နေ့စဥ်သတင်း

ကျားဖြန်လုပ်ငန်းများကိုကာကွယ်နေသည့် ကမ္ဘောဒီးယားသည် ကမ္ဘာ့အင်အားအကြီးဆုံး ရာဇဝတ်ကွန်ရက် ဗဟိုချက်ဖြစ်လာ

မဲခေါင် 26 May - 2025
မဲခေါင်၊ မေ ၂၆ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အထူးလေ့လာသူ ဂျက်ကော့ဘ်ဆင်မ်က ကမ္ဘောဒီးယားနိုင်ငံ သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်နိုင်ငံရေးမတည်ငြိမ်မှုများကို အခြိမ်းခြောက်နိုင်ဆုံး အင်အား အကြီးဆုံး ရာဇဝတ်ကွန်ရက် ဗဟိုချက်ဖြစ်လာသည်ဟု သုံးသပ်သွားခဲ့သည်။ အသစ်ထုတ်ပြန်လိုက်သော စစ်တမ်းတစ်ခုတွင် ကမ္ဘောဒီးယား နိုင်ငံရေးလောကမှ အကြီးအကဲများ ကိုယ်တိုင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုနှင့်လိမ်လည်မှုကွန်ရက်များတွင် အဓိကကြိုးကိုင်စီစဉ်သူများ အဖြစ်ပါဝင်နေခြင်းကြောင်း ဒေါ်လာဘီလီယံပေါင်းများစွာချီ လုပ်ကိုင်နေသည့် ယင်းဆိုက်ဘာရာဇဝတ်ကွန်ရက်ကြီးမှာ မကြာမီ ပြိုလဲရန်ပင် မဖြစ်နိုင်သော အဆင့်သို့ ရောက်လာနေပြီဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ကမ္ဘောဒီးယား အာဏာရ ပြည်သူ့ပါတီကိုယ်တိုင်က နိုင်ငံတော်အဆင့် အကာအကွယ်ပေးခြင်းဖြင့် ကျားဖြန်နှင့် လူမှောင်ခိုကူးခြင်းလုပ်ငန်းအဆောက်အအုံများကို ချဲ့တွင်နေမှုမှာ အရှေ့တောင်အာရှရှိ ကျားဖြန်လုပ်ငန်းများဖြင့်နာမည်ကြီးသော မြန်မာနှင့်လာအိုထက်ပင် ကျော်လွန်ပြီး တရုတ်ဒုစရိုက်ကွန်ရက်များ

မဲခေါင်၊ မေ ၂၆

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အထူးလေ့လာသူ ဂျက်ကော့ဘ်ဆင်မ်က ကမ္ဘောဒီးယားနိုင်ငံ သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်နိုင်ငံရေးမတည်ငြိမ်မှုများကို အခြိမ်းခြောက်နိုင်ဆုံး အင်အား အကြီးဆုံး ရာဇဝတ်ကွန်ရက် ဗဟိုချက်ဖြစ်လာသည်ဟု သုံးသပ်သွားခဲ့သည်။

အသစ်ထုတ်ပြန်လိုက်သော စစ်တမ်းတစ်ခုတွင် ကမ္ဘောဒီးယား နိုင်ငံရေးလောကမှ အကြီးအကဲများ ကိုယ်တိုင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုနှင့်လိမ်လည်မှုကွန်ရက်များတွင် အဓိကကြိုးကိုင်စီစဉ်သူများ အဖြစ်ပါဝင်နေခြင်းကြောင်း ဒေါ်လာဘီလီယံပေါင်းများစွာချီ လုပ်ကိုင်နေသည့် ယင်းဆိုက်ဘာရာဇဝတ်ကွန်ရက်ကြီးမှာ မကြာမီ ပြိုလဲရန်ပင် မဖြစ်နိုင်သော အဆင့်သို့ ရောက်လာနေပြီဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

