာသည် နောက်ဆုံး Livestream လွှင့်အပြီး မိနစ် ၃၀ အကြမှာပင် ရက်စက်စွာ ရိုက်နှက် နှိပ်စက်ခံရကာ တောင်တန်းထူထပ်သည့် ဂျိုရယ်လာခရိုင်မြောက်ပိုင်း မူဂျူစီရင်စု၌ အိတ်ထဲအလောင်းထည့် စွန့်ပစ်မှုဖြစ်ပွားခဲ့သည်။

ယွန်ဂျီအာ နောက်ဆုံးရိုက်ကူးရေးလုပ်ခဲ့သည့်နေရာမှာ အင်ချွန်းရှိ ယွန်ဂျွန်းကျွန်းပေါ်တွင်ဖြစ်ကာ အလောင်းတွေ့ရှိသောနေရာနှင့် ၃ နာရီကြာ ကားမောင်းခရီးအကွာအဝေးရှိသည်ဟု ဆိုသည်။

စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှတ်တမ်းများအရ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကားအတွင်းမှ ယွန်ဂျီအာ တံခါးတွန်းဖွင့်ထွက်ပြေရန် ကြိုးစားနေသည့်မြင်ကွင်အား မြင်တွေ့ရသလို အတွင်းမှ ဆောင့်စွဲပြီး တံခါးပြန်ပိတ်သွားမှုကို မြင်တွေ့ခဲ့ရသည်။

သံသယတရားခံ ချွိုင် (အွန်လိုင်းအမည် ကြောင်နက်) အား အလောင်းတွေ့ရှိပြီး ၁၂ နာရီအကြာတွင် ဖမ်းဆီးခဲ့ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ၌ တောင်ကိုရီးယား သတင်းများတွင် စုံစမ်းမှု အခြေအနေအရပ်ရပ်ကို မီးမောင်းထိုးဖော်ပြနေကြသည်။

အသက် ၅၀ ဝန်းကျင်ရှိ ချွိုင်သည် ဘ၀နှစ်မျိုးနှင့် နေထိုင်သူဖြစ်ကာ ယွန်အား သူသည် IT ကုမ္ပဏီမှ စီအီးအိုဟု မိတ်ဆက်ကာ ပူးတွဲလုပ်ငန်းရှင်များနှင့် ယွန်အား လူမှုကွန်ရက်ပေါ်၌ ပိုမိုအောင်မြင်စေမည်ဟု ကတိပြုခဲ့ကြောင်း၊ ချွိုင်သည် ယွန်းကဲ့သို့သော် အွန်လိုင်းဆယ်လီ ဩဇာလွှမ်းမိုးသူများထဲ VIP တစ်ဦးအဖြစ်နှင့် အလွန်တန်ဖိုးကြီးမားသည့် လက်ဆောင်များ၊ ငွေများပေးနေကြဖြစ်ရာမှ နောက်ဆုံး ကြွေးမြီများစွာတင်ရှိပြီး နေအိမ်ကိုပင် လေလံတင်ရောင်းချနေရသူဖြစ်သည်ဟု ဒေသတွင်း Soap Central မီဒီယာက ဖော်ပြခဲ့သည်။

မည်မျှ ငွေသုံးကြမ်းခဲ့သနည်းဆိုလျှင် လူမှုကွန်ရက်ပလက်ဖောင်း တစ်ခု၌ level ၅၆ အထိပင်ရောက်ကာ ထို့အတွက် ဝမ် သန်း ၁၀၀ (ပေါင် ၅၃၀၀၀) သုံးခဲ့သည်ဟုပင် ဆိုသည်။

တောင်ကိုရီးယား ဖျော်ဖြေရေးသတင်းစဉ် Kbizoom ဖော်ပြမှု၌ စီစီတီဗီမှတ်တမ်းအရ ချွိုင်သည် ယွန်အား သူနှင့်အတူ အလုပ်များဆက်လုပ်ရန် အခင်မဖြစ်မီ အချိန်ပိုင်း၌ ဒူးထောက်ကာပင် တောင်းပန်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ယွန်ဘက်မှ အလုပ်ချိန် ချိန်းဆိုမှုများ ဘဝင်မကျခြင်း၊ မဖြစ်နိုင်သောတောင်းဆိုမှုများ တောင်းဆိုခြင်းတို့ကြောင့် ဆက်လက်မတွဲဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ရာမှ ယခုလို လူသတ်ပြီး အိတ်ထဲထည့်ကာ အလောင်းသွားစွန့်ပစ်မှုဖြစ်ခဲ့ရသည်ဟု ဖော်ပြသွားသည်။

စီစီတီဗီမှတ်တမ်းအရ သေဆုံးသူအား ထုပ်ထားသည့် အိတ်ကိုလည်း ချွိုင်သည် တောင်းပန်ပြီး နာရီပိုင်း အကြာတွင် ဆွဲလာသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးကာ စစ်ဆေးစဉ် ကနဦး ငြင်းဆိုပြီးနောက် နောက်ပိုင်းမှ အပြစ်ဝန်ခံခဲ့သည်ဟု ဒေသတွင်း The Chosun Daily နှင့် Chosun Biz မီဒီယာများက ဖော်ပြသွားခဲ့ကြသည်။

ထိုသို့ ရက်စက်စွာသတ်ဖြတ်ရခြင်းမှာ အွန်လိုင်းဆယ်လီများအပေါ် အလွန်အကျူး ငွေပေးခြင်းများမှ စီးပွားပျက်ခြင်းနှင့် ဆက်စပ်ပြီး သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့သည်။

Ref: Thesun
#MeKongNews
#တောင်ကိုရီးယား
#တစ်တော့
#လူသတ်မှု
#အွန်လိုင်းဆယ်လီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now