နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

မဲခေါင် 11 Dec - 2022
နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။ ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း ၆ သိန်းပါဝင်) IJF နဲ့အတူ နော်ဝေဂျာနယ်လစ်များသမဂ္ဂ၊ မြန်မာဂျာနယ်လစ်များကွန်ရက် – MJN နဲ့ မြန်မာ အမျိုးသမီးသတင်းထောက်များအသင်း – MWJS တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းသမားတွေကိုဖမ်းဆီးအကျဉ်းချမှု ဒုတိယအဆိုးရွားဆုံးနိုင်ငံဖြစ်နေပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မီဒီယာတိုက်တွေအများအပြား ပိတ်သိမ်းခဲ့ရတဲ့အတွက် သတင်းသမား ပေါင်းရာချီပြီး အလုပ်ပြုတ်ခဲ့ရပါတယ်။ သတင်းအလုပ်ကို ပြည်တွင်းမှာအခြေစိုက်ပြီး ဆက်လုပ်နေကြသူတွေ ရှိသလို

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။

ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း ၆ သိန်းပါဝင်) IJF နဲ့အတူ နော်ဝေဂျာနယ်လစ်များသမဂ္ဂ၊ မြန်မာဂျာနယ်လစ်များကွန်ရက် – MJN နဲ့ မြန်မာ အမျိုးသမီးသတင်းထောက်များအသင်း – MWJS တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းသမားတွေကိုဖမ်းဆီးအကျဉ်းချမှု ဒုတိယအဆိုးရွားဆုံးနိုင်ငံဖြစ်နေပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မီဒီယာတိုက်တွေအများအပြား ပိတ်သိမ်းခဲ့ရတဲ့အတွက် သတင်းသမား ပေါင်းရာချီပြီး အလုပ်ပြုတ်ခဲ့ရပါတယ်။

သတင်းအလုပ်ကို ပြည်တွင်းမှာအခြေစိုက်ပြီး ဆက်လုပ်နေကြသူတွေ ရှိသလို နယ်စပ်ဒေသတွေကို ထွက်ပြေးပြီး လက်နက်ကိုင်တိုက်ပွဲတွေအထိ သတင်းလိုက်ယူရင်း အသက်ဆက်မွေးနေကြရသူတွေလည်း အများအပြားရှိနေခဲ့တယ်။

ဒီလိုအခြေအနေမှာ ပရော်ဖက်ရှင်နယ်အဖြစ် နှစ်ပေါင်းများစွာ သတင်းသမားလုပ်လာသူတွေကို (အထူးသဖြင့် ပြည်တွင်းမှာဆက်လည်ပတ်နေတဲ့ မီဒီယာတိုက်တွေ)၊ ပြည်ပအခြေစိုက်မီဒီယာတိုက်တွေ၊ နိုင်ငံတကာ မီဒီယာ တိုက်ကြီးတွေက ပြည်သူပြည်သားသတင်းသမားလို့ခေါ်ရမယ့် Citizen Journalist တွေကို ပေးတဲ့ သတင်းခ၊ ဓာတ်ပုံခ၊ ဗီဒီယိုခတွေလောက်သာ ပေးနေတဲ့အတွက် ဒီကမ်ပိန်းကို ပြုလုပ်ရတာဖြစ်ကြောင်း IJF ဝက်ဘ်ဆိုက်မှာ Campaign မှတ်တမ်းဗီဒီယိုဖိုင်တွေတင်ပြီး လှုပ်ရှားမှုစတင်တာဖြစ်ပါတယ်။

လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေရဲ့ အသက်မွေး ဝမ်းကြောင်းပြုမှုကို လေးစားဖို့၊ ထိုက်တန်တဲ့ သတင်းခ၊ လစာတွေပေးဖို့နဲ့ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့ အစည်းတွေက ထောက်ပံ့ပေးနိုင်ဖို့ IFJ က တိုက်တွန်းထားပါတယ်။

ဂျာနယ်လစ်တွေဟာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရမှုတွေ၊ တိုက်ပိတ်လို့ အိမ်ချိတ်ပိတ်ခံရမှုတွေကြားမှာ စွန့်စားမှုကြီးစွာနဲ့ ဆက်လက်အလုပ်လုပ်နေရာမှာ နိုင်ငံတကာမီဒီယာတစ်ခုကို သတင်းဓာတ်ပုံတွေ ရောင်း ရာမှာ ဒေါ်လာ ၃၀ သာရတဲ့အပြင် အဲဒီနိုင်ငံတကာမီဒီယာက ပြည်တွင်းမီဒီယာတွေကိုတောင် ပြန်ရောင်းစား ပြီးကျင့်ဝတ်ချိုးဖောက်ကြောင်း၊ တချို့သတင်းနဲ့ဓာတ်ပုံတွေဟာ အသက်စွန့်ယူရတာဖြစ်ပြီး တစ်လမှ သတင်းခအဖြစ် ၂၄ ဒေါ်လာ (ကျပ် ၅၀၀၀)လောက်သာ ပေးတဲ့ မီဒီယာတွေလည်းရှိကြောင်း၊ ဒီကြေးဟာ အလွတ်တန်းပြည်သူပြည်သားဂျာနယ်လစ် Citizen Journalist တွေကို ပေးတဲ့ငွေထက်တောင် နည်းနေ ကြောင်း မှတ်တမ်းဗီဒီယိုထဲမှာ ပရော်ဖက်ရှင်နယ်သတင်းသမားတွေက ဖွင့်ဟမှုတွေလည်းထည့်သွင်းဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဂျာနယ်လစ် အနည်းဆုံးလေးဦး သေဆုံးခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့က အလွတ်တန်းသတင်းထောက် မျိုးစံစိုးကို ဖျာပုံထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မြန်မာသတင်းထောက် သူဇာကို စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း

📻 မဲခေါင်သတင်းဌာနက သတင်းနဲ့ အစီအစဉ်တွေကို ဖက်ဒရယ် FM မှာ မြန်မာ (ဗမာ) ဘာသာ၊ ရှမ်းဘာသာတွေနဲ့ နားဆင်နိုင်ပါတော့မယ်

မဲခေါင်သတင်းဌာနဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတင်းတွေကို အဓိကထား တင်ဆက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။
နေ့စဥ်သတင်း

တာချီလိတ် တံတား လဝက အကြောင်းအမျိုးမျိုးပြပြီး အပိုငွေတောင်းနေ

မဲခေါင်၊ မတ် ၂၂ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ ပြန်ဖွင့်ပြီးနောက် ဖြတ်သန်းသွားလာသူတွေထဲကနေ တံတား လဝကတွေက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုပြီး အကြောင်းအမျိုးမျိုးပြကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ခရမ်းမှာ အုတ်မြစ်ချစဥ်​ မြေပြိုကျလို့အမျိုးသားနှစ်ဦးဆေးရုံရောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

MPT ဖုန်းဘေလ် ခိုးနေတယ်လို့ သုံးစွဲသူတွေ ဝေဖန်

နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့ ဖုန်းအသုံးပြုတဲ့ ပမာဏထက် ငွေပိုမို ဖြတ်တောက်ခံနေရတယ်လို့ ဝန်ဆောင်မှု ရယူနေတဲ့ ပြည်သူတွေက ဝေဖန်နေပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now