မဲခေါင်၊ မတ် ၃၁
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားတွင် ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်သင့်ပြည်သူများကို စာနာထောက်ထား ဝမ်းနည်းခြင်းအနေဖြင့် NDAA က ဖျက်သိမ်းလိုက်ကြောင်း ယနေ့ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။
သင်္ကြန်ပွဲတော်သည် တိုင်းရင်းသားပြည်သူများအတွက် ယဥ်ကျေးမှု အမွေအနှစ်များ အဓိပ္ပါယ်ပြည့်ဝမှု အများအပြားရှိသော်လည်း သဘာဝဘေးအန္တရာယ် ရှေ့မှောက်တွင် အားလုံးက အပြန်အလှန်ဖေးမကူညီကာ ဘေးဒဏ်သင့်ပြည်သူများနှင့်အတူ အခက်အခဲများကို ဖြတ်ကျော်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အာရုံစိုက်နိုင်ရန် ဖျက်သိမ်းရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မိုင်းလား သင်္ကြန်ပွဲတော်ကို လာမည့် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပရန် NDAA က စီစဥ်ထားခြင်းဖြစ်သည်။
ယမန်နေ့ကလည်း MNDAA က လားရှိုးတွင် ပြုလုပ်မည့် သင်္ကြန်ပွဲတော်ကို ငလျင်ဒဏ်သင့်ပြည်သူများအား စာနာထောက်ထားစွာဖြင့် ဖျက်သိမ်းကြောင်း ကြေညာထားသည်။
မဟာ
#MeKongNews
#ငလျင်
#မိုင်းလား
#သင်္ကြန်
#ဖျက်သိမ်း








