မဲခေါင်၊ ဩဂုတ် ၃၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခွင့်ပြုထားပြီးဖြစ်သော ပြည်ပအထောက်အပံ့ ငွေကြေး ဒေါ်လာ ၅ ဘီလီယံနီးပါးကို ပြန်သိမ်းဆည်းမည်ဟု အမေရိကန်လွှတ်တော်ထံ အသိပေးခဲ့ ကြောင်း အစိုးရ စီမံခန့်ခွဲရေးအကြီးအကဲ တစ်ဦးထံမှ သိရှိရသည်။
ပြည်ပအထောက်အပံ့များနှင့်ပတ်သက်ပြီး လွှတ်တော်အာဏာကို ဒေါ်နယ်ထရမ့်က သမ္မတအာဏာသုံး ကာ ဆန့်ကျင်စစ်ခင်းနေရာ ယခု ဘဏ္ဍာရေးနှစ်ကုန်ချိန်ကို အသုံးချကာ ထိုအချိန် ပြန်လည် သိမ်းဆည်း သွားမည်ဟု အသိပေးခဲ့ကာ လွှတ်တော်က ဥပဒေကြောင်းအရ စက်တင်ဘာလကုန်တွင် ထိုအသိပေးမှု ကို မလုပ်ပေးနိုင်လျှင် ၎င်းကိုယ်တိုင် အာဏာဖြင့် ဖြတ်တောက်သွားမည်ဟုလည်း ရာဇသံပေးခဲ့သည်။
အတည်ပြုပြီးသား ပြည်ပအထောက်အပံငွေများထဲတွင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ထောက်ပံ့ရေးရန်ပုံငွေ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ၊ USAID- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဒီမိုကရေစီရန်ပုံငွေ ဒေါ်လာ ၃၂၂ သန်း၊ နိုင်ငံတကာအဖွဲ့အစည်း များသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးရန်အတည်ပြုထားသည့် ဒေါ်လာ ၅၂၁ သန်း၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးရန်ဆုံးဖြတ်ထားသည့် ဒေါ်လာ ၃၉၃ သန်း၊ အခြားသော ငြိမ်းချမ်းရေးအကူအညီအထောက်အပံ့ ဒေါ်လာ ၄၄၅ သန်းတို့ ပါဝင်သည်ဟု သိရသည်။
ကိုကလင်း
Ref: japantimes
#MeKongNews
#ဒေါ်နယ်ထရမ့်
#USAID
#ပြည်ပအထောက်အပံ့
#အမေရိကန်








