နေ့စဥ်သတင်း

လားရှိုးမြို့ပေါ် အုပ်ချုပ်ရေး စစ်ကောင်စီကို ပြန်လွှဲပေးရမည်ဟု MNDAA အတည်ပြု

မဲခေါင် 4 Apr - 2025
မဲခေါင်၊ ဧပြီ ၄ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်မှ ယခုလ၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး MNDAA တပ်များဆုတ်ခွာကာ အုပ်ချုပ်မှုကို စစ်ကောင်စီထံ​ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း MNDAA စစ်ဘက်သတင်းရင်းမြစ်က မဲခေါင်ကို အတည်ပြု ပြောသည်။ လက်ရှိလားရှိုးမြို့ထဲတွင် တာဝန်ထမ်းဆောင်အချို့အနေဖြင့် မဖြစ်မနေမြို့ထဲမှ ပြန်လည်စွန့်ခွာရမည်ဖြစ်ပြီး ဧပြီလ မကုန်ခင်အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။ “ပြောရမှာတောင် အားမရှိတော့ဘူးဗျာ၊ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ တော်တော်စိတ်မကောင်းဖြစ်နေကြတယ်။လမကုန်ခင် ဌာနဆိုင်ရာအဖွဲ့တစ်ချို့ပြန်ဝင်လိမ့်မယ်။ စကစဖက်ကပေါ့။ စစ်ဖက်ဆိုင်ရာတော့မဝင်သေးဘူး” ဟု ၎င်းကပြောသည်။ လားရှိူးမြို့မှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာခြင်းမရှိပါက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားပြီး

မဲခေါင်၊ ဧပြီ ၄

MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်မှ ယခုလ၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး MNDAA တပ်များဆုတ်ခွာကာ အုပ်ချုပ်မှုကို စစ်ကောင်စီထံ​ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း MNDAA စစ်ဘက်သတင်းရင်းမြစ်က မဲခေါင်ကို အတည်ပြု ပြောသည်။

လက်ရှိလားရှိုးမြို့ထဲတွင် တာဝန်ထမ်းဆောင်အချို့အနေဖြင့် မဖြစ်မနေမြို့ထဲမှ ပြန်လည်စွန့်ခွာရမည်ဖြစ်ပြီး ဧပြီလ မကုန်ခင်အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။

“ပြောရမှာတောင် အားမရှိတော့ဘူးဗျာ၊ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ တော်တော်စိတ်မကောင်းဖြစ်နေကြတယ်။လမကုန်ခင် ဌာနဆိုင်ရာအဖွဲ့တစ်ချို့ပြန်ဝင်လိမ့်မယ်။ စကစဖက်ကပေါ့။ စစ်ဖက်ဆိုင်ရာတော့မဝင်သေးဘူး” ဟု ၎င်းကပြောသည်။

လားရှိူးမြို့မှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာခြင်းမရှိပါက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားပြီး တရုတ်ဘက်မှလည်း ကုန်သွယ်ရေးနှင့် စီးပွားရေးလမ်းကြောင်းများ ပိတ်ပစ်မည်အကြပ်ကိုင်ကြောင်း MNDAA စစ်ဘက်အရင်းအမြစ် မဲခေါင်ကို ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီဘက်မှ ပထမဦးဆုံးအဖွဲ့ လားရှိုးမြို့သို့ရောက်ရှိမည်ဖြစ်ပြီး မြို့ပေါ်အုပ်ချုပ်ရေးကိုအသက်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။

လူငယ်များအနေဖြင့် စစ်ကောင်စီပြန်ဝင်လာခြင်းကြောင့် အနှေးနှင့်အမြန် စစ်မှုထမ်းခေါ်ယူမှုများ ရှိလာမည် ဖြစ်သောကြောင့် မြို့ပေါ် ၁၂ ရပ်ကွက် အပြင်ဘက်ရှိအထူးဒေသ (၁) ဘက်သို့တိမ်းရှောင်ကြရန် သတင်းရင်းမြစ်များက တိုက်တွန်းသည်။

လားရှိူးမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်တွင် စစ်ကောင်စီအုပ်ချုပ်ရေး ပြန်လည်စတင်မည်ဖြစ်​ပြီး မြို့နှင့် ၃မိုင်၊ ၄မိုင် အကွာခန့်ရှိ နောင်မွန်၊ ဟိုပိတ်ကဲ့သို့ နေရာများတွင်မူ MNDAA အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့ကဆက်ရှိနေမည်ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ ကူမင်းမြို့၌ တရုတ်၏ကြားဝင်ပေးမှုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လားရှိုးမြို့ပေါ် အုပ်ချုပ်မှုအား စစ်ကောင်စီထံ ပြန်လည်အပ်နှံရမည် ဖြစ်သောကြောင့် လားရှိူးမြို့အထူးဒေသ ၁ ကျန်းမာရေးဌာနမှဝန်ထမ်းအချို့အား ဧပြီလ ၃ ရက်နေ့က MNDAA မှ အလုပ်မှရပ်နားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ကို MNDAA နှင့် ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ ၁၀၂၇ စစ်ဆင်ရေးအတွင်းသိမ်းပိုက်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း ပထမဆုံးသိမ်းပိုက်နိုင်သော တိုင်းစစ်ဌာနချုပ်အဆင့် ရုံးစိုက်ရာမြို့လည်းဖြစ်သည်။

ဂနိုက်
#MeKongNews
#လားရှိုး
#အထူးဒေသ၁
#MNDAA
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now