နေ့စဥ်သတင်း

ရွာငံတွင် လှိုဏ်ဂူထဲစစ်ရှောင်နေသည့် မိသားစု ၂ စုကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးစစ်ဆေးနေ

မဲခေါင် 24 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၄ တောတောင်လှိုဏ်ဂူတစ်ခုအတွင်း ပုန်းခိုစစ်ရှောင်နေသည့် ၉နှစ်သမီးအပါအဝင် လူ ၆ဦးကို ရှမ်းပြည်၊ ဓနုနယ်မြေနှင့် ဆက်စပ်သည့် သာစည်နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အရ သိရသည်။ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေးဝင်ရောက်နေသည့် နေပြည်တော်တိုင်းမှ စစ်ကြောင်း၂ကြောင်းသည် နန်းတွင်း(လပခ)အမိန့်ဖြင့် မိထ္တီလာ၊ သာစည်နှင့် ရှမ်းပြည် ဓနုနယ်မြေ ရွာငံတကြော ရှင်းလင်းရာမှ လှိုဏ်ခေါင်းတစ်ခုကို တွေ့ရှိရပြီးယင်းကိုရှင်းလင်းရာမှ မိသားစု ၂စု၊ လူ၆ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ စက်တင်ဘာ ၂၃ရက်မှာ စစ်ရေးသတင်း အရင်းအမြစ်၏ ပြောပြချက်အရ သိရသည်။ တွေ့ရှိရသည်မှာ တောင်သူမိသားစု ကျား ၃ဦး၊ မ ၃ဦး မိသားစု

မဲခေါင်၊ စက်တင်ဘာ ၂၄

တောတောင်လှိုဏ်ဂူတစ်ခုအတွင်း ပုန်းခိုစစ်ရှောင်နေသည့် ၉နှစ်သမီးအပါအဝင် လူ ၆ဦးကို ရှမ်းပြည်၊ ဓနုနယ်မြေနှင့် ဆက်စပ်သည့် သာစည်နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အရ သိရသည်။

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေးဝင်ရောက်နေသည့် နေပြည်တော်တိုင်းမှ စစ်ကြောင်း၂ကြောင်းသည် နန်းတွင်း(လပခ)အမိန့်ဖြင့် မိထ္တီလာ၊ သာစည်နှင့် ရှမ်းပြည် ဓနုနယ်မြေ ရွာငံတကြော ရှင်းလင်းရာမှ လှိုဏ်ခေါင်းတစ်ခုကို တွေ့ရှိရပြီးယင်းကိုရှင်းလင်းရာမှ မိသားစု ၂စု၊ လူ၆ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ စက်တင်ဘာ ၂၃ရက်မှာ စစ်ရေးသတင်း အရင်းအမြစ်၏ ပြောပြချက်အရ သိရသည်။

တွေ့ရှိရသည်မှာ တောင်သူမိသားစု ကျား ၃ဦး၊ မ ၃ဦး မိသားစု ၂စု ဖြစ်ပြီး ယင်းထဲတွင် ၉ နှစ်အ ရွယ် သမီးလေး တစ်ယောက်ပါသလို အသက် ၂၂ နှစ်အရွယ် သားယောက်ျားလေး တစ်ယောက်လည်း ပါကြောင်း သိရသည်။

ယင်းဖမ်းဆီးခံရသူများမှာ ရွာငံမြို့နယ် ကျောက်တောကျေးရွာမှ ဓနုလူမျိုးတောင်သူ ဦးသန်းလှိုင်၅၄နှစ်၊ ၎င်းနှင့်အတူ ဒေါ်ခင်ညိုမြတ် ၅၂နှစ်၊ မောင်ကျော်မင်း၂၂နှစ်၊ သာစည်မြို့နယ်၊ ဖိုးသာနိုင်ကျေးရွာမှ တောင်သူ ဦးမောင်မြင့် ၅၂နှစ်နှင့် ၎င်းတို့၏သမီးဖြစ်သူ မဇင်မာမိုး ၉နှစ်တို့ဖြစ်ကြကြောင်း သိရသည်။

၎င်းတို့နှင့်အတူ တူမီး၂လက်၊ ပစ္စတို ၁လက်၊ ကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု၊ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA ၏ ရာဘာလေဆာတံဆိပ်တုံး တစ်ခု၊ လက်မောင်းတံဆိပ် ၂၉ ခု ၊ အနီရောင်ကြယ်ဖြူ အလံ တစ်ထည်ပါ သိမ်းဆည်းရမိသည်ဟု သတင်းထွက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“လက်ရှိမှာတော့ ဖမ်းသွားတဲ့သူတွေကို ခလရ၈၅ က မိထ္တီလာတပ်နယ်ကိုလွှဲပြောင်းပေးတာ။ တပ်နယ်ထဲမှာ စစ်ကြောရေးဝင်နေတယ်သိရတယ်။ ၉နှစ်ကလေးတော့ ပါမပါမသိရဘူး” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ယင်းကိစ္စ အတည်ပြုနိုင်ရန် DSNDA သို့ မဲခေါင်မှ ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေးတာဝန်ခံ ကျားပျံက ၎င်းတို့တော်လှန်ရေးဘက်မှ မဟုတ်ဘဲ စစ်ရှောင်ပြည်သူများသာ ဖြစ်သည်ဟု မဲခေါင်ကို ပြန်လည်ပြောကြားသည်။

“ရွာတွေက စစ်ကြောင်းတွေကို ကြောက်ပြီး တောတောင်ထဲ ပုန်းနေရတဲ့သူတွေအများကြီးပဲ။ မင်းပလောင်ရွာဆို တစ်ရွာလုံးပဲ” ဟု ကျားပျံက မဲခေါင်သို့ ယနေ့ စက်တင်ဘာ၂၄ရက်တွင် ပြန်လည်ဖြေကြားသည်။

လပခနယ်နှင့် ရပခနယ်များကို စစ်ကြောင်းများဖြန့်၍ ထိုးနေသဖြင့် ဓနုနယ်မြေရွာငံနယ်တွင် မင်းပလောင်လို ရွာများမှ ဒေသခံများ တောတောင်များအတွင်း ပုန်းအောင်း စစ်ရှောင်နေကြရကြောင်း DSNDA ကပြောသည်။

ရှမ်းပြည်၊ ရွာငံနယ် ကျောက်ဌက် နှင့် အလည်ချောင်းရွာများတွင်မူ တမခ၅၅ မှ အင်အား၂၀၀ ပါ ဗျူဟာတစ်ခု စစ်ကြောင်းထိုးနေပြီး ယင်းတပ်မလက် အောက်ခံ ကလောမှ ခလရ၇ သည်ယနေ့တွင် နောက်တန်းသို့ ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။

#MeKongNews
#ရွာငံမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ဓနုနယ်မြေ
#ဖမ်းဆီးခံရမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now