မဲခေါင်၊ ဩဂုတ် ၁၄
ကမ္ဘောဒီးယားနှင့်စစ်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းနေထိုင်ခဲ့ကြသော ကမ္ဘောဒီးယားနိုင်ငံသား တစ်သိန်းနေရပ်ပြန်သွားကြသဖြင့် လုပ်ငန်းအသီးသီး၌ အလုပ်သမားလိုအပ်ချက်များရှိလာသည်ဟု စောဒကတက် တင်ပြမှုများရှိရာ ယခင် ၄ နိုင်ငံမှ လုပ်သားများကို ခေါ်ယူနေရာမှ ၈ နိုင်ငံအထိ တိုးချဲ့တွက်ချက်ပြီး MOU စနစ်ဖြင့် ၂ လအတွင်း ခေါ်ယူဖြေရှင်းပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ဩဂုတ် ၁၃ ရက်၌ ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ယခင် ထိုင်းနိုင်ငံ၏ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းရန် CLMV အုပ်စုဆိုသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်မှ လုပ်သားများအား MOU စနစ်ဖြင့် ခေါ်ယူဖြေရှင်းနေခဲ့ရာ အရေးပေါ်လို အပ်လျှင် ထို ၄ နိုင်ငံမှ လုပ်သားများ ခေါ်ယူမှုသည်အထမြောက်ရန် ကြာမြင့်သဖြင့် ယခု ပြည်ပအလုပ် သမားစီမံခန့်ခွဲမှုမူဝါဒကော်မတီက သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားမှ လုပ်သားများကို စုစုပေါင်း ၈ နိုင်ငံအထိ ချဲ့တွင်ပြီး ၂ လအတွင်း ခေါ်ယူဖြည့်ဆည်းပေးသွားမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီး ပွန်ဂါဗင်က ရှင်းလင်းပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး စီမံမှုအောက်မှ ကမ္ဘောဒီးယားသို့ ပြန်သွားသူပေါင်း တစ်သိန်းဝန်းကျင်ရှိခဲ့သော်လည်း မှတ်ပုံတင်ထားသည့် အလုပ်သမားဦးရေသည် ၃သောင်းဝန်းကျင်သာရှိကာ ကျန်သူများသည် ယခင်ကတည်းက ရွှေ့ပြောင်းနေထိုင်လာသူများလည်း ပါဝင်နေသည့်အတွက် စုစု ပေါင်း အလုပ်သမားအစားထိုးရန် လိုအပ်ချက်သည် ၄၅၀၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ၂ လ အတွင်း လိုအပ်ချက်ရှိသော လုပ်ငန်းအသီးသီးသို့ ခွဲတမ်းဖြင့် အသစ်ခေါ်ယူမည့် MOU လုပ်သားသစ် များကို ပေးစွမ်းသွားနိုင်မည်ဟု ပွန်ဂါဗင်က အာမခံသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#အလုပ်သမား
#သီရိလင်္ကာ
#နီပေါ








