စစ်ရေးသတင်း

စစ်အာဏာရှင် အမြစ်ပြတ်ရေး ဒီကနေ့ စစ်ဆင်ရေးကြီး စတင်လိုက်ပြီလို့ ကိုးကန့်အဖွဲ့ MNDAA ကြေညာ

မဲခေါင် 27 Oct - 2023
စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း တိုက်ထုတ်ရန်အတွက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှ စပြီး စစ်ဆင်ရေးကြီး စတင်လိုက်တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA က ကြေညာလိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း တိုက်ထုတ်ရန်အတွက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှ စပြီး စစ်ဆင်ရေးကြီး စတင်လိုက်တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA က ကြေညာလိုက်ပါတယ်။

တစ်နိုင်ငံလုံးရှိ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ထုတ်ရန်၊ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရန်မှ ကာကွယ်ရန်၊ စစ်ကောင်စီမှ စစ်အင်အား အလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်မှု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု လက်နက်ကြီးနဲ့ နေ့ညမရွေး ပစ်ခတ်မှုတွေကို ဟန့်တားရန် ထိုးစစ်စတင်တာလို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အား ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး စတဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာစေရန်၊ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး အတူတကွ တည်ထောင်ရန် နဲ့ အွန်လိုင်းဂိမ်း ကျားဖြန့်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် တွေကို တိုက်ဖျက် နှိမ်နှင်းရန်စတဲ့ ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေးကြီးကို ဒီကနေ့မှာ စတင်လိုက်ပြီလို့ MNDAA ကပြောပါတယ်။

အဲ့ဒီကြေညာချက်နဲ့အတူ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေရဲ့ စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နေပြီဖြစ်ပြီး ဒီနေ့မနက်က လားရှိုး၊ ချင်းရွှေဟော်တို့မှာ စစ်ပွဲပြင်းထန်နေတယ်လို့ MNDAAက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော် ငြိမ်းချမ်းရေး နဲ့ ပင်လုံစာချုပ်ကို လျစ်လျူရှုခဲ့တဲ့အပြင် ပဋိပက္ခတွေကို ဖန်တီးခဲ့ပြီး တစ်နိုင်ငံလုံးကို ပြည်တွင်းစစ်ဖြစ်ပေါ်စေခဲ့တယ်လို့ MNDAA ကဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာထပ်မံ သိမ်းလိုက်တာဟာ ဒီမိုကရေစီလမ်းစဉ်ကို ကူးပြောင်း နေတဲ့ နိုင်ငံတော်အား ဒုက္ခပင်လယ်နက်ထဲသို့ ထပ်မံတွန်းပို့လိုက်တာ ဖြစ်တယ်လို့ MNDAAက ဆိုပါတယ်။

စစ်ကောင်စီဟာ လူငယ် လူရွယ် ကျောင်းသား အမျိုးသမီးတဲ့ အလွှာပေါင်းစုံမှ ပြည်သူလူထုတွေကို မတရား သတ်ဖြတ်တဲ့အပြင် ကျေးရွာ စာသင်ကျောင်း သာသနိက အဆောက်အဦးတို့ကိုပါ ဗုံးကြဲ တိုက်ခိုက် မီးရှို့ဖျက်ဆီးတာကြောင့် နိုင်ငံတော်ဟာ ဘက်ပေါင်းစုံမှာ ယိုယွင်းပျက်စီးနေတယ်လို့ ကိုးကန့်အဖွဲ့က ပြောပါတယ်။

အဲ့ဒီလို အခြေအနေတွေဟာ မြန်မာပြည်သူ တစ်ရပ်လုံးကို လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းထဲကို တွန်းပို့ခဲ့တာဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေးကသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မယ်လို့ MNDAA ကဆိုပါတယ်။

ဒါကြောင့် MNDAA မှ စစ်ဆင်ရေးကို ဖော်ဆောင်နေရာမှာ တစ်နိုင်ငံလုံးရှိ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ အချင်းချင်းကြား သဘောထားကွဲလွဲမှုကို ဘေးဖယ်ထားပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ကို ဟန်ချက်ညီညီ အတူတကွ တိုက်ဖျက်ကြဖို့ မျှော်လင့်တယ်လို့ MNDAA ကပြောပါတယ်။

MNDAA အနေနဲ့ စည်းရုံးရသမျှ အင်အားစု အားလုံးကို စည်းလုံးရန် ဖြစ်တဲ့အတွက် လက်နက်ချပြီး အလင်းဝင် ပူးပေါင်လာသူမှန်သမျှကို သဘောထားကြီးကြီးနဲ့ လက်ခံကြိုဆိုမှာဖြစ်ပြီး စစ်ကောင်စီကို နောက်ခံပြုပြီး တော်လှန်ရေးကို ဆက်လက် ဆန့်ကျင်နေသူတွေကိုတော့ ပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ ဟန်ချက်ညီညီ တော်လှန်ရေးတစ်ရပ်ကို မိမိတို့ရဲ့ဒေသအလိုက် ဆင်နွဲနိုင်ရင် စစ်အာဏာရှင်စနစ်ကို မုချသေချာပေါက် အမြစ်ပြုတ် ချေမှုန်းနိုင်မှာ ဖြစ်တယ်လို့ MNDAAကဆိုပါတယ်။

ဒါကြောင့် မဟာမိတ်တပ်ပေါင်းစု တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ရှိသမျှအင်အားကို တပြိုင်နက်တည်း အသုံးပြုနိုင်ပါက စစ်ရေး နိုင်ငံရေး ရည်မှန်းချက်အသီးသီးကို ကျန်းသေပေါက် အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့ MNDAA ကပြောပါတယ်။
ရှမ်းမြောက်မှာ ဒီနေ့မနက်မှစပြီး စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေကို MNDAA ၊ TNLAA၊ AA နဲ့ BPLA မဟာမိတ်အဖွဲ့က တစ်ပြိုင်နက် ထိုးစစ်ဆင်နေပြီဖြစ်ပြီး စစ်ကောင်စီရဲ့ စခန်းတွေ ကျတာတွေလည်း ရှိနေပါတယ်။

CJ-002

#MekongNews

#ကိုးကန့်ဒေသ

#MNDAA

#ထိုးစစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now