မဲခေါင်၊ မေ ၁၄
မေ ၁၃ ရက်တွင် ပင်လယ်ကွေ့ဒေသသို့ ဒေါ်နယ်ထရမ့် ခရီးစဉ်စထွက်လျှင်ထွက်ချင်း အံ့အားသင့်ဖွယ်ရာကြေညာချက်အဖြစ် နှစ်ပေါင်းများစွာ ဆီးရီးယားအား စီးပွားရေးပိတ်ဆို့အရေးယူထားမှုများကို ပြန်ဖွင့်ပေးကြောင်းနှင့် ဆော်ဒီနှင့် ဒေါ်လာ ၆၀၀ ဘီလီယံ တန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုစာချုပ်ရန် သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ကြေညာသွားခဲ့သည်။
ဆယ်စုနှစ် တစ်ခုကျော် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားတွင် ဒီဇင်ဘာလက သမ္မတ အယ်လ်အာဆက်ကို တော်လှန်တပ်ဖွဲ့က ဖယ်ရှားပြီး ခေါင်းဆောင်သစ်အဖြစ် အာမက်အယ်လ်ရှာရာ တက်ရောက်လာခဲ့ပြီး ဆော်ဒီနိုင်ငံ ရီယက်မြို့ သံတမန်ခရီးစဉ်တွင် ဆော်ဒီမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံပြီးနောက် တောင်းဆိုချက်အရ ဆီးရီးယားကို ပိတ်ဆို့အရေးယူထားမှု များ ဖယ်ရှားပေးရန် သဘောတူညီခဲ့ခြင်းနှင့်အတူ ဆော်ဒီက အမေရိကန်တွင် ဒေါ်လာ ဘီလီယံ ၆၀၀ ဖိုး ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြောင်း ထရမ့်က ထုတ်ပြန်ခဲ့သည်။
ထိုရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွင် ဒေါ်လာ ၁၄၂ ဘီလီယံဖိုးရှိသော လက်နက်များကို ဆော်ဒီ ထံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ရောင်းချပေးရေးလည်း ပါဝင်သည် ဟုဆိုသည်။
အမေရိကန်သည် ၁၉၇၉ ခုနှစ်ကတည်းက ဆီးရီးယားကို အစိုးရကိုယ်တိုင် အကြမ်းဖက်မှုများကို ထောက်ပံ့လုပ်ဆောင်သည်ဟု စွပ်စွဲကာ ၂၀၀၄ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုများ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းစစ် ထပ်မံဖြစ်ပွားပြီးနောက် ထပ်တိုးပိတ်ဆိုမှုများကို အမေရိကန် ဘက်မှ လုပ်ဆောင်ခဲ့ပြီး ယခုတွင်မူ ဆော်ဒီမင်းသား၏ ပန်ကြားမှုဖြင့် ဆီးရီးယားနိုင်ငံ၏ ရှေ့ဆက် တိုးတက်ချိန်ရောက်ပြီဟုဆိုကာ ယခုလို သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် အစ္စရေးနှင့် ဆော်ဒီအား အမေရိကန်က ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ ချုပ်ဆိုပြီး သံတမန် ဆက်ဆံရေးဗျူဟာများ ပြောင်းလဲ ကျင့်သုံးလာခြင်းဖြစ်သည်။
ကိုကလင်း
Ref: brecorder
#MeKongNews
#ဒေါ်နယ်ထရမ့်
#ဆော်ဒီ
#ဆီးရီးယား
#စီးပွားရေးပိတ်ဆို့မှု








