ရေကြီးရေလျှံဖြစ်စဉ်ကြောင့် လူ ၁၁ ဦးသေဆုံးခဲ့သည့် တာချီလိတ်မြို့၌ ယမန်နေ့ မိုးအနည်းငယ်ရွာသွန်းရုံမျှဖြင့် မြို့လမ်းများရေလျှံမှုဖြစ်ပေါ်ခဲ့
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
ယမန်နှစ်၊ မိုးရာသီတွင် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ယမန်နေ့က မိုးအနည်းငယ်ရွာသွန်းရုံမျှဖြင့် ရေမြောင်းများ ရေစီးရေလာပိတ်ဆို့ကာ မြို့လမ်းများ ရေလျှံခဲ့သည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂၄) နံနက်ပိုင်းတွင် မိုးရွာသွန်းစဉ် လမ်းဘေးရေမြောင်းများတွင်အမှိုက်များ၊ ရွှံနွံများ ပိတ်ဆို့နေသဖြင့် မိုးအနည်းငယ်ရွာသွန်းရုံမျှဖြင့် ဗိုလ်ချုပ်လမ်းပေါ်ရေလျှံမှု ဖြစ်ပေါ်လာသည်။
“ခုချိန်ထဲကချောင်းတွေ၊ မြောင်းတွေ၊ ရွှံ့နွံအမှိုက်တွေ ဆယ်ယူရှင်းထားရမှာ ၊ ကြိုတင်မရှင်းထားရင် ဒီနှစ်လာမယ့် မိုးတွင်းဆိုရင် အရင်နှစ်ထက်ပိုဆိုးလာနိုင်တယ် ၊ ကြိုတင်ကာကွယ်ထားမှ ကယ်ဆယ်ရေးသက်သာမှာ” ဟု ပုန်းထွန်ရပ်ကွက်နေမြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် တာချီလိတ် မြို့ ရေကြီရေလျှံမှုများအတွင်း ချောင်း၊ မြောင်းများအထဲသို့ နွံများ သဲများကျဆင်းမှုကြောင့် မြစ်ချောင်း တိမ်ကောလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် မိုးအနည်ငယ်ရွာသွန်းရုံဖြင့်ပင် လမ်းများပေါ်ရေလျှံခြင်းများဖြစ်ပေါ်ခဲ့သည်။
ယမန်နှစ်၊ စက်တင်ဘာလက တာချီလိတ်မြို့ ရေကြီးရေလျှံမှုများအတွင်း လူ ၁၁ ဦးသေဆုံးခဲ့ရသည်။
မဟာ
#MeKongNews







