မဲခေါင်၊ ဩဂုတ် ၂၂
ဩဂုတ် ၈ ရက်မှ ၁၂ ရက်အထိ နည်းပညာအခြေပြု ကျားဖြန့် စစ်ဆင်ရေး ကော်မတီဖွဲ့ကာ ကမ်ပေါ့ ခရိုင်အတွင်း စီးနင်းဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ပြီးနောက် လူမှောင်ခို၊ လူသတ်မှုများပင် ကျူးလွန်ခဲ့သည့် ကျားဖြန့် ရာဇဝတ်ခေါင်းဆောင်ပိုင်း ၁၄ ယောက်ကို ဖမ်းမိခဲ့သည်ဟု ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ဩဂုတ် ၁၉ ရက်တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဘန်ကောမြို့ ရိုလူယို့စ်ရွာ နှင့် ဘိုအန်းတောက် အမှတ် (၃) နှင့် (၄) နယ်မြေ ၂ ခုကို ပစ်မှတ်ထားစီးနင်းခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်ပိုင်း ၁၄ ယောက်ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ပထမနေရာစီးနင်းမှုတွင် အိမ်တစ်လုံးအတွင်း ကျားဖြန့်လုပ်သည့် ဖုန်း ၃၀၁ လုံးနှင့် အခြားပစ္စည်ကိရိယာများ၊ ဒက်စတော့ ကွန်ပျူတာ ၃၉ လုံး၊ တက်ဘလက် ၁၄ လုံးနှင့်အတူ သံသယ တရားခံ ၃ ဦးကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း၊ ထို ၃ ဦးအား စစ်ကြေားရေးလုပ်အပြီး ခေါင်းဆောင် များကိုပါ ၀ရမ်းထုတ်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဒုတိယ စီးနင်းသည့်နေရာတွင် ဆောင်ဂျင်ဆင်းဟု အမည်ရ သော ကားအတွင်းသေဆုံးနေသည့် တရုတ်အမျိုးသားအလောင်းပါတွေ့ရပြီး အနီးရှိ ကျားဖြန့်အဆောက်အအုံသို့ ဝင်ရောက်စီးနင်ခဲ့ရာ လူသတ်မှုနောက်ကွယ်မှ သံသယတရားခံ ၄ ယောက် ကိုဖမ်းဆီးရမိကြောင်း၊ လူမှောင်ခိုကူးခံရပြီး အဓမ္မကျားဖြန့်လုပ်ခိုင်းထားသည့် တောင်ကိုရီးယားသား ၁၀ ယောက်ကျော်ကိုလည်း ကယ်တင်ကာ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၉ ရက်တွင် ကွင်းဆက် သံသယတရားခံများအဖြစ် လူသတ်မှု၌ ပါဝင်သည့် ပြည်ပနိုင်ငံသား ၅ ယောက်ကို ရိုလူးယို့စ်ရွာတွင် ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်။ နောက် ၃ ရက်အကြာတွင် ကမ်ပေါ့ခရိုင်တရားရုံးက လူမှောင်ခိုကူးခြင်း၊ လူရောင်းစားခြင်းများပါ လုပ်ဆောင်သည့် ကျားဖြန့် ခေါင်းဆောင် ပြည်ပသား ၄ ဦးနှင့် ကမ္ဘောဒီးယား သားတစ်ဦးကို ဖမ်း၀ရမ်းထုတ်ပြီး ထပ်မံဖမ်းဆီးခဲ့သည်။
ကိုကလင်း
Ref: phnompenhpost
#MeKongNews
#ကမ္ဘောဒီးယား
#ကျားဖြန့်
#ဖနွမ်းပင်
#လူသတ်မှု








