နေ့စဥ်သတင်း

ကမ္ဘောဒီးယားလုပ်သားများနေရာ သိရိလင်္ကာမှ လုပ်သား ၁၀၀၀၀ အစားထိုးတင်သွင်းရန် ထိုင်းအစိုးရအဖွဲ့ အတည်ပြု

မဲခေါင် 20 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၀ နယ်စပ်ဒေသ အငြင်းပွားပိုင်နက်မြေကြောင့် မကြာသေးမီက စစ်ပွဲဖြစ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားသို့ ပြည်တော်ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် အစားထိုးနိုင်ရေး သီရိလင်္ကာမှ အလုပ်သမား ၁၀၀၀၀ ဦးစွာခေါ်ယူအစားထိုးမည်ဟု ထိုင်းအစိုးရအဖွဲ့က ဩဂုတ် ၁၉ ရက်တွင် အတည်ပြုခဲ့သည်။ ထိုင်းအလုပ်သမားဝန်ကြီး ဖွန်ကာဝင်က သီရိလင်္ကာမှ အလုပ်သမား ၁၀၀၀၀ ကို နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) နှင့် ခေါ်ယူသွားရန် လက်မှတ်ရေးထိုးသဘောတူခဲ့ပြီဖြစ်ကြောင်း၊ နောက်တစ်လ အကြာ သင်တန်းပေးမှုအပြီးတွင် ၃၀၀၀၀ အထိတိုးမြှင့်ခေါ်ယူသွားဖွယ်ရှိကြောင်း ထုတ်ပြန်ပြောဆို ခဲ့သည်။ ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားလုပ်သားများစွာ ပြန်သွားခြင်းကြောင့် အလုပ်သမား ရှားပါးမှုဖြစ်ပေါ်နေခြင်း ကို ဖြေရှင်းနိုင်ရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနက အချက် ၅ ချက်ကို

မဲခေါင်၊ ဩဂုတ် ၂၀

နယ်စပ်ဒေသ အငြင်းပွားပိုင်နက်မြေကြောင့် မကြာသေးမီက စစ်ပွဲဖြစ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားသို့ ပြည်တော်ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် အစားထိုးနိုင်ရေး သီရိလင်္ကာမှ အလုပ်သမား ၁၀၀၀၀ ဦးစွာခေါ်ယူအစားထိုးမည်ဟု ထိုင်းအစိုးရအဖွဲ့က ဩဂုတ် ၁၉ ရက်တွင် အတည်ပြုခဲ့သည်။

ထိုင်းအလုပ်သမားဝန်ကြီး ဖွန်ကာဝင်က သီရိလင်္ကာမှ အလုပ်သမား ၁၀၀၀၀ ကို နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) နှင့် ခေါ်ယူသွားရန် လက်မှတ်ရေးထိုးသဘောတူခဲ့ပြီဖြစ်ကြောင်း၊ နောက်တစ်လ အကြာ သင်တန်းပေးမှုအပြီးတွင် ၃၀၀၀၀ အထိတိုးမြှင့်ခေါ်ယူသွားဖွယ်ရှိကြောင်း ထုတ်ပြန်ပြောဆို ခဲ့သည်။

ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားလုပ်သားများစွာ ပြန်သွားခြင်းကြောင့် အလုပ်သမား ရှားပါးမှုဖြစ်ပေါ်နေခြင်း ကို ဖြေရှင်းနိုင်ရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနက အချက် ၅ ချက်ကို မူထားပြီးဖြေရှင်းရန် ရည်ရွယ် ထားကြောင်း သိရသည်။

ပထမအချက်မှာ ပြည်တွင်းအလုပ်သမားအင်အားစုအား နေရာရွှေ့ပြောင်း လဲလှယ်စေလွှတ်ခြင်းဖြစ်ကာ ဒုတိယအဖြစ် နိုင်ငံအတွင်း အထောက်အထားမဲ့ဖြင့် အလုပ်လုပ်နေသော ပြည်ပနိုင်ငံသားများအား တရားမဝင်လုပ်သားလျှော့ချရေး စီမံချက်နှင့်အတူ တရားဝင်အလုပ်သမားများဖြစ်စေရန် မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း၊ တတိယအနေဖြင့် ယခင် ထိုင်း လုပ်သားလိုအပ်ချက်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားသားများကိုသာ အားကိုးနေရသည့်အနေအထား တွင် သီရိလင်္ကာအပြင် ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှားတို့မှ လုပ်သားများပါ ထပ်ခေါ်ခြင်းဖြင့် လုပ်သား သစ် ၁၀၀၀၀၀ ရရှိနိုင်ရန် မျှော်မှန်းကြောင်းပါဝင်သည်။

လုပ်သားလိုအပ်ချက်နှင့် ပြည်ပအထောက်အပံ့ရှားပါးလာခြင်းကြောင့် ဒုက္ခသည်စခန်းများမှ မြန်မာ ဒုက္ခသည် ၄၀၀၀၀ ကျော်ကို တရားဝင် အလုပ်သမားများ အဖြစ်နေရာပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၌ ပြည်ပလုပ်သားအင်အားစုကိုသာ မှီခိုနေရခြင်းအား လျှော့ချနိုင်ရေး ပြည်တွင်းလုပ်သားအင်အားစုကို အရည်အသွေးမြှင့်တင်ပေးပြီး အလုပ်နေရာများပေး နိုင်ရေး ကာလရှည်စီမံကိန်းချမှတ်မည်ဟုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#လုပ်သားလိုအပ်ချက်
#ကမ္ဘောဒီးယား
#သီရိလင်္ကာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now