နေ့စဥ်သတင်း

ကမ္ဘာပျက်ကပ်မှာ ရာသီဥတုပြောင်းလဲမှုမဟုတ်ဘဲ နျူကလီးယားလက်နက်များအန္တရာယ်ဟု ဒေါ်နယ်ထရမ့် သတိပေး

မဲခေါင် 11 Mar - 2025
မဲခေါင်၊ မတ် ၁၁ လက်ရှိကမ္ဘာ့ နိုင်ငံများအကြား တင်းမာမှုများ ကြီးထွားသထက်ကြီးထွားလာခြင်းကြောင့် ကမ္ဘာပျက်ကပ်ဆိုက် မည့်အဓိကအကြောင်းတရားမှာ ရာသီဥတုပြောင်းလဲမှုမဟုတ်ဘဲ မကောင်းဆိုးဝါး နျူကလီးယားလက်နက်များ အန္တရာယ်ကြောင့်သာလျှင် ပျက်ဆီးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Fox News သတင်းဌာန၏ Sunday Morning Futures အင်တာဗျူးအစီအစဉ်တွင် သတိပေးပြောကြားသွားခဲ့သည်။ လက်ရှိတွင် ယူကရိန်းစစ်ပွဲမှသည် ဥရောပသို့ ရုရှားဘက်မှ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် ပြင်သစ်က ဥရောပကို ကာကွယ်ရေး နျူကလီးယားဖိုက်တာဂျက်လေယာဉ်များကို အသုံးပြုရန် ဂျာမနီသို့ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲအသွင်ဆောင်သည်အထိ တင်းမာနေကြပြီ အီရန်သည်လည်း နျူကလီးယားလက်နက်များ အဆင့်မြှင်တင် ထုတ်လုပ်နေသဖြင့် လာမည့်ရက်ပိုင်းအတွင်း အမေရိကန်ကိုယ်စားလှယ်များ အီရန်သို့သွားပြီး

မဲခေါင်၊ မတ် ၁၁

လက်ရှိကမ္ဘာ့ နိုင်ငံများအကြား တင်းမာမှုများ ကြီးထွားသထက်ကြီးထွားလာခြင်းကြောင့် ကမ္ဘာပျက်ကပ်ဆိုက် မည့်အဓိကအကြောင်းတရားမှာ ရာသီဥတုပြောင်းလဲမှုမဟုတ်ဘဲ မကောင်းဆိုးဝါး နျူကလီးယားလက်နက်များ အန္တရာယ်ကြောင့်သာလျှင် ပျက်ဆီးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Fox News သတင်းဌာန၏ Sunday Morning Futures အင်တာဗျူးအစီအစဉ်တွင် သတိပေးပြောကြားသွားခဲ့သည်။

လက်ရှိတွင် ယူကရိန်းစစ်ပွဲမှသည် ဥရောပသို့ ရုရှားဘက်မှ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် ပြင်သစ်က ဥရောပကို ကာကွယ်ရေး နျူကလီးယားဖိုက်တာဂျက်လေယာဉ်များကို အသုံးပြုရန် ဂျာမနီသို့ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲအသွင်ဆောင်သည်အထိ တင်းမာနေကြပြီ အီရန်သည်လည်း နျူကလီးယားလက်နက်များ အဆင့်မြှင်တင် ထုတ်လုပ်နေသဖြင့် လာမည့်ရက်ပိုင်းအတွင်း အမေရိကန်ကိုယ်စားလှယ်များ အီရန်သို့သွားပြီး နျူကလီးယားလျှော့ချနိုင်ရေး ဆွေးနွေးရမည် ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည်လည်း နျူကလီးယားအစီအစဉ်များကို ထပ်မံအဆင့်မြှင့်တင် ထုတ်လုပ်နေကာ ရုရှားနှင့် မဟာမိတ်ဖွဲ့ထားသည့်အနေအထားကြောင့် ကမ္ဘာပျက်ရန် ခြိမ်းခြောက်နိုင်ဆုံးသောအရာသည် နျူကလီးယားလက်နက်သာဖြစ်သည်ဟု ထရမ့်က အင်တာဗျူးတွင် သတိပေးပြောဆိုခဲ့သည်။

“ကျွန်တော်တို့တွေ ငွေတွေအများကြီး ကုန်ကျခံပြီး နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေကြတယ်။ ဒီလက်နက်ရဲ့ ဖျက်ဆီးနိုင်စွမ်းက စိတ်ကူးနိုင်သမျှထက်ကို ကျော်လွန်နေတယ်။ တော်တော်ဆိုးဝါးတဲ့ အရာကို ငွေတွေအများကြီးအကုန်ခံ ထုတ်လုပ်နေကြမှုမျိုးပဲ။ ထုတ်သုံးလိုက်ပြီဆိုတာနဲ့ ကမ္ဘာကြီး အဆုံးသတ်သွားနိုင်ပါတယ်။ ဂျိုးဘိုင်ဒန်တုန်းက ကမ္ဘာပျက်နိုင်တဲ့ အခြိမ်းခြောက်ဆုံးအန္တရာယ်ဟာ ရာသီဥတုပြောင်းလဲမှုလို့ပဲ အမြဲ ပြောပြောနေခဲ့တယ်။ ကျွန်တော်ပြောခဲ့သားပဲ။ မဟုတ်ဘူးလို့။ တကယ်တမ်း လူသားမျိုးတုံးဖို့၊ ကမ္ဘာပျက်ဖို့ အကြီးမားဆုံးအန္တရာယ်က နျူကလီးယားလက်နက်ပဲ။ မနက်ဖြန်ချက်ချင်း ထဖြစ်သွားနိုင်တယ်။ မိုင်ပေါင်းများစွာ အဝေးကနေ ပစ်ခတ်ပြီး ချက်ချင်း ခေါင်းတွေ ပွင့်ထွက်သွားမယ်။ ချက်ချင်းကြီးလဲ ဖြစ်သွားနိုင်တဲ့ မကောင်းဆိုးဝါး လက်နက်ပေါ့ဗျာ” ဟု ထရမ့်က အသိပေးပြောကြားခဲ့သည်။

လက်ရှိတွင် နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားသော နိုင်ငံမှာ ရုရှားဖြစ်ပြီး ထိပ်ဖူးပေါင်း ၆၀၀၀ ပိုင်ဆိုင်ထားက အမေရိကန်က ၅၀၀၀၊ တရုတ်တွင် ၃၅၀ ရှိထားပြီးဖြစ်ကာ တရုတ်သည် နောက် ၄ နှစ် ၅ နှစ် အတွင်း ရုရှားပိုင်ဆိုင်သည့် နျူကလီးယားထိပ်ဖူး အရေအတွက်ကို လိုက်မီရန် စီမံကိန်းချ ထုတ်လုပ်နေပြီဖြစ် သည်။

ထရမ့်သည် အဆိုပါ အင်တာဗျူးတွင် ယူကရိန်းသမ္မတ ဇီလန်းစကီးကို မိမိတို့နိုင်ငံမှ ဒေါ်လာ ၃၅၀ ဘီလီယံ ထောက်ပံ့ခဲ့သည့်ကြားမှ ကလေးဆီမှ သကြားလုံးကို တောင်းသလို မိမိတို့ကို တောင်းဆိုနေခဲ့သူဟုလည်း ဝေဖန်ပြောကြားသွားခဲ့သည်။

Ref:Thesun
ကိုကလင်း
#MeKongNews
#ထရမ့်
#အမေရိကန်
#နျူစစ်ပွဲ
#ရာသီဥတု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now