နေ့စဥ်သတင်း

အာဆီယံ ပြည်ပခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုဗဟိုချက်ဖြစ်လာရေး ဗီယက်နမ် ၁၀ နှစ်ခံ ဗီဇာ စတင်ထုတ်ပေး

မဲခေါင် 9 May - 2025
မဲခေါင်၊ မေ ၉ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ပြည်ပခရီးသွားလုပ်ငန်း ကျဆင်းလာချိန် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်လာသော ဗီယက်နမ်သည် ပြည်ပခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဗဟိုချက်နိုင်ငံဖြစ်လာစေရေး ရွှေဗီဇာဟု အမည်ပေးထားသည့် ၁၀ နှစ်ခံ စတင်ထုတ်ပေးပြီဖြစ်ကြောင်း Times Of India သတင်းက ရေးသာဖော်ပြသည်။ Vietnam+ မီဒီယာ၏ ဖော်ပြမှုအရ ၂၀၂၅ ခုနှစ် ပထမ ၄ လပတ်အတွင်း ဗီယက်နမ်သို့ ပြည်ပခရီးသွား ၇.၇၆ သန်း ဝင်ရောက်ပြီး နှစ်စဉ် ၂၃.၈ ရာခိုင်နှုန်း မြင့်တက်နေကြောင်း ဗီယက်နမ် အမျိုးသားခရီးသွား အာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့်

မဲခေါင်၊ မေ ၉

အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ပြည်ပခရီးသွားလုပ်ငန်း ကျဆင်းလာချိန် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်လာသော ဗီယက်နမ်သည် ပြည်ပခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဗဟိုချက်နိုင်ငံဖြစ်လာစေရေး ရွှေဗီဇာဟု အမည်ပေးထားသည့် ၁၀ နှစ်ခံ စတင်ထုတ်ပေးပြီဖြစ်ကြောင်း Times Of India သတင်းက ရေးသာဖော်ပြသည်။

Vietnam+ မီဒီယာ၏ ဖော်ပြမှုအရ ၂၀၂၅ ခုနှစ် ပထမ ၄ လပတ်အတွင်း ဗီယက်နမ်သို့ ပြည်ပခရီးသွား ၇.၇၆ သန်း ဝင်ရောက်ပြီး နှစ်စဉ် ၂၃.၈ ရာခိုင်နှုန်း မြင့်တက်နေကြောင်း ဗီယက်နမ် အမျိုးသားခရီးသွား အာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ကြောင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြင့်တက်လာစေရန် ဗီယက်နမ်သည် နှစ်ရှည် ၁၀ နှစ်ခံ ရွှေဗီဇာကို စတင်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သလို ဗီယက်နမ်တွင် ခရီးသွားလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးအကျိုးပြုနိုင်သူများကို ရွှေဗီဇာ ဆက်လက်သက်တမ်းတိုးခွင့်အပြင် အမြဲတမ်းနေထိုင်နိုင်ခွင့်ဗီဇာပါ ထပ်ပေးရန် ကနဦး စီစဉ်မှုဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ယဉ်ကျေးမှုနှင့် စီးပွားရေးကူးလူးဖလှယ်ရန် အိန္ဒိယနိုင်ငံသား ခရီးသွားများကို ပစ်မှတ်ထားပြီး သံရုံးသို့သွားစရာမလိုဘဲ ဗီဇာအမျိုးမျိုးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လျှောက်ထားနိုင်စေရန်လည်း စီစဉ်ထားကြောင်း၊ ပြည်ပခရီးသွားနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံလိုသူများ မိသားစုအလိုက် နေထိုင်ရာတွင် အဆင်ပြေစေရေး ဟိုချီမင်း၊ ဟနွိုင်းနှင့် ဒါနန်းမြို့ကြီးများ၌ လုံခြုံဘေးကင်းခြင်းနှင့် ရင်သွေးများ ပညာသင်ရန် နိုင်ငံတကာအဆင့် စာသင်ကျောင်းများ၊ ဆေးရုံ၊ အိမ်ယာစီမံကိန်းများကိုလည်း ထူထောင်ပေးထားမည်ဟု ဆိုသည်။

ဗီယက်နမ်သို့ အဓိက စီးပွားရေးရင်းနှီးမြှုပ်နှံသူများအဖြစ် တရုတ်နိုင်ငံသား ၁ .၉၅ သန်း၊ တောင်ကိုရီးယားမှ ၁.၅၈ သန်း၊ ထိုင်ဝမ်မှ ၄၄၀၀၀၀၊ အမေရိကန်မှ ၃၂၃၀၀၀ တို့ လာရောက်မြှုပ်နှံထားပြီး ဂျပန်၊ ကမ္ဘောဒီးယား၊ ဩစတြေးလျ၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနိုင်ငံသားများ အစဉ်လိုက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

ဗီယက်နမ်သည် ဗီဇာကင်းလွတ်ခွင့် မူဝါဒချမှတ်ပေးပြီးနောက် ဥရောပစျေးကွက်လည်း ပိုမိုဖွံ့ဖြိုးလာပြီး ယူကေမှ လာရောက်လည်ပတ်သူ ၂၀ .၇ ရာခိုင်နှုန်း၊ ပြင်သစ်မှ ၂၄.၇ ရာခိုင်နှုန်း၊ ဂျာမနီမှ ၁၈.၈ ရာခိုင်နှုန်း၊ အီတလီမှ ၃၂.၆ ရာခိုင်နှုန်း၊ စပိန်မှ ၁၂.၉ ရာခိုင်နှုန်း၊ ဒိန်းမှတ်မှ ၁၂.၇ ရာခိုင်နှုန်း လည်ပတ်မှု မြင့်တက်လာကြောင်းလည်း သိရသည်။

ကိုကလင်း
Ref:The Nation
#MeKongNews
#ဗီယက်နမ်
#အာဆီယံ
#ရွှေဗီဇာ
#ဟိုချီမင်း
#ဒါနန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now