ကမ္ဘောဒီးယား အာဏာရ ပြည်သူ့ပါတီကိုယ်တိုင်က နိုင်ငံတော်အဆင့် အကာအကွယ်ပေးခြင်းဖြင့် ကျားဖြန်နှင့် လူမှောင်ခိုကူးခြင်းလုပ်ငန်းအဆောက်အအုံများကို ချဲ့တွင်နေမှုမှာ အရှေ့တောင်အာရှရှိ ကျားဖြန်လုပ်ငန်းများဖြင့်နာမည်ကြီးသော မြန်မာနှင့်လာအိုထက်ပင် ကျော်လွန်ပြီး တရုတ်ဒုစရိုက်ကွန်ရက်များ ဦးဆောင်သော ကျားဖြန်လုပ်ငန်းများ ဗဟိုချက်သည် ကမ္ဘောဒီးယားတွင်သာ အခြေစိုက်သည်ဟု အမေရိကန်အစိုးရရန်ပုံငွေ ထုတ်ပေးထားသည့် ဟားဗတ်တက္ကသိုလ် အာရှရေးရာ စင်တာအဖွဲ့ စုံစမ်း ဖော်ထုတ်မှုတွင် ကောက်ချက်ချခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ လက်ရှိဝန်ကြီးချုပ် ဟွမ်မာနတ်၏ အနီးစပ်ဆုံးဆွေမျိုးများသည် ကျားဖြန် နယ်စပ်ဖြတ်ကျော် ဒုစရိုက်ကွန်ရက်ကို ဦးဆောင်စီမံနေသူများဖြစ်နေကြောင်းနှင့် ကမ္ဘောဒီးယားသည် ကျားဖြန်လုပ်ငန်းမှ နှစ်စဉ် ဘဏ္ဍာငွေ ဒေါ်လာ ၁၉ ဘီလီယံ ရရှိကာ ထိုငွေပမာဏသည် နိုင်ငံ GDP ၏ ၆၀ ရာခိုင်နှုန်းရှိနေသည့်အတွက် အစိုးရအကာအကွယ်ပေး အကြီးမားဆုံးဆိုက်ဘာလိမ်လည်မှု့ ရာဇဝတ်ကွန်ရက်ကြီးဖြစ်နေသည်ဟု စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။

ကမ္ဘောဒီးယားအခြေစိုက် ကျားဖြန်လုပ်ငန်းများမှ တစ်နှစ်လျှင် ကမ္ဘာတစ်ဝန်းမှ လိမ်လည်မှုပမာဏသည်လည်း ကြောက်မက်ဖွယ်ရာအဖြစ် ဒေါ်လာ ၇၅ ဘီလီယံ ရှိနေသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်းပင်လယ်ကွေ့နှင့်ကပ်လျှက် ဆီဟန်နော့ဗီလီရှိ Golden Sun Sky Casino & Hotel သည် ကျားဖြန် လုပ်ငန်းများကို အမေရိကန်အပါ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်အထိ လိမ်လည်ရာ ဒုစရိုက်ကွန်ရက်ထဲ တွင်ပါဝင်သလို ကမ္ဘောဒီးယားအစိုးရကိုယ်တိုင် အကာအကွယ်ပေးထားသည့် ဖနွမ်းပင်မြို့မှ Huione International Pay ငွေလဲရုံးသည် ခရစ်ပတို၊ Binance နှင့် e wallet စနစ်များမှ ငွေကြေးခဝါချမှုများကို မည်သည့်အတားအဆီးမှမရှိ၊ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုမရှိဘဲ ကမ္ဘောဒီးယားအစိုးရဘဏ်တမျှ လုပ်ဆောင်ပေးနေကြောင်း ဖော်ပြထားသည်။

ယမန်နှစ်က သတင်းပေါက်ကြားမှုဖြစ်ပြီးနောက်တွင်လည်း တခြားအမည်များဖြင့် ကုမ္ပဏီခွဲများစွာကို ပြည်ပနိုင်ငံများတွင် ပြောင်းဖွင့်လှစ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ ယခင်ကျားဖြန်လိမ်လည်ငွေများကို တရုတ်တွင် ၆၀ ရာခိုင်နှုန်း ခဝါချ သော်လည်း ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး စည်းကမ်းတင်းကျပ်လိုက်သောကြောင့် ငွေကြေးခဝါချမှုများ ဗဟိုချက်မှာ ကမ္ဘောဒီးယားအစိုးရ ဦးဆောင်မှု အောက်သို့ ရောက်လာကြောင်း၊ ကျားဖြန်လုပ်ငန်းများ အတွက် ကျွမ်းကျင် ပညာရှင်များကို လိမ်လည်ခေါ်ယူ လူမှောင်ခိုကူး၊ လက်စဖျောက်မှုများအားလုံး သည်လည်း ကမ္ဘောဒီးယားအစိုးရနှင့်ပတ်သက်ပြီး ဖုံးကွယ်ပေးထားခြင်းဖြင့် ကမ္ဘောဒီးယားသည် မကြာမီ ဖြိုလှဲမရနိုင်သည့် ကျားဖြန် ဒုစရိုက်ကွန်ရက် ဗဟိုချက် ဖြစ်လာတော့မည်ဟု ယင်းအစီရင် ခံစာက သုံးသပ်ဖော်ပြသွားခြင်းဖြစ်သည်။

ကိုကလင်း
Ref: South China Morning Post
#MeKongNews
#ကမ္ဘောဒီးယား
#ကျားဖြန့်
#ဖနွမ်းပင်
#ရာဇဝတ်ကွန်ယက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now