မဲခေါင်၊ မေ ၂၇
တစ်ချိန်က ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သော ဗီယက်နမ်နိုင်ငံသို့ ဩဇာပိုမိုသက်ရောက်နိုင်ရေး ခရီးစဉ်အဖြစ် ပြင်သစ်သမ္မတ မက်ခရွန် ဟနွိုင်းလေဆိပ်သို့ ရောက်လာစဉ် လေယာဉ်တံခါးဖွင့်ချိန် အနီရောင် လက်ရှည်အင်္ကျီဝတ်ထားသည့် လက်တစ်ချောင်းက မက်ခရွန်မျက်နှာကို တွန်းထိုးလိုက်သည့်မြင့်ကွင်း ကင်မရာပေါင်းများစွာတွင် ပေါ်လွင်ကာ ဟိုးလေးတကျော်ဖြစ်ခဲ့ရသည်။
မေ ၂၅ ရက်တွင် မက်ခရွန် ဟနွိုင်းလေဆိပ်သို့ ဆိုက်ရောက်ပြီး လေယာဉ်ပေါ်မှ ဆင်းကာနီး ထိုမြင်ကွင်း ကို မီဒီယာကင်မရာများစွာက ရိုက်ကူးမိလိုက်နိုင်ပြီး ချက်ချင်းဆိုသလို မက်ခရွန်သည် ကြိုဆိုသူများကို လက်ပြကာ လေယာဉ် လှေကားပေါ်မှ အဆင့် ဇနီးသည် ဘရစ်ကစ်တီကို လက်ကမ်းပေါ်သော်လည်း ဇနီးသည်က လျစ်လျူရှုပြီး လက်မချိတ်ဘဲ လေယာဉ်ပေါ်မှ ဆင်းခဲ့ရာ သမ္မတကို ဇနီးက ပါးဖြတ်ရိုက်သလိုဖြစ်နေကြောင်း၊ တံခါးဖွင့်မည်ကို သတိမမူမိဘဲ လေယာဉ်ပေါ် ရန်ဖြစ်နေပုံရသည်ဟု ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မက်ခရွန်ကိုယ်တိုင် ဖြေရှင်းချက်မပေးသော်လည်း သမ္မတအိမ်တော် Elysee အရာရှိတစ်ဦးက လေယာဉ်ပေါ်မှမဆင်းမီ နောက်ဆုံး လင်နှင့်မယား သက်သောင့်သက်သာ လွတ်လွတ်လပ်လပ် နေသောအခိုက်အတန့်သာဖြစ်ကြောင်းနှင့် ရယ်ပြုံးမှုများနှင့်နောက်ပြောင်နေမှုသာဖြစ်သည် ဟု ဆင်ခြေပေးပြောဆိုသွားခဲ့သည်။
မက်ခရွန်နှင့် သမ္မတကတော်တို့ကြား ယခင်ကတည်းက ဝေဖန်တိုက်ခိုက်မှုများရှိခဲ့သည်။ ဘရစ်ကစ်တီ သည် မက်ခရွန်၏ ပြင်သစ်စာသင်ကြားပေးသော ဆရာမဖြစ်ကာ ၎င်းတို့နှစ်ဦး ဆက်ဆံရေးစတင်ချိန် တွင် ဘရစ်ကစ်တီသည် ကလေး ၃ ယောက် မိခင်ဖြစ်နေပြီဖြစ်ကာ မက်ခရွန်အသက်မှာ ၁၅ နှစ်သာ ရှိသေးသည်ဟု ဆိုသည်။
ဘရစ်ကစ်တီသည် မွေးဖွားလာစဉ် ယောက်ျားလေးဖြစ်ပြီးမှ လိင်အင်္ဂါ ခွဲစိတ်ကာ အမျိုးသမီးဘ၀ ခံယူခဲ့သူဟု စွပ်စွဲခံခဲ့ရမှုတွင်လည်း အမျိုးသမီးများအပေါ် ပစ်မှတ်ထား ရန်လိုတိုက်ခိုက်အရှက်ခွဲမှုလုပ်ခြင်းဟု မက်ခရွန်ဘက်က ဒေါသတကြီး ဖြေရှင်းခဲ့ဖူးသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ပြင်သစ်သမ္မတ
#ဗီယက်နမ်
#ဟနွိုင်းလေဆိပ်
#တွန်းထိုးမှု








