နေ့စဥ်သတင်း

တရုတ်ခရီးသွားများလာရောက်မှု နည်းပါးလွန်းခြင်းကြောင့် တရုတ်ဦးတည် ခရီးသွားလုပ်ငန်း မူဝါဒများ ပြန်လည်ပြင်ဆင်ရန် ထိုင်းလိုအပ်လာ

မဲခေါင် 1 May - 2025
မဲခေါင်၊ မေ ၁ ကျားဖြန့် လူမှောင်ခိုခံရမှုများစွာရှိသလို ထိုင်းနိုင်ငံအတွင်း အသက်အန္တရာယ် သေဆုံးမှုများ နည်းမျိုးစုံဖြစ်ပွားခဲ့သဖြင့် ထိုင်းနိုင်ငံ၏ တရုတ်ဗဟိုပြု ပြည်ပခရီးသွားလုပ်ငန်းများ အထူးအကြပ်အတည်းကာလအတွင်း ရောက်ရှိနေသဖြင့် တရုတ်အားပြု မူဝါဒများကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီဖြစ်ကြောင်း ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းရေးမှူး နတ်တာရီယာ တာဝီဝမ် က သတိပေး တိုက်တွန်းသွားခဲ့သည်။ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားငွေများ လဲလှယ်စီးဝင်မှု၏ နောက်ဆုံးခံတပ်သည် တရုတ်နိုင်ငံသား ခရီးသွားများ လာရောက်သုံးစွဲကြခြင်းဖြစ်ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာပင် တရုတ်ခရီးသွားများ ထိုင်းသို့လာရောက်မှု ၁၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယခင် တစ်နေ့ တရုတ်ခရီးသွား သောင်းနှင့်ချီ လာနေကြအနေအထားမှ ယခု တစ်နေ့ ၇၀၀၀ ပင်မပြည့်တော့သည့်အတွက် စိုးရိမ်ရေအမှတ်ရောက်ရှိနေပြီဟု

မဲခေါင်၊ မေ ၁

ကျားဖြန့် လူမှောင်ခိုခံရမှုများစွာရှိသလို ထိုင်းနိုင်ငံအတွင်း အသက်အန္တရာယ် သေဆုံးမှုများ နည်းမျိုးစုံဖြစ်ပွားခဲ့သဖြင့် ထိုင်းနိုင်ငံ၏ တရုတ်ဗဟိုပြု ပြည်ပခရီးသွားလုပ်ငန်းများ အထူးအကြပ်အတည်းကာလအတွင်း ရောက်ရှိနေသဖြင့် တရုတ်အားပြု မူဝါဒများကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီဖြစ်ကြောင်း ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းရေးမှူး နတ်တာရီယာ တာဝီဝမ် က သတိပေး တိုက်တွန်းသွားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားငွေများ လဲလှယ်စီးဝင်မှု၏ နောက်ဆုံးခံတပ်သည် တရုတ်နိုင်ငံသား ခရီးသွားများ လာရောက်သုံးစွဲကြခြင်းဖြစ်ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာပင် တရုတ်ခရီးသွားများ ထိုင်းသို့လာရောက်မှု ၁၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယခင် တစ်နေ့ တရုတ်ခရီးသွား သောင်းနှင့်ချီ လာနေကြအနေအထားမှ ယခု တစ်နေ့ ၇၀၀၀ ပင်မပြည့်တော့သည့်အတွက် စိုးရိမ်ရေအမှတ်ရောက်ရှိနေပြီဟု နတ်တာရီယာက အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြသွားခဲ့သည်။

၂၀၂၅ ပထမ ၃ လအတွင်း တရုတ်ခရီးသွားများ ထိုင်းသို့ဝင်ရောက်ခြင်းမှာ ၁၇ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ကာ ဂျပန်နှင့် ဗီယက်နမ်တို့က တန်ဖိုးမြှင့်အခွန်ကြေးများ ပြန်အမ်းပေးခြင်း၊ Duty Free စျေးဝယ်ခွင့်များဖြင့် တရုတ်ခရီးသွားများကို စွဲဆောင်နိုင်သဖြင့် ထိုင်းသို့ တရုတ်များ လာရောက်မှု အလွန်နည်းပါးသွားကြောင်း၊ တရုတ်အစိုးရကိုယ်တိုင်က ၎င်းတို့ နိုင်ငံသားများကို ပြည်ပခရီးသွားခြင်းထက် ပြည်တွင်းတွင်သာ ခရီးသွားပါက တန်ဖိုးမြှင့်အခွန် ၁၃ ရာခိုင်နှုန်းအထိကို ပြန်ပေးနေသဖြင့် ထိုင်းသို့ တရုတ်ခရီးသွားများ လာရောက်မှု ကျဆင်းနေပြီဖြစ်သည်ဟု နတ်တာရီယာက ဆိုသည်။

တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်ကာလဖြစ်သော်လည်း ဂျပန်တွင် အခွန်များ ပြန်ပေးခြင်းကြောင့် တရုတ်ခရီးသွားများ မြင့်တက်မှုမှာ ၂၀၁၉ မတ်လကထက်စာလျှင် ၂၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာချိန် ထိုင်းမှာ ၂၀၂၅ ခုနှစ် ဧပြီနှင့် ဇွန်လအတွင်း ပြည်ပခရီးသွား ၈.၃၇ သန်း လာရောက်မည်ဟု မျှော်မှန်းထားပြီး ပထမနှစ်ဝက်တာကာလအတွင်း ဝင်ငွေ ၈၆၂ .၄၂ ဘီလီယံ ဘတ် ရရှိမည်ဟု မျှော်မှန်းထားသော်လည်း မျှော်လင့်ထားသလောက်ဖြစ်လာရန် ခက်ခဲ့သည့် ခရီးသွားနည်းပါးမှုကို ကြုံနေရသည်ဟု ဆိုသည်။

တရုတ်ခရီးသွားများဝင်ရောက်လာမှုမှာ အဆပေါင်းများစွာ ကျဆင်းသွားသဖြင့် ဂျပန်နှင့် တရုတ်အစိုးရ ကျင့်သုံးသည့် အခွန်ပြန်အမ်းမှုများ၊ Duty Free ဝယ်ယူခွင့် များပေးခြင်းနှင့် လာရောက်လည်ပတ်စေချင်စရာ အဆောက်အအုံပတ်ဝန်းကျင်များ၊ သက်သာသော ဟိုတယ်စျေးနှုန်း အခင်းအကျင်းများဖြစ်စေရန် မူဝါဒမပြင်ပါက နစ်နာမှု များပြားမည်ဟု နတ်တာရီယာ က တင်ပြသွားခြင်း ဖြစ်သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#တရုတ်ခရီးသွား
#ဗီယက်နမ်
#ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now