မဲခေါင်၊ စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံတွင်း မိုးသည်းထန်ရွာသွန်းခြင်းကြောင့် ကျောက်ဖရားဆည်မှ ရေမထိန်းနိုင်သဖြင့် စက်တင်ဘာ ၂၄ ရက်တွင်းလည်း တစ်စက္ကန့် ရေကုဗမီတာ ၂၂၀၀ နှုန်း ဆက်လွှတ်နေရကာ ကျောက်ဖရားမြစ်၊ မယ်နမ်နွိုင်မြစ်ရေများသည်လည်း ဆိုးရွားစွာမြင့်တက်နေသောကြောင့် အယုဒ္ဓယ ခရိုင်တစ်ခုံးလုံး ဆိုးရွားစွာ ရေနစ်မြုပ်နေပြီဖြစ်သည်။
ယခင်ရက်ကတည်း ဆီနာခရိုင်ရှိ သက်ကြီးရွယ်အို ၂ ဦး ရေနစ်သေဆုံးခဲ့ရပြီး စက်တင်ဘာ ၂၄ ရက်တွင် ဟွာဝီယန်ခရိုင်မှ နောက်တစ်ဦး ရေနစ်သေဆုံးသည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ခဲ့သဖြင့် သေဆုံးသူ ၃ ဦး ရှိလာခဲ့ပြီဖြစ်သည်။
စူပါတိုင်ဖွန်းမုန်တိုင်း ရာကာဆာသည် ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက် တိုက်ခတ်မှုမရှိခဲ့သော်လည်း မိုးဆက်တိုက်သည်းထန်လွန်းခြင်းကြောင့် ချန်သာဘူရီခရိုင်တွင်လည်း ဆူရာဘက်တောင်ပေါ်မှ ကျလာသည့်တောင်ကျရေများမရပ်ဘဲ ဖီလူရေတံခွန်ဥယျာဉ်တစ်ခုလုံးသာမက ခရိုင်နေရာများစွာတွင် ဆိုးရွားစွာ ရေနစ်မြုပ်နေသဖြင့် ကျောင်းများ၊ အလုပ်များ ပိတ်ထားရသည်။
ထိုင်းနိုင်ငံအတွင်း လတ်တလော ခရိုင် ၁၆ ခု၊ ခရိုင်မြို့ ၆၃ ခုတွင် ရေကြီးနေပြီး ခရိုင်ခွဲ ၃၇၂ ခု၊ ရွာပေါင်း ၂၀၇၇ ရွာ၊ အိမ်ထောင်စုပေါင်း ၇၄၉၇၂ စု၊ လူပေါင်း ၂၅၁၃၈၂ ဦး ရေဘေးဒဏ်ခံနေရကြောင်း ထိုင်း ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန (DDPM) က ထုတ်ပြန်ကြေညာထားသည်။
ကိုကလင်း
Ref: Khaosod & Bangkokpost
#MeKongNews
#ကျောက်ဖရားမြစ်
#အယုဒ္ဓယ
#ရေကြီးရေလျှံ
#ထိုင်းနိုင်ငံ








