မဲခေါင်၊ အောက်တိုဘာ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟားမက်စ်ဘက်မှ ဖမ်းဆီးထားသည့် ဓားစာခံလက်ကျန်အားလုံးကို လွှတ်ပေးမည်ဟု ကတိပြုသဖြင့် အစ္စရေးအနေဖြင့် ဂါဇာအတွင်း ဆက်လက်ဗုံးကြဲတိုက်ခိုက်မှုများ မလုပ်ရန် တိုက်တွန်းသွားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် ဒေါ်နယ်ထရမ့်က အချက် ၂၀ ပါ အစ္စရေးနှင့် ဟားမက်စ် ငြိမ်းချမ်းရေး သဘောတူညီချက်အဆိုကို ဟားမက်စ်ဘက်မှ မလိုက်နာပါက ၃၊ ၄ ရက်အတွင်း ငရဲရောက်မှ ပြန်ပေ ဆပ်ကြတော့ဟု ရာဇသံပေးခဲ့ပြီးနောက် ဟားမက်စ်ဘက်မှ ယင်းငြိမ်းချမ်းရေးအဆိုကို လက်ခံခြင်း ရှိ၊ မရှိ သဲကွဲစွာမသိရသေးသော်လည်း ဓားစာခံအားလုံးပြန်လွှတ်ပေးရန် သဘောတူညီပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်က “အစ္စရေးဟာ မဖြစ်မနေ ဂါဇာတွင်း ဗုံးကြဲနေမှုတွေကို ရပ်တန့်ရပါမယ်။ ဒါမှ ဓားစာခံတွေကို အမြန်ဆုံးနဲ့ ဘေးကင်းစွာ ပြန်ရနိုင်မှာပါ။ ဒီအချိန်ဟာ တိုက်ခိုက်မှုလုပ်ရင် အရမ်း အန္တရာယ်ကြီးပါတယ်။ အလုပ်ဖြစ်ဖို့ ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးမှုတွေ စလုပ်နေပါပြီ။ ဂါဇာ အရေးတစ်ခုတည်းမဟုတ်ဘဲ ကာလရှည်ကြာတည်ရှိနေတဲ့ အရှေ့အလယ်ပိုင်းအရေးတစ်ခုလုံးအတွက်ပါ ငြိမ်းချမ်းရေးရဖို့ လုပ်နေတာပါ” ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ဟားမက်စ်ဘက်ကလည်း သေဆုံးနှင့်ပြီးသားနှင့် ရှင်လျက်ကျန်နေသည့် ဓာစားခံအားလုံးအား အမေရိကန်ကြားဝင်ဆွေးနွေးသော ငြိမ်းချမ်းရေးအဆိုပြုချက်ပါ ကတိကဝတ်တစ်ခုအဖြစ် လွှတ်ပေးမည်ဖြစ်ကာ ချင့်တွက်မှုများလုပ်ပြီး ဆက်လက်ဆွေးနွေးသွားမည်ဟု ထုတ်ပြန်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဟားမက်စ်
#ဓားစာခံ
#အစ္စရေး
#ဒေါ်နယ်ထရမ့်








