မဲခေါင်၊ စက်တင်ဘာ ၂၄
ရုရှား၏ ယူကရိန်းကျူးကျော်စစ် ငြိမ်းချမ်းရေးရရှိရန် အလက်စကားသို့ ပူတင်ကိုပင်ခေါ်ယူ စည်းရုံးအဆိုပြုခဲ့သော်လည်း လက်မခံသည့်အပြင် ပိုဆိုးသည့် တိုက်ခိုက်စော်ကားမှုများပါ လုပ်ဆောင်လာသောကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ခံယူချက်နှင့်စိတ်ပိုင်းဖြတ်မှုကို ပြောင်းလဲလိုက်ကာ ယူကရိန်းအနေဖြင့် ရုရှားထံမှ သိမ်းပိုက်ခံနယ်မြေအားလုံး ပြန်ယူနိုင်ကြောင်း၊ ရုရှားလေယာဉ်များ နေတိုးပိုင်နက်အတွင်း ဝင်လာလျှင်လည်း ပစ်ချသင့်ကြောင်း ယတိပြတ်ပြောကြားသွားခဲ့သည်။
ယူကရိန်းသမ္မတ ဇီလန်းစကီးနှင့် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ယခုလို ပို့စ်တင်သွားခဲ့ခြင်း ဖြစ်သည်။
“ယူကရိန်းဟာ ဥရောပသမဂ္ဂရဲ့ ထောက်ပံ့မှုနဲ့ ရုရှားကို တိုက်ပွဲဝင်ပြီး မူလသူတို့ပိုင်ထားတဲ့ နယ်မြေအားလုံးကို ပြန်အောင်နိုင်သိမ်းပိုက်နိုင်မယ် ထင်ပါတယ်။ သူတို့နိုင်ငံ ပထမတည်ထောင်ထားတဲ့ နယ်မြေအားလုံးကို ပြန်ရယူနိုင်မှာပါ။ လိုတာထက်တောင် ပိုယူသွားနိုင်လောက်ပါသေးတယ် “ ဟုပင် ပြောဆိုကာ ရုရှားသည် စက္ကူကျားသာ ဖြစ်သည်ဟုလည်း မှတ်ချက်ပေးသွားသည်။
ထရမ့်သည် ပူတင်နှင့် ငြိမ်းချမ်းရေးရယူရန် လုပ်ဆောင်စဉ် ယူကရိန်းဘက်မှ နယ်မြေတချို့ကို ပေးရမည်ဟု အဆိုပြုခဲ့ရာမှ ယခု ဇီလန်းစကီးနှင့် ၂ ယောက်တည်း ၂၄ နာရီကြာ တွေ့ဆုံဆွေးနွေးမှုအပြီး ရုရှား အပေါ် ဆက်ဆံပုံကို တစ်ဆစ်ချိုးပြောင်းလဲကာ ၎င်းနှင့် ပူတင်အကြား ဆက်ဆံရေးသည် မည်သည့်အဓိပ္ပါယ်မျှ မရှိတော့ဟုလည်း ပြောသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဒေါ်နယ်ထရမ့်
#ဇီလန်းစကီး
#ရုရှား
#ယူကရိန်း








