နေ့စဥ်သတင်း

MPT ဖုန်းဘေလ် ခိုးနေတယ်လို့ သုံးစွဲသူတွေ ဝေဖန်

မဲခေါင် 10 Dec - 2022
နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့ ဖုန်းအသုံးပြုတဲ့ ပမာဏထက် ငွေပိုမို ဖြတ်တောက်ခံနေရတယ်လို့ ဝန်ဆောင်မှု ရယူနေတဲ့ ပြည်သူတွေက ဝေဖန်နေပါတယ်။ မကြာသေးခင်က နိုင်ငံခြားသား တစ်ဦး အသုံးပြုနေတဲ့ MPT ဆင်းကဒ်ဟာ အသုံးပြုတာထက် ပိုမိုတဲ့ ဖုန်းဘေလ်တွေ ဖြတ်တောက်နေတာ တွေ့ရှိလို့ Call Center ကို ဆက်သွယ် မေးမြန်းပေမယ့်လည်း မချေမငံ့ ပြောဆိုခံခဲ့ရတယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံသား မိတ်ဆွေက ဆိုပါတယ်။ “မြန်မာပြည်ကို ရောက်နေတဲ့ စင်္ကာပူနိုင်ငံသား တစ်ဦး ကိုင်ဆောင်တဲ့ MPT ဆင်းကဒ်ကနေ ဖုန်းဘေလ်တွေ

နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့ ဖုန်းအသုံးပြုတဲ့ ပမာဏထက် ငွေပိုမို ဖြတ်တောက်ခံနေရတယ်လို့ ဝန်ဆောင်မှု ရယူနေတဲ့ ပြည်သူတွေက ဝေဖန်နေပါတယ်။

မကြာသေးခင်က နိုင်ငံခြားသား တစ်ဦး အသုံးပြုနေတဲ့ MPT ဆင်းကဒ်ဟာ အသုံးပြုတာထက် ပိုမိုတဲ့ ဖုန်းဘေလ်တွေ ဖြတ်တောက်နေတာ တွေ့ရှိလို့ Call Center ကို ဆက်သွယ် မေးမြန်းပေမယ့်လည်း မချေမငံ့ ပြောဆိုခံခဲ့ရတယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံသား မိတ်ဆွေက ဆိုပါတယ်။

“မြန်မာပြည်ကို ရောက်နေတဲ့ စင်္ကာပူနိုင်ငံသား တစ်ဦး ကိုင်ဆောင်တဲ့ MPT ဆင်းကဒ်ကနေ ဖုန်းဘေလ်တွေ ခိုးဖြတ်နေလို့ ကွန်ပလိန်းတက်ဖို့ ပြောလာတော့ ဘာမှ သွားပြောမနေနဲ့၊ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ စင်္ကာပူ နိုင်ငံသားကလည်း ဖုန်းဘေလ်က တစ်မိနစ်ကို ဘယ်လောက်ကျလဲ သူသိတယ်။ သူ့အလုပ်ကိုက စာရင်းစစ် ဖြစ်နေတော့ လက်ကျန်ငွေပြတဲ့ နံပါတ်တွေကို သတိထားမိတာလို့ ပြောတယ်။ သေချာအောင်စစ်ဖို့ အခြားဖုန်းတွေကို စမ်းခေါ်လိုက်တဲ့ အခါမှာ ခိုးဖြတ်နေတာကို တန်းမိတာပဲ” လို့ စင်္ကာပူ နိုင်ငံသားရဲ့ မြန်မာ မိတ်ဆွေက သူရဲ့ လှုမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ် အပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းများနဲ့ ငွေတိုက်ရိုက် ထည့်သွင်း အသုံးပြုရတဲ့ ဆက်သွယ်ရေးကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းတွေဟာ စစ်ကောင်စီ ထုတ်ပြန်တဲ့ ဥပဒေ မူဝါဒတွေကို အကြောင်းပြပြီး ပြည်သူတွေ အပေါ်က နည်းမျိုစုံနဲ့ အမြတ်ထုတ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာပါ။

“တစ်ခါတလေ ငွေဖြည့်လိုက်ရင် မချေးထားပဲနဲ့ ချေးထားတယ်ဆိုပြီး ဖြတ်သွားတယ်။ နောက်တစ်ခါ ထပ်ဖြည့်တော့ ဝန်ဆောင်ခဆိုပြီး အတိုး ထပ်ဖြတ်တယ်။ ဒါက သက်သက်မဲ့ ဥပဒေမဲ့ ပြုမူနေတာ။ အခုခေတ်က အရင်လို မဟုတ်ဘူး၊ မတရားမှန်း သိလည်း ခံနေရတာပါပဲ။ တစ်ခါတလေ မက်စစ်တွေပို့လို့ ဝင်ကြည့်ပါဆိုလို့ ဝင်ကြည့်တယ်၊ သူတို့ အစီစဉ်တွေကို ယူမယ်မယူဘူး ဆိုတာတောင် မေးဖော် မရတော့ဘူး။ တစ်ခါတည်း ငွေကို တန်းဖြတ်တာပဲ။ တကယ့် ခေတ်ပျက်ကြီးထဲ လုပ်စားနေတဲ့ သဘောပါ” လို့ MPT ဝန်ဆောင်မှု အသုံးပြုသူ တစ်ဦးက ပြောပါတယ်။

အခုလို ဖုန်းဘေ ပိုမို ဖြတ်တောက်နေတာနဲ့ ပတ်သက်ပြီး MPT Call Center ကို မဲခေါင်သတင်းဌာနက မေးမြန်းရာမှာ ဖုန်းလက်ခံ ပြောဆိုပေမယ့် မေးမြန်းတဲ့ မေးခွန်းတွေကိုတော့ ဖြေကြားမှု မပြုနိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံပိုင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ဂျပန် အခြေစိုက် KDDI-Sumitomo ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေတဲ့ MPT ရဲ့ 3G ဖုန်းကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ ၉၆ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး သုံးစွဲသူ သန်း ၂၀ အတွက် ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှု ပေးနေတယ်လို့ MPT ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း

📻 မဲခေါင်သတင်းဌာနက သတင်းနဲ့ အစီအစဉ်တွေကို ဖက်ဒရယ် FM မှာ မြန်မာ (ဗမာ) ဘာသာ၊ ရှမ်းဘာသာတွေနဲ့ နားဆင်နိုင်ပါတော့မယ်

မဲခေါင်သတင်းဌာနဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတင်းတွေကို အဓိကထား တင်ဆက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။
နေ့စဥ်သတင်း

တာချီလိတ် တံတား လဝက အကြောင်းအမျိုးမျိုးပြပြီး အပိုငွေတောင်းနေ

မဲခေါင်၊ မတ် ၂၂ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ ပြန်ဖွင့်ပြီးနောက် ဖြတ်သန်းသွားလာသူတွေထဲကနေ တံတား လဝကတွေက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုပြီး အကြောင်းအမျိုးမျိုးပြကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ခရမ်းမှာ အုတ်မြစ်ချစဥ်​ မြေပြိုကျလို့အမျိုးသားနှစ်ဦးဆေးရုံရောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။ ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now