မဲခေါင်၊ မေ ၃၁
၂၀၂၄ခုနှစ် ထိုင်းနိုင်ငံအတွင်း Username နှင့် Password ခိုးယူခံရခြင်း ၈၀၀၀၀ သာရှိခဲ့ရာမှ ယခုနှစ် ပထမ ၅ လပိုင်းအတွင်းမှာပင် ဆိုက်ဘာ ချိုးဖောက်ရယူခံရမှု အံ့မခန်း ၅ သန်းအထိ မြင့်တက်သွားခဲ့ကြောင်း ထိုင်းအမျိုးသားဆိုက်ဘာလုံခြုံရေးအေဂျင်စီ (NCSA) က သတိပေးထုတ်ပြန်ခဲ့သည်။
ကျားဖြန်လုပ်ငန်းများစွာ တည်ရှိနေသော ထိုင်းတွင် ယခုလို ဆိုက်ဘာတိုက်ခိုက်ချိုးဖောက်ခံရခြင်းသည် အဓိကအားဖြင့် တရားမဝင် လိုင်စင်၊ မူပိုင်ခွင့်မပါ ဆော့ဖ်ဝဲလ်များကို အဖွဲ့အစည်းများနှင့် တစ်ဦးချင်းလူပုဂ္ဂိုလ်များက အများအပြားသုံးစွဲခြင်းကြောင့် ယင်းဆော့ဖ်ဝဲလ်များမှတဆင့် မေးဝဲလ်များမှသည် အသုံးပြုသူများ၊ အဖွဲ့အစည်းများ၏ PC နှင့် Devices များ၏ Username နှင့် Password အပါအဝင် အချက်အလက်များ ခိုးယူခံရခြင်းဖြစ်သည်ဟု NCSA က ထုတ်ပြန်သည်။
ထိုသို့ ဒေတာခိုးယူခြင်းခံရပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ Devices များအတွင်းမှ ဒစ်ဂျစ်တယ်ငွေကြေး များ ခိုးယူခံရသလို ပုဂ္ဂိုလ်ရေးအချက်အလက်များ ရယူပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း လုပ်ငန်းစဉ်များ ဖြစ်လာကြောင်း၊ အဖွဲ့အစည်းဆိုင်ရာ PC နှင့် Devices များတွင် တရားဝင်မဟုတ်သည့် ဆော့ဖ်ဝဲလ်များ သုံးခဲ့ပါကလည်း ရှိသမျှ အဖွဲ့အစည်းဆိုင်ရာ အချက်အလက်၊ ငွေကြေးစီးဆင်းမှု၊ ဒစ်ဂျစ်တယ် ငွေကြေးများအားလုံး ခိုးယူခံရမည်ဖြစ်သလို ကျားဖြန်သမားများဆိုလျှင် တစ်ကြိမ်တည်းနှင့် ခြိမ်းခြောက် အသုံးမချဘဲ တစ်ရစ်ပြီး တစ်ရစ် ခြိမ်းခြောက် အကြပ်ကိုင် ငွေညှစ်မှုများ လုပ်ဆောင် ကြမည်ဖြစ်ကြောင်း သတိပေးထားသည်။
ထိုင်းကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအသင်းက နိုင်ငံတွင်း တရားမဝင် ဆော့ဖ်ဝဲလ်များစွာကို အသုံးပြုနေခြင်းကြောင့် ထိုဆော့ဖ်ဝဲလ်များသည် ဆိုက်ဘာခြိမ်းခြောက်မှု၏ ဂိတ်၀ တံခါးများအဖြစ် အားလုံးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးဆိုလျှင် ယခု ၂၀၂၅ ခုနှစ် ပထမ ၅ လ အတွင်း ဆိုက်ဘာ ဒေတာခိုးယူခံရမှု ၁၈၇ သန်း ရှိခဲ့ပြီး အဖွဲ့အစည်းကြီးများကိုယ်တိုင်က ထိုသို့သော လိုင်စင်မဲ့ လုံခြုံခြင်းမရှိသည့် တရားမဝင် ဆော့ဖ်ဝဲလ်များသုံးခြင်းသည် စားသုံးသူ အချက်အလက်များ ကို အကာအကွယ်မပေးနိုင်ခြင်းကြောင့် ဥပဒေနှင့် ငြိစွန်းကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းလည်း အဆိုပါ တရားမဝင် ဆော့ဖ်ဝဲလ် များသုံးခြင်းသည် Copyright Act အက်ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု န်ပျူတာအရေးပေါ်တုံ့ပြန်မှုအသင်း AVM Amorn က သတိပေးပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: bangkokpost
#MeKongNews
#တရားမဝင်ဆော့ဖ်ဝဲလ်
#အချက်အလက်ခိုးယူခံရ
#ထိုင်းနိုင်ငံ
#ဒီဂျစ်တယ်ငွေကြေး








