မဲခေါင်၊ အောက်တိုဘာ ၆
အောက်တိုဘာ ၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် ကန်ချနာဘူရီခရိုင်၌ ခြင်္သေ့တစ်ကောင်အရပ်ထဲလွတ်လာပြီး ကလေးအရွယ်သာရှိသေးသော ကောင်လေးတစ်ဦးအား ကိုက်သဖြင့် ခြင်္သေ့မွေထားသည့်ပိုင်ရှင်ကို အရေးယူသွားမည်ဟု ထိုင်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အက်သာပိုချာရိုအန်ချန်ဆာ က အတည်ပြုထုတ်ပြန်ခဲ့သည်။
ကန်ချနာဘူရီခရိုင်၊ ဘိုဖလွိုင်ခရိုင်ခွဲ နောင်ခန်းအရပ်၌ ထိုအခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခြင်္သေ့အား နေအိမ်တွင် မွေးထားသည့်ပိုင်ရှင်မှာ မစ္စတာပါရင်ယာဆိုသူဖြစ်ကာ ခြင်္သေ့ကိုက်ခံရသည့်ကလေးအား ဆူရာဆီကမ့်ဆေးရုံသို့တင်ပို့ ကုသနေရကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ တိုက်ခိုက်တတ်သော တောရိုင်းတိရစ္ဆာန်အား မွေးထားသူသည် ထိုတိရစ္ဆာန်လွတ်မြောက်သွားပါက ဥပဒေချိုးဖောက်ခြင်းမည်ကာ ထောင်ဒဏ် ၆ လ သို့မဟုတ် ဘတ် ၅၀၀၀၀ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ် ၂ ရပ် စလုံး ကျခံရနိုင်သည်ဟု ပြဌာန်းထားသောကြောင့် ဥပဒေအရ အရေးယူသွားမည်ဟု အက်သာပိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုခြင်္သေ့အား သက်သေအဖြစ် ထိန်းသိမ်းထားပြီး ထိန်းသိမ်းထားစဉ်ကာလအတွင်း ကျွေးမွေးစောင့်ရှောက်စားရိတ်အားလုံး ပိုင်ရှင်က ပြန်ပေးလျော်ရဦးမည်ဟုလည်း ဆိုသည်။
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ခြင်္သေ့
#တောရိုင်းတိရိစ္ဆာန်
#ကန်ချနာဘူရီ








