မဲခေါင်၊ ဇန်နဝါရီ ၂၃
စင်ရော်စစ်ဆင်ရေးအဖြစ် ကျားဖြန့်နှိမ်နင်းရေး စီမံကိန်း စတင်ချိန် မြ၀တီနယ်စပ် တစ်ဖက်ကမ်း မဲဆောက်မြို့မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့တွေ အစစ်အဆေးကြမ်းနေချိန် မြန်မာဘက်ကို ပို့ဆောင်မယ့် ဆိုင်ကယ်လေးစီး အုတ်တွေသယ်လာတဲ့ ကားနဲ့ ဝှက်သယ်လာတာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့က ညနေပိုင်းမှာ မယ်ပ Huai Hin Fon ရွာအနီး စစ်ဆေးမှုမှာ တာ့ခ်ခရိုင်လိုင်စင် နံပါတ်ပြားတပ် ထရပ်ကားဟာ အုတ်တွေနဲ့ မြေဆွေးတွေကို အပေါ်ကတင်ပြီး အောက်မှာ မြန်မာဘက်ပို့မယ့် ဆိုင်ကယ် ၄ စီးကို ဝှက်သယ်လာပြီး ၂၃ နှစ်အရွယ် ကားမောင်းသူက မြန်မာဘက်ခိုးပို့ဖို့ သယ်ဆောင်လာတာကို ဖမ်းမိပြီး မဲဆောက် ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
မဲဆောက်မြို့မှာ စင်ရော်ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေး စတင်နေပြီး နိုင်ငံခြားသားတွေ တည်းခိုနေထိုင်တတ်ရာ နေရာရာချီကို အဖွဲ့စုံက ဝင်ရောက် စစ်ဆေးမှုတွေပြုလုပ်နေပြီး အထောက်အထားမဲ့တွေလည်း ဖမ်းဆီးခံနေ ရတယ်လို့ သိရှိရပါတယ်။
Ref:เอก เกียรติศักดิ์ แม่สอด
MKF-001
#MeKongNews
#မဲဆောက်
#ထိုင်းနယ်စပ်
#ဆိုင်ကယ်မှောင်ခို
#မြန်မာ
#ကျားဖြန့်








