နေ့စဥ်သတင်း

ရပ်စောက်မှာ RCSS နဲ့ PNA တိုက်ပွဲ အတုဖန်တီး

မဲခေါင် 23 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ရဲစခန်းအနီးမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS)နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က တိုက်ပွဲအတု ဖန်တီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ (စက်တင်ဘာ ၂၂) မနက် ၁၁ နာရီခန့်အချိန်မှာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတု ဖြစ်တာကြောင့် ၂ ဖက်လုံးမှာ ထိခိုက်မှု မရှိဘူးလို့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။ “အရင်က စစ်တပ်ပဲရှိတယ်။ အခုက ပအိုဝ်းဖြူရော (PNA)၊ ရှမ်း ၂ ဖွဲ့ရောဆိုတော့ ဆက်ကြေးကောက်ရတာ၊ ဝေစားမျှစား လုပ်ရတာ မလောက်ဘူးထင်တယ်။ ၄ ဖွဲ့ဆိုတော့ သူတို့လည်း ရူးချင်ချင်

မဲခေါင်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ရဲစခန်းအနီးမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS)နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က တိုက်ပွဲအတု ဖန်တီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ (စက်တင်ဘာ ၂၂) မနက် ၁၁ နာရီခန့်အချိန်မှာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတု ဖြစ်တာကြောင့် ၂ ဖက်လုံးမှာ ထိခိုက်မှု မရှိဘူးလို့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။

“အရင်က စစ်တပ်ပဲရှိတယ်။ အခုက ပအိုဝ်းဖြူရော (PNA)၊ ရှမ်း ၂ ဖွဲ့ရောဆိုတော့ ဆက်ကြေးကောက်ရတာ၊ ဝေစားမျှစား လုပ်ရတာ မလောက်ဘူးထင်တယ်။ ၄ ဖွဲ့ဆိုတော့ သူတို့လည်း ရူးချင်ချင် ဖြစ်သွားတယ် ထင်တယ်။ အဲလိုမျိုး လျှောက်ပစ်၊ လျှောက်လုပ်နေတာလေ ၂ ဖက်လုံးက” လို့ ပင်ဖြစ်ရဲစခန်းနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပင်ဖြစ်ကျေးရွာမှာ RCSS ကို စစ်ကောင်စီက အခြေစိုက်ခွင့် ပေးထားပြီး လူသစ်စုဆောင်းခွင့်၊ ဆက်ကြေးကောက်ခွင့်တွေ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် PNA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ တပ်မတော် (SSPP)တို့လည်း မကြာခဏ ဝင်ရောက် လှုပ်ရှားနေပြီး ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှာလည်း ရှမ်းတပ် ၂ ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။

“အကြီးအကျယ် ဖြစ်တယ် ထင်နေတာ။ အဲလို မဟုတ်ဘူး။ သူတို့ ဒီတိုင်း မိုးပေါ်ထောင်ပစ်တာတဲ့။ ပအိုဝ်းဖြူနဲ့ ရှမ်းကျားက ဝင်လာပြီးတော့ ရဲစခန်းကို တန်းပစ်တာတော့ မဟုတ်ဘူး။ စခန်းသိမ်းတာ မဟုတ်ဘူး။ တိုက်ပွဲ အတုပေါ့။ ရဲစခန်းက ဘယ်နေရာမှ မထိဘူး။ သူတို့လည်း အာဏာရှင်ကို ဆန့်ကျင်ယောင်ဆောင်တဲ့သဘောပေါ့” လို့လည်း ပင်ဖြစ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတည်း ပင်ကျေးရွာမှာ RCSS က ဆန်ရိက္ခာနဲ့ တစ်အိမ် ငွေကျပ် ၂ သောင်း ကောက်ခံခဲ့ပြီး ဩဂုတ်လတစ်လလုံး ထမင်းထုတ်လည်း နေ့တိုင်းပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတု ဖန်တီးခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ပင်ဖြစ်ကျေးရွာ ရဲစခန်းဟာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ခန့်သာ ရှိတဲ့ နယ်မြေခံ ရဲကင်းအဆင့်မျှသာ ဖြစ်ပြီး ရဲတပ်ဖွဲ့တွေကလည်း လာဘ်ယူပြီး မူးယစ်ဆေးဝါး ရောင်းချခွင့် ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now