နေ့စဥ်သတင်း

ရန်ကုန်မှာ ခိုးဆိုးလုယက်သူများ အုပ်စုဖွဲ့ သောင်းကျန်းနေပေမယ့် ဖမ်းဆီးသူမရှိ

မဲခေါင် 9 Sep - 2022
ရန်ကုန်မြို့မှာ အုပ်စုဖွဲ့ လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပေမဲ့ တိုင်းကြားပါကလည်း စစ်ကောင်စီ လက်အောက်ခံရဲက ဖမ်းဆီးမှု မရှိလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ “မီးပွိုင့်ထိပ်မှာ အဖွဲ့လိုက် နှိုက်ကြတာ၊ ဖမ်းပြီး ရဲစခန်းပို့လည်း စခန်းက ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းပေးတဲ့ သူတွေကို အဖွဲ့လိုက် ပြန်လာပြီး ရန်လုပ်ကြတာတွေ ရှိတော့ မကူညီကြတော့ဘူး” လို့ ၎င်းပြောပါတယ်။ ယခုနှစ်အတွင်း ခါးပိုက်နှိုက်ကို ကူညီ ဖမ်းဆီးပေးတဲ့ ဆိုက်ကားသမား တစ်ယောက် လှည်းတန်းထိပ်မှာ ဓားနဲ့ ထိုးသတ် ခံခဲ့ရပေမယ့် ကျူးလွန်သူတွေကို ခုချိန်ထိ မမိသေးဘူးလို့ သိရပါတယ်။ ရပ်ကွက် အတွင်းမှာ မြောင်းဖုံးတွေ

ရန်ကုန်မြို့မှာ အုပ်စုဖွဲ့ လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပေမဲ့ တိုင်းကြားပါကလည်း စစ်ကောင်စီ လက်အောက်ခံရဲက ဖမ်းဆီးမှု မရှိလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“မီးပွိုင့်ထိပ်မှာ အဖွဲ့လိုက် နှိုက်ကြတာ၊ ဖမ်းပြီး ရဲစခန်းပို့လည်း စခန်းက ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းပေးတဲ့ သူတွေကို အဖွဲ့လိုက် ပြန်လာပြီး ရန်လုပ်ကြတာတွေ ရှိတော့ မကူညီကြတော့ဘူး” လို့ ၎င်းပြောပါတယ်။

ယခုနှစ်အတွင်း ခါးပိုက်နှိုက်ကို ကူညီ ဖမ်းဆီးပေးတဲ့ ဆိုက်ကားသမား တစ်ယောက် လှည်းတန်းထိပ်မှာ ဓားနဲ့ ထိုးသတ် ခံခဲ့ရပေမယ့် ကျူးလွန်သူတွေကို ခုချိန်ထိ မမိသေးဘူးလို့ သိရပါတယ်။

ရပ်ကွက် အတွင်းမှာ မြောင်းဖုံးတွေ လိုက်ခိုးနေတဲ့ အဖွဲ့တွေ ရှိပေမယ့် တိုင်ကြားလို့ရတဲ့ နေရာ မရှိဘူးလို့ မြောက်ဒဂုံမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“သူတို့က လာခိုးပြီး ပြန်ရောင်းတော့ သံဈေးပဲ ရတာပေါ့။ ကိုယ့်မှာက ပြန်လုပ်ရတော့ အချိန်ရော ငွေပါကုန်တယ်။ အန္တရာယ်လည်း များတယ်။ သွားတိုင်စရာ နေရာလည်း မရှိဘူး။ ရဲစခန်း ဖုန်းဆက်တိုင်လည်း ဖုန်းကိုင်မယ့်သ ူမရှိဘူး” လို့ ၎င်းကပြောပါတယ်။

အဖွဲ့လိုက် လုယက်မှု ပြန်ပေးဆွဲမှုတွေ ပေါများနေပေမယ့် ဖမ်းဆီးမှုတွေ မရှိလို့ ကျူးလွန်သူတွေ ပိုများလာတယ်လို့ လသာမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“ကားတံခါး လော့မပိတ်ပဲ မီးပွိုင့် မိနေရင် သတိထား၊ တံခါးဖွင့်ပြီး တက်လာကြတာ၊ ရှိသမျှ အကုန်ယူပြီးမှ ထွက်သွားကြတာ။ ဖမ်းမယ့်သူ မရှိတော့ စိတ်ကြိုက် လုပ်နေကြတာ။ နေ့ခင်း ကြောင်တောင်ကြီးမှာလည်း လုနေကြတာပဲ” လို့ ၎င်းကပြောပါတယ်။

ဒါ့အပြင် အငှားယာဉ်မောင်း တွေကိုလည်း ခရီးသည် ဟန်ဆောင်ကာ ပြန်ပေးဆွဲ လုယက်မှုတွေ လုပ်နေတယ်လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

“အသိတစ်ယောက် ကားကို လှိုင်သာယာဘက် ငှားတယ်။ ပြီးတော့ ဖုန်းဆက်ပြီး ငွေလွှဲခိုင်းတယ်။ ၂၅ သိန်း လွှဲပေးလိုက်မှ လူနဲ့ကားကို ပြန်လွှတ်ပေးတာ။ ကားသမားကလည်း ခရီးသည်ကို မယုံ၊ ခရီးသည်ကလည်း ကားသမားကို စိတ်မချ အဲ့လို ဖြစ်နေတာ” လို့ ၎င်းကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ခိုးဆိုးလုယက်သူများကို စစ်ကောင်စီက မဖမ်းပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်သူတွေကိုတော့ အကြောင်း အမျိုးမျိုးနဲ့ နေ့စဉ် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း

📻 မဲခေါင်သတင်းဌာနက သတင်းနဲ့ အစီအစဉ်တွေကို ဖက်ဒရယ် FM မှာ မြန်မာ (ဗမာ) ဘာသာ၊ ရှမ်းဘာသာတွေနဲ့ နားဆင်နိုင်ပါတော့မယ်

မဲခေါင်သတင်းဌာနဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတင်းတွေကို အဓိကထား တင်ဆက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။
နေ့စဥ်သတင်း

တာချီလိတ် တံတား လဝက အကြောင်းအမျိုးမျိုးပြပြီး အပိုငွေတောင်းနေ

မဲခေါင်၊ မတ် ၂၂ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ ပြန်ဖွင့်ပြီးနောက် ဖြတ်သန်းသွားလာသူတွေထဲကနေ တံတား လဝကတွေက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုပြီး အကြောင်းအမျိုးမျိုးပြကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ခရမ်းမှာ အုတ်မြစ်ချစဥ်​ မြေပြိုကျလို့အမျိုးသားနှစ်ဦးဆေးရုံရောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။ ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now