မဲခေါင်၊ စက်တင်ဘာ ၂၂
စက်တင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၀ မိနစ်တွင် ထိုင်းနိုင်ငံ ပသမ်ဌာနီခရိုင် ၃၄၆ အဝေးပြေးကားလမ်းပေါ်၌ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် တိုယိုတာဗန်ကား ယာဉ်မောင်း အိပ်ပျော်သွားသဖြင့် လမ်းဘေး ကွန်ကရစ်အကာပေါ်သို့ ကားတက်သွားကာ သံဆိုင်းဘုတ်တိုင်အား ထပ်တိုက်မိသွားသဖြင့် မြန်မာ ၂ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပသမ်ဌာနီရဲစခန်းမှ တာဝန်ရှိသူများ၊ ဖို့တက်တန်ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး သမားများ၊ လ၀ကရဲများ အခင်းဖြစ်ရာသို့ ရောက်ရှိစဉ် ကားအတွင်း အော်ဟစ်ညည်းညူနေသူများကို တွေ့ရကာ ယာဉ်မောင်းနှင့် အခြားအမျိုးသမီးတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးစလုံးမှာလည်း မြန်မာ များဖြစ်ကြောင်း၊ ထိုင်းစကားမတတ်သူများဖြစ်သည့်အတွက် ချက်ချင်း မေးမြန်းစုံစမ်းမရသေးဘဲ ၉ ဦး ဒဏ်ရာရမှုတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးပါကြောင်း သိရသည်။
ရှေ့ခန်းဘေးခုံနှင့်နောက်ထိုင်ခုံတွင် ၂ ဦး ပြင်းထန်သောဒဏ်ရာများဖြင့် ညပ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့က ဖြတ်တောက်ကာ ခက်ခဲစွာ ကယ်တင်ခဲ့ပြီး လတ်လမ်ခဲရို ဆေးရုံသို့ ပို့ဆောင်ထားကာ ထိုင်းလ၀ကရဲက မည်သည်လမ်းမှ ထို မြန်မာရွှေ့ပြောင်းလုပ်သားများ ဝင်လာပြီး တရားဝင်လာသူများဟုတ်၊ မဟုတ်၊ ခိုးဝင်သူများဟုတ်၊ မဟုတ် စစ်ဆေးမည်ဖြစ်ကာ လူမှောင်ခိုမှုတွင် ပါဝင်သူများအား သတင်းပေးကြရန် ထုတ်ပြန်တိုက်တွန်းခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#မြန်မာလုပ်သား
#ထိုင်းနိုင်ငံ
#ယာဉ်တိုက်မှု
#သေဆုံး








