မဲခေါင်၊ ဩဂုတ် ၁၄
ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့စွန် ကမ်ပန်ဟာအရပ်၌ အိပ်ယာအောက်ကြမ်းပြင်တွင် လဲလျောင်းနေသူ ခင်ပွန်း ပေါ်သို့ ပေါင် ၂၂၀ လေးသည့်ဇနီးဖြစ်သူ အိပ်ယာပေါ်မှ ပြုတ်ကျပြီး ပိမိသဖြင့် ခင်ပွန်းအသက်ရှူကြပ် သေဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၁ ရက်မနက်အစောပိုင်း၌ ထိုအခင်းဖြစ်ပွားခြင်းဖြစ်ကာ အသက် ၅၉ နှစ်ရှိပြီဖြစ်သော ယင်းအမျိုးသားသည် ပိန်သေးသူဖြစ်ပြီး ကြမ်းပြင်ပေါ် လဲလျှောင်နေမှုကို ဇနီးသည်က ကုတင်ပေါ်မှဆင်းကာ အနီးကပ်ရှိစေရန်အသွား ဟန်ချက်ပျက်ပြီး ခင်ပွန်းပေါ်သို့ ပြုတ်ကျသွားကြောင်း၊ ကုတင်နှင့်နံရံကြားတွင် ထိုအနေအထားအတိုင်း ညပ်နေသဖြင့် ဇနီးသည်မှ ကြောက်လန့်တကြား အော်ဟစ်အကူအညီတောင်းခံရာ အိမ်နီးနားချင်းနှင့်ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန် အမျိုးသား ၅ ဦးအသုံးပြုကာ မရွှေ့ခဲ့သော်လည်း ခင်ပွန်းဖြစ်သူမှာ အသက်ရှူကြပ်ကာ နှလုံးရပ်သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။
ရဲတပ်ဖွဲ့က သေမှုသေခင်းသည် ရာဇဝတ်မှုဟုတ်မဟုတ် စစ်ဆေးရာတွင် အလွန်ဖြစ်တောင့်ဖြစ်ခဲ မတော်တဆမှုသာဖြစ်သည့်အတွက် ဇနီးအား ဖမ်းဆီးအရေးယူခြင်းမလုပ်ဘဲ စိတ်ထိခိုက်ခံစားရမှု အတွက် ဆရာဝန်နှင့် နှစ်သိမ့်ပညာပေးတိုင်ပင်မှုပင် လုပ်ခိုင်းခဲ့သည်ဟု သိရသည်။
ကိုကလင်း
Ref: Correio da Manha
#MeKongNews
#ပေါ်တူဂီ
#ပေါ်တိုမြို့
#အသက်ရှူကြပ်
#သေဆုံး